Burmese Pageant Industry

Burmese Pageant Industry

Share

20/12/2025

Personally အရတော့ တအားတော့ ကြိုက်မနေဘူး ......

But အချောအလှတွေကြားထဲကနေ Top 5 ထိ ဝင်ပြသွားတာက သူမရဲ့ Turning point ပဲ။ နည်းတဲ့အရည်အချင်းမဟုတ်ဘူး။ Final မှာလည်း Make up , Hair ,Dress တွေ အဆင်ပြေတယ်။ ရုပ်ကလည်း တအားမလှပေမယ့် crown ပေးလို့ရတယ် ......

Well deserved ပဲ ဒီနှစ်ကတော့။ Top 20 မှာ Peru,India, Greece ကျန်ခဲ့တာတော့ လုံးဝမဖြစ်သင့်ဘူးလို့ ထင်တယ် ......

ကိုယ်က ဖားဖန်ဆိုတော့ Runner up result ကို တအားကျေနပ်တယ်။ Chelsea ကို ဒီလောက် Great speaker ဖြစ်နေမှန်း ကိုယ့်မှာ မသိခဲ့ဘူး။ လောဘကြီးပြီး အမှားလုပ်ထားတာတွေ ရှိတော့ ဒီ result က ထိုက်တန်ပါတယ်။ Chelsea က Catriona 2.0 version လို့ကို ချီးကျူးရမယ်။ ကိုယ့်အချစ်တော် Ahtisa ကိုတောင် အဲ့လို မချီးကျူးဖူးဘူး။ တကယ်ကို တော်တာ 🥰🥰

ဘာပြောပြော ကိုယ့်အားပေးတဲ့ ဖိလစ်ပင်းဟာ 2025 ရဲ့ ပွဲသိမ်း Cosmo 2025 မှာ Last two standing ထိ ရောက်ခဲ့ပြီး ဒီနှစ်ရဲ့ အအောင်မြင်ဆုံး နိုင်ငံဆိုတဲ့ သရဖူကို ဆောင်းနိုင်ခဲ့ပါပြီ 🥰

MU 3rd runner up
MW Top 8
MI 4th runner up
ME Top 8
MS 3rd runner up
MGI winner
MC Runner up 🥰 အားရလိုက်တာ ရေးနေရင်းနဲ့။

2025 Miss Myanmar တွေထဲမှာလည်း ဒီနှစ်အတွက် အကြိုက်ဆုံးက M 3 ဖြစ်သွားခဲ့တယ်။ တည်ငြိမ်တယ်၊နေတတ်ထိုင်တတ်တယ် အဲ့ဒါတွေနဲ့တင် ကြိုက်နေမိပြီ။ Facial Beauty ပိုင်းတော့ သိပ်မကြိုက်ပေမယ့် Body,Catwalk,Stage presentation တွေက မြန်မာမယ်တွေထဲ အကြိုက်ဆုံးပဲ 🥰

20/10/2025

Long Time No Upload ကာလကြီးမှာ ကိုယ့်အချစ် တော် ဖားတွေက Crown တွေသိမ်းနေကြတာ ဝမ်းသာစရာပါ .....

ဒီနှစ်အတွင်းမှာ ပြိုင်သမျှ ဖားကိုယ်စားပြုတွေ Runner up တွေအထိကို အောင်မြင်နေကြတယ်။ Crown တွေလည်း ရကြတယ်။ ကျန်တဲ့ပွဲတွေမှာလည်း အခြေအနေကောင်းကြအုန်းမယ့် သူတွေချည်းပဲမို့ စိတ်ချမ်းသာရတယ် .....

ဒီလို အောင်မြင်မှုမျိုးက ဖိလစ်ပင်းတွေအတွက် ၄/၅ နှစ် ဖုတ်ပူမီးတိုက် ကြိုးစားခဲ့ကြရတာမဟုတ်ပဲ ဆယ်စုနှစ် နှစ်စုသုံးစုအထိကို ကြိုးစားကြရတာ။နောက် ဖားအလှမယ်တွေ၊အလှမောင်တွေသာမက Org တွေ ND တွေရဲ့ သည်းခံမှု၊အလှမယ်လောကအပေါ် သစ္စာရှိပြီး လာဘ်စားမှုကင်းခြင်းတွေကြောင့်လည်း ပါတယ် .....

Emma ဟာ Wonder 7 ကို Official ပြည့်စေခဲ့တဲ့ အလှမယ်ပါ။ ဖားတွေကို တမင် မပေးပဲ အချိန်တွေ ဆွဲထားခံရတယ်။ နဝပ်မ အနွံတာကို ဖားတွေထက် ခံခဲ့ရတဲ့သူ မရှိဘူးနော်။ MGI စဖြစ်ဖို့ဆိုတာ BBP Stella တို့ကကျောရိုးတွေပဲ။ BBP တွေ Org ဆီမှာ Main Winner ကို MGI မပို့လို့ ပြသနာတွေဖြစ်ခဲ့တာ နှစ်တိုင်းလိုလိုပဲ။ အဲ့ပြသနာတွေကြားထဲကို ဖား ND တွေက မဟာဗျူဟာကျကျ နေထိုင်ခဲ့ကြတာ။ အရင်က ကိုယ်တွေ မြန်မာတို့ ၊ထိုင်း၊အင်ဒို၊ဗီယက်နမ်တွေက နဝပ်နဲ့ ပနံသင့်နေတော့ ‌ဖားတွေကိုပဲ အပြစ်ဝိုင်းဖို့ကြတာ။ နောက် သူတို့တွေ အကုန်လုံးနဲ့လည်း ပြသနာတွေဖြစ်ကြရော နဝပ်မကောင်းမှန်း သိကုန်ကြကော။ နဝပ်လည်း ကပ်စရာက ဖားတွေပဲ ကျန်တော့ ခုလိုအခြေအနေအထိကို Good relationship ပြန်ဖြစ်သွားကြရော ......

မြန်မာဖန်တွေက ဖားဆို အလိုလိုနေရင်းကို အမြင်မကြည်ကြတာ။ ဖားဖန်တွေရဲ့ အစွဲကြီးပြီး ရိုင်းပျမှုတွေကြောင့်လည်း ပါတယ်။ နောက် မြန်မာအများစုက ထိုင်းမယ်တွေပဲ ကြိုက်ကြတာကြောင့်လည်း ပါတယ်။ ကိုယ်ကတော့ ဖားဖန်တွေ ရိုင်းတာသိပေမယ့် ကိုယ့်အတွက် nothing important လို့ပဲ ယူဆတယ်။ ဖားမယ်တွေ Org တွေ ND တွေရဲ့ pageant အပေါ် အစစ်အမှန်တန်ဖိုးထားကြတာကိုပဲ မြင်ပြီး အားပေးဖြစ်တယ်။ ဖားတွေက နာမည်မကြီးတဲ့ ပွဲငယ်တွေကအစ တက်သစ်စအလှမယ်တွေကိုက ရှယ်ပြင်ဆင်ကြတာ။ ND တွေ EG တွေဆို တခါတခါ နှမြောရတဲ့အထိပဲ။ နာမည်ကြီး Designer gown တွေနဲ့ ပြိုင်ချတာ။ ပြီးရင် လှတိုင်း၊နာမည်ကြီးတိုင်းလည်း crown မပေးဘူး။ အဲ့ကြောင့် ဖားမယ်တွေဆို All rounder များတယ်။ ကိုယ်ရဲ့အလှမယ်လောကရဲ့ ခံယူချက်နဲ့ ဖားတွေရဲ့ pageant လောက လှုပ်ရှားပုံတွေက သွားတူနေတာကြောင့်လည်း အားပေးဖြစ်ခဲ့တယ် ......

ဘာပြောပြော ကိုယ့်အချစ်တော်တွေက ခုနှစ် တအားအောင်မြင်နေကြလို့ post တင်ပြီးကို လေတိုက်လိုက်ရခြင်းပါ 🥰🥰

ဘိုင်းးးးး

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon