Ellie Online Shop
24/09/2022
Silver Crest Electric Rice Cooker (5L)
45000 ks
Ph - 09972815540
🍚🍚 ဒီ Electric ထမင်းပေါင်းအိုးလေးက ထမင်း ၁ မျိုးတည်းချက်လို့ရတာ မဟုတ်ဘဲ Multifunctional ဖြစ်ပြီး ဘက်စုံ အသုံးပြုလို့ရတဲ့ ပေါင်းအိုးလေးပါ
1. Rice ထမင်းချက်ခြင်း
2. Cooking ဟင်းချက်ခြင်း
3. Meat အသားပေါင်းခြင်း
4. Fried ကြော်ခြင်း
5. Soup ဟင်းချိုပြုတ်ခြင်း
6. Porridge ဆန်ပြုတ်လုပ်ခြင်း
7. Cake ကိတ်ဖုတ်ခြင်းစတာတွေ လုပ်လို့ရတဲ့အပြင်
⏳⏳Timer အတိုးအလျှော့ ပါလို့ ကိုယ်လိုချင်တဲ့ အချိန်ကို ချိန်ပြီး တခြားအလုပ်လုပ်လို့ရသေးတယ်နော်
ဒါတင်မကဘဲ Keep warm အနွေးခံတာ တွေကိုပါလုပ်လို့ရသေးတယ်ရှင့်
🐳🐳ကိုယ်တိုင်သုံးတာဖြစ်ဖြစ် ... အိမ်သစ်တက် လက်ဆောင်ပေးပေး ... မင်္ဂလာဆောင် လက်ဖွဲ့ဖွဲ့ အဆင်ပြေပြီး မျက်နှာပန်းလှတယ်နော်
07/07/2022
ဇတ်ကြောနှိပ်စက် 15000 KS
PH - 09972815540
New Digital နောက်ဆုံးmodelဇက်ကျီးပေါင်းအနှိပ်စက်
စျေးကွက်ထဲကအတန်ဆုံးနှင့်အကောင်းဆုံး
ကျီးပေါင်းရောဂါ သက်သာသွားပြီတဲ့
ခုဆို ဇက်ကြောတောင်မတက်ကြာပြီဆိုတဲ့
အသုံးပြုသူCustomersFeed back ကောင်းတွေ
ပိုင်ဆိုင်ထားတဲ့ Quality မြင့်Digital ဇက်ကျီးပေါင်းအနှိပ်စက်လေးပါ။
တနေကုန် အလုပ်ထိုင်လုပ်နေရလွန်းလို့ဘဲဖြစ်ဖြစ်
ပင်ကိုယ်ဇက်ကြောအရမ်းတက်တတ်သူတွေဘဲဖြစ်ဖြစ်
အသက်ရွယ်ကြီးလာလို့ အရိုးအကြောတွေမကောင်းကာ
ကျီးပေါင်းရောဂါကို စတင်ခံစားလာရလို့ဘဲဖြစ်ဖြစ်
ဇက်ကြောတွေတက်ကာ ကျီးပေါင်းရောဂါခံစားနေရသူများတွက်သက်သာပျောက်ကင်းစေမှာပါ။
ကွန်ပျူတာနဲ့ ခွာမရ အောင်
အလုပ်လုပ်နေရတဲ့ ရုံးသမားတွေ....
အချိန်ပြည့်ဖုန်းသုံးသူတွေ....
အထိုင်များပြီး ဇက်ကြော မကြာခဏတက်နေလို့
ဆေးသောက်နေရသူတွေ....
ဇက်ကြောတက်လှပါချည်ရဲ့ဆိုပြီး
ညီးတွားနေစရာမလိုတော့ပါဘူး။
Digital ကျီးပေါင်းအနှိပ်စက်လေးကို သုံးကြည့်
ခံစားနေရတဲ့ ဇက်ကြောတတ်ခြင်းတွေ
ယူပစ်သလို ပျောက်ကင်းသက်သာစေပါတယ်။
ရုံးသွားရင်း ခရီးသွားလာရင်း
လွယ်ကူစွာ သယ်ဆောင်သွားနိုင်ပါတယ်။
Step- 1-2-3- ပါရှိပြီး
ပြင်းအားအတိုးအလျော့ ကိုယ်ခံနိုင်ရှိသလို
ချိန်ဆ အသုံးပြုနိုင်တာကြောင့်
ခပ်ပြင်းပြင်းလေးနှိပ်နယ်ပေးတာကြိုက်သူတွေ
ခပ်ပျော့ပျော့နှိပ်နယ်ပေးတာကြိုက်သူတွေ
အားလုံးတွက်အဆင်ပြေပါသည်။
Crd
06/06/2022
Newborn လေးကနေ ၁၃ နှစ် လောက်ထိ
သုံးလို့ရတဲ့ manual သွေးပေါင်ချိန်စက်လေး
တွေ လိုချင်မှာလို့ရပါပီ
F ရော C ရော ပြောင်းလို့ရတဲ့ သာမိုမီတာ
လိုချင်လဲ မှာလို့ရနေပါပီ 🥰🥰🥰
ကလေးသွေးပေါင်ချိန်စက် - 17500 ks
သာမိုမီတာ - 3500 Ks
Ph - 09972815540
22/05/2022
#မျောက်ကျောက်ရောဂါ
အဓိကအချက်များ
• မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတာပါ။
• အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ အပူပိုင်းမိုးသစ်တောများမှာ အစပထမ တွေ့ရှိခဲ့တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။
• မျောက်ကျောက်ရောဂါဟာ ဖျားခြင်း၊ အနီစက်များထွက်ခြင်းနှင့် ပြန်ရည်အိတ်များ(lymph nodes) များရောင်ရမ်းခြင်း စသည်တို့ တွေ့ရှိရပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်ပါတယ်။
• မျောက်ကျောက်ရောဂါလက္ခဏာများဟာ (၂) ပတ်မှ (၄) ပတ်အထိ ကြာမြင့်နိုင်သည့် ရောဂါတစ်မျိုးဖြစ်ပါတယ်။ သေဆုံးနှုန်းဟာ (၃) ရာခိုင်နှုန်းမှ (၆) ရာခိုင်နှုန်းအထိ ဖြစ်ပါတယ်။
• ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် တိရစ္ဆာန်/ ကူးစက်ခံထားရသူနှင့် ထိတွေ့ခြင်း၊ ဗိုင်းရပ်စ်ရှိနေသော အရာဝတ္ထုပစ္စည်းများကို ထိတွေ့ကိုင်တွယ်မိခြင်း တို့မှတဆင့် လူကို ကူးစက်နိုင်ပါတယ်။
• မျောက်ကျောက်ရောဂါဟာ ရောဂါပိုးရှိသူ၏ အနာပြည်၊ အရည်ကြည်များမှတဆင့် သို့မဟုတ် ရောဂါပိုးရှိသူအသုံးပြုထားသည့် အိပ်ရာခင်းကဲ့သို့ ပစ္စည်းများမှတဆင့် ကူးစက်နိုင်ပါတယ်။
• (၁၉၈၀) ခန့်က ကမ္ဘာတစ်ဝန်းမှာ လုံးဝအမြစ်ပြတ် ရှင်းလင်းသွားပြီဖြစ်သည့် orthopox virus နှင့် ဆက်စပ်နေသည့် ရောဂါတစ်မျိုး ဖြစ်ပါတယ်။
• ထိုရောဂါကို အမြစ်ဖျက်ချေမှုန်းရာတွင် အသုံးပြုထားသည့် ကာကွယ်ဆေးများဟာ မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်ပါတယ်။
မျောက်ကျောက်ရောဂါ အတွက် ကာကွယ်ဆေးအသစ်များလည်း လုပ်ဆောင်နေကြပါတယ်။
• မျောက်ကျောက်ရောဂါကုသမှုများလည်း တရားဝင်ခွင့်ပြုချက် ရရှိပြီးသား ဖြစ်ပါတယ်။
#မျောက်ကျောက်ရောဂါပေါ်ပေါက်ခြင်း_ဖြစ်ပွားခြင်း
မျောက်ကျောက်ရောဂါဟာ (၁၉၇၀) ခန့်က ကွန်ဂိုနိုင်ငံမှာ အသက် (၉) နှစ်အရွယ်ကလေးငယ်လေးမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်ကတည်းက ကျေးလက်ဒေသများ၊ ကွန်ဂိုမိုးသစ်တောဒေသများနှင့် အာဖရိကအနောက်နှင့်အလယ်ပိုင်းဒေသများမှာ တဖြည်းဖြည်း တွေ့ရှိလာတာ ဖြစ်ပါတယ်။
(၂၀၁၇) ခုနှစ်မှာ နိုင်ဂျီးရီးယားမှာ ကူးစက်မှုသံသယရှိသူ (၅၀၀) ကျော်နှင့် ကူးစက်ခံရသူ (၂၀၀) ကျော် ရှိခဲ့ပါတယ်။ ယနေ့အချိန်အထိ သေဆုံးနှုန်း (၃) ရာခိုင်နှုန်း ရှိပါတယ်။
မျောက်ကျောက်ရောဂါဟာ (၂၀၁၈) ခုနှစ်မှာ နိုင်ဂျီးရီးယားခရီးသွားများမှ အစ္စရေးကို ကူးစက်ခဲ့ပြီး၊ အင်္ဂလန်နိုင်ငံမှာလည်း ကူးစက်မှုများ ကြုံတွေ့ခဲ့ရပါတယ်။ (၂၀၁၉) ဒီဇင်ဘာ၊ (၂၀၂၁) မေနှင့် (၂၀၂၂) မေလတို့တွင် အင်္ဂလန်မှာ ကူးစက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး (၂၀၁၉) ခုနှစ် မေလတွင် စင်္ကာပူနိုင်ငံမှာပါ ကူးစက်မှုများ တွေ့လာရပါတယ်။ (၂၀၂၁) ဇူလိုင်နှင့် နိုဝင်ဘာလတွင် အမေရိကတွင် ကူးစက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ (၂၀၂၂) မေလမှာတော့ မျောက်ကျောက်ရောဂါကို အခြားနိုင်ငံအများအပြားမှာပါ တွေ့ရှိလာရပါတယ်။ လက်ရှိမှာတော့ ရောဂါပိုးအရင်းအမြစ်နှင့် ကူးစက်မှုပုံစံများကို နားလည်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။
#ရောဂါကူးစက်ပြန့်ပွားခြင်း
ရောဂါပိုးရှိသည့် တိရိစ္ဆာန်များမှတဆင့် ကူးစက်နိုင်ပါတယ်။ အာဖရိကမှာတော့ ရှဉ့်၊ ကြွက်၊ မျောက်နှင့် အခြားသော တိရိစ္ဆာန်များမှာ မျောက်ကျောက်ရောဂါကို တွေ့ရှိရပါတယ်။ ကြွက်တွေဟာ ရောဂါပိုးသယ်ဆောင်သူဖြစ်နိုင်ချေအများဆုံးဖြစ်သော်လည်း အတည်မပြုရသေးပါဘူး။
မကျက်တကျက် ချက်ပြုတ်ထားသည့် အသားနှင့် အခြားသော ပိုးရှိသည့်
တိရိစ္ဆာန်များမှ ထုတ်လုပ်ထားသည့် ထုတ်ကုန်များကို စားသုံးသုံးစွဲမိခြင်းမှလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းက ကူးစက်မှုများနိုင်သော်လည်း လိင်မှတဆင့် ကူးစက်မှုရှိမရှိကိုတော့ မသိရသေးပါဘူး။
Click here to claim your Sponsored Listing.