Sayar Ethan - SME Business Solution
18/08/2025
ကိုယ်ရဲ့ Director ကိုမင်းဟန်ထွန်းရဲ့ “ကိုဘုန်း Course Outline လေးသေချာဆွဲပြီး သင်ကြည့်ပါ လိုတာတွေ ထပ်ပြင်ကြတာပေါ့” အားပေးတာတွေရော ဆရာ ကိုယ်တိုင်လည်း ကူပြီးဝိုင်းအားဖြည့်သင်ပေးတာရောနဲ့ Matrix College မှာ Present Like a Pro ဆိုတဲ့ course လေး စသင်ဖြစ်တယ်။ ပထမဆုံး စာသင်ရတဲ့ Experience ဆိုတော့ စိတ်တော့ ပူမိတယ် အလုပ်မှာ ဝန်ထမ်းတွေ ကို Training ပေး နေကြဆိုပေမယ့် စာသင်တဲ့ Experience က မတူဘူးဆိုတာ နားလည်တယ်။ အခုလို support တွေ အများကြီးပေးပြီး ဖြစ်အောင် တွန်းပို့ပေးတဲ့ ကိုယ်ရဲ့ Director ကိုမင်း နဲ့ MD မစိုပြေကိုလည်း အရမ်းကျေးဇူးတင်တယ်။ ဒီနေ့အထိ သင်ခန်းစာတွေကို ကြိုးစားပြီး နေ့ဆက်ရက်ဆက် မပြတ် အတန်းတက်နေတဲ့ သင်တန်းသူ သင်တန်းသားတွေ ကိုလည်း အရမ်းကျေးဇူးတင်တယ်။
ဒီတစ်ခေါက်မှာ လိုအပ်ချက်လေးတွေရှိတာ ကြိုးစားပြုပြင်ပြီး နောက် ထပ်ဖွင့်မယ် အတန်းတွေမှာ ပိုကောင်းအောင် ကြိုးစားသွားပါမယ်။
08/07/2025
သင်တန်းလေးဖွင့်ပါမယ်။ powerpoint ကို တကယ့် business level presentation တစ်ခု လို ပြင်ဆင်ချင်တဲ့ သူတိုင်း တက်သင့်ပါတယ်!