Learn French with Us

Learn French with Us

Share

07/07/2026

Bonjour à tous 🇫🇷

Basic Class ( batch-47 ) ( section-B ) လာပါပြီနော်။ စောင့်နေကြသူများ၊ ယုံယုံကြည်ကြည်နဲ့ recommend ပေးကြသူများတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ပါတယ် 🥹❤️

Basic Class ( A1.0 ) ( batch-47 ) ( section-B ) အတွက် စာရင်းပေးထားသူ 6 ယောက် ရှိထားပါပြီ။ Learn French with Us က A1.0 အတန်းဆိုတာ အသံထွက်ကို အဓိကထား သင်တဲ့ အတန်းဖြစ်ပြီး အဲ့ဒီ basic အတန်း ပြီးရင်တော့ ကိုယ့်အကြောင်း ကိုယ် ပြောတတ်လာပါမယ်။ အခြေခံလုံးဝမရှိသေးသော သူများအတွက် ဖြစ်ပါတယ်။

Online class မလို့ ထိရောက်ပါ့မလားဆိုပြီး စိတ်ပူနေသူများအတွက် admin တို့က လူဦးရေကန့်သတ်ထားပြီး Zoom ကနေ face to face သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

Review ဖတ်ချင်သူများအတွက် 👇

https://www.facebook.com/share/1EpVJBPhZs/?mibextid=wwXIfr

LFwU က ကျောင်းသားကျောင်းသူပြောလို့ သိတာပါဆိုပြီး ညွှန်းပေးတဲ့သူရဲ့ နာမည်နဲ့ အပ်ရင် သင်တန်းကြေး 5000 mmk off ရမယ်နော် 🍀

သင်တန်းကိုတော့ July 18 ရက်နေ့ စတင်မှာဖြစ်ပြီး သင်တန်းကြေးကတော့ 50000 ကျပ်ဖြစ်ပါတယ်။
တစ်လတာကြာမြင့်မှာဖြစ်ပြီး သင်တန်းပြီးဆုံးချိန်၌ test ဖြေရပါမယ်။
သင်တန်းကို တစ်လတာလုံး ပြီးဆုံးသည့်အထိ တက်နိုင်သူသာလျှင် စာရင်းပေးပါရန်။ ငွေလွှဲဝင်မှသာ confirm ဖြစ်ပါမယ်။ စာရင်းတွေ လာပေးပြီး ရက်နီးတဲ့အခါ အကြောင်းမလာကြတော့ တကယ်တက်ချင်တဲ့သူတွေကို လက်မခံလိုက်ရတာတွေ ရှိလို့ပါနော် 😔

Date & Time
Sat&Sun : 6h00 to 7h00 pm ( Myanmar Time )

တက်ရောက်လိုသူများ chat box မှာ အပ်လို့ရပါပြီ

A1/A2/B1/B2 အတန်းများလည်း placement test ဖြေပြီး အပ်လို့ရပါတယ်။
One on one အတန်းများကိုလည်း တက်ရောက်လိုပါက တစ်လကြို စာရင်းပေးနိုင်ပါတယ်။ TEF IRN / TEF Canada / TEF Montréal / B1/B2 က လူပြည့်သွားပါပြီ 🇫🇷

Merci et à bientôt 💋

Photos from Learn French with Us's post 30/06/2026

Bonjour à tous 🇫🇷
Learn French with Us က အတန်းများကို အမြဲယုံကြညါစိတ်ချစွာ တက်ရောက်နေကြပြီး recommend ပေးနေသူများ တစ်ယောက်ချင်းစီကို ကျေးဇူး တင်ပါတယ်။

အတန်းတွေကို တတ်နိုင်သလောက် level စုံအောင် ဖွင့်ပေးနေပေမဲ့ ကလေးတွေအတွက် သီးသန့်သင်ပေးတဲ့ အတန်းတော့ မရှိသေးပါဘူးနော်။

ကလေးတွေကို သင်တဲ့အတွေ့အကြုံ အများကြီး မရှိဖူးသလို Learn French with Us က ဆရာမတွေကို formation တွေပေးဖို့လည်း သူတို့မှာ တစ်ပတ်လေးဆယ်နာရီလောက် စာသင်နေကြတာမလို့ ဒီနှစ်ထဲမှာ ကလေးသီးသန့်သင်တဲ့ အတန်းတွေ မရှိနိုင်သေးပါဘူးရှင့်။

တစ်ချို့မိဘတွေ ဒီနှစ်ထဲမှာပဲ သုံးကြိမ်လောက် လာမေးထားတာတွေရှိလို့ အားလည်း နာရသလို ကျေးဇူးလည်း အများကြီး တင်ပါတယ်။

သားသားမီးမီးတွေအတွက် အကောင်းဆုံးဖြစ်မယ့် သင်တန်းကို အမြန်ဆုံး ရှာတွေ့ကြပါစေနော် 🤲🏻🙏🏻🥰

Merci beaucoup 🇫🇷 🇨🇦

28/06/2026

Basic အတန်းတွေပြီးလို့ ပြင်သစ်စာက difficile ou facile လို့ မေးရင် 12 ယောက်မှာ 11 ယောက်က difficile ဆိုတာကြီးပဲ 🥹
Ça va သိရင် ပြင်သစ်လို conversation ကောင်းကောင်း လုပ်လို့နေရပြီ 😂🇫🇷🇨🇦

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Taungnyut
Yangon