heinzaw_win

heinzaw_win

Share

12/07/2022

ဝါဆိုလပြည့်
ဓမ္မစကြာ အခါတော်နေ့ အကြောင်းသိကောင်းစရာ။

🙏🙏🙏🙏🙏

ဝါဆို လပြည့်နေ့ကို
ဓမ္မစကြာ အခါတော်နေ့
အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ

ထိုနေ့၌
ဓမ္မစကြာတရားတော်ကို
မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည်
အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌
မဟာသက္ကရာဇ် ၁၀၃-ခုနှစ်
ဝါဆိုလပြည့်နေ့ နေ၀င် , လထွက် အချိန်၌
ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို
၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်

#ဓမ္မစကြာ_တရားတော်သည်

ဝိနည်းမဟာဝါပါဠိတော်၌
ပဉ္စ၀ဂ္ဂိယကထာ-အမည်ဖြင့် လာရှိပါသည်

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌
ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်

မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌
ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်

ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ
တရားတည်းဟူသော အသိစက္ကို ဖြစ်စေ
လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်

#ဓမ္မစက္က = တရားတော်။
#ပ၀တ္တ = ဖြစ်စေ၊ လည်စေခြင်း

ဓမ္မစကြာတရားတော်သည်
သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော
ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
( အစွန်း ၂-ခု ) ကို ရှောင်ကြဉ်ရေး
မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို
ညွှန်ကြားထားပြီး
သစ္စာလေးပါးတရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သေဘာတရားကို တွေ့မြင်နိုင်ပါသည်

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍
ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူတို့က
ဓမ္မစကြာ တရားတော်ကို အထူးပင်အာရုံစိုက်၍
ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်

အမြို့မြို့ အရွာရွာ၌
ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး
ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်

>>

#ဝါဆိုလပြည့်နေ့၏_ထူးခြားချက်များ

မြန်မာ့ရိုးရာ ၁၂ - လ ရှိသည့်အနက်
ဝါဆို လပြည့်နေ့သည်

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း

၂။ ဂေါတမ ဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၅။ ဘုရားအဖြစ် ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း

၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း

၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း

၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း

အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့်
ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့က
ဤဝါဆိုလပြည့်နေ့၌
ကျောင်းကန်ဘုရားသို့ သွားရောက်၍
ဝါဆိုပန်းများ ကပ်လှူခြင်း၊
ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊
ဓမ္မစကြာ တရားတော်များကို
ရွတ်ဖတ်သရဇ္ဈာယ်ခြင်း အားဖြင့်
#ဝါဆိုလပြည့်_ဓမ္မစကြာ_အခါတော်နေ့ - ကို
ဆင်နွှဲ ပြုလုပ်ကြပါသည်

🙏🙏🙏🙏🙏

#‌လေးစားစွာဖြင့်

🌹🌹🌹🌹🌹🌹🌹

Photos from F & B Knowledge's post 22/04/2022
Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon