Jungle Class Quality Virtual House
♠️"စာသင်ကျောင်း" Myanmar တွင် တာဝန်ထမ်းဆောင်ရန်
-Assistant Language Instructor
နေရာ များကို (ထပ်မံ) အလုပ်ခေါ်ယူလျက် ရှိပါသည်။
(PRE School / Daycare မဟုတ်ပါ)
♠️ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ပညာရေးပိုင်းဆိုင်ရာ တို့ကို အမှန်တကယ် စိတ်ရင်း စေတနာမှန်ဖြင့် တိုးတက် အောင်မြင်အောင် အတူလေ့ကျင့်၊ အတူလေ့လာပေးလိုသူများသာ လျှောက်ထားရန်၊
ကျောင်းမှ ချမှတ်ထားသော စည်းကမ်း များအတိုင်း စည်းကမ်းတကျ သွက်သွက်လက်လက် လွတ်လွတ်လပ်လပ် ပေါ့ပါးပျော်ရွှင်စွာ စိတ်ပါ လက်ပါ အလုပ်လုပ်ကိုင်ချင်သူများ၊ စဉ်ဆက်မပြတ် လေ့လာ ဆည်းပူး နိုင်သူများ သာ လျှောက်ထားရန်၊
♠️မြန်မာစာ ( 4 skills ) / English (4 skills ) Brain and Memory Training activities များ ကို ၃ နှစ် မှ ၁၀ နှစ် Local (international school / private school) နှင့် Foreign ကလေးငယ်များကို သင်ကြားပေးရန် ဖြစ်ပါသည်။
♠️သန့်ရှင်း၊ သပ်ရပ်၊ သွက်လက် ချက်ချာ ၍ ကလေးငယ်များကို (အထူး) စိတ်ရှည်သူ၊ အပြုသဘောဆောင်သည့် အတွေးအမြင် (positive thinking) များကို "သတိ" ထား၍ အသုံးပြု နိုင်သူ၊ ကျောင်း၏ စည်းကမ်း နှင့် အာဘော် များအတိုင်း မိမိကိုယ်တိုင် စိတ်ဝင်တစား ဖြင့် ပြန်လည် သင်ကြားပေးနိုင်သူ၊ ဖြတ်ထိုးဉာဏ်ကောင်းသူ၊ ကလေးငယ်များ စိတ်ဝင်စားမှု ရှိစေရန် နှင့် ပျော်ရွှင် တက်ကြွစွာ ပါဝင်လာစေရန် စိတ်အခြေအနေပေါ် လိုက်၍ မိမိဘက်သို့ ဆွဲခေါ် သင်ကြားနိုင်သူ.... အဖြစ် မိမိကိုယ် မိမိ ယုံကြည် ကြိုးစားနိုင်သူများ လျှောက်ထား နိုင်ပါသည်။
♠️ကလေးငယ်များ အား သင်ကြားရာတွင် ပိုမို ထိရောက် လွယ်ကူ နိုင်စေရန် လိုအပ်သည့် အမှန်တကယ် အကျိုးရှိသော သင်ကြားရေး Training များ ကို "စာသင်ကျောင်း Myanmar" မှ အပြည့်အဝ ထောက်ပံ့ ပေးမည် ဖြစ်သဖြင့် အနည်းဆုံး (၂) နှစ် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
♠️ပြင်ပ In Class နှင့် Online Teaching နှစ်မျိုးစလုံး ကို "စာသင်ကျောင်း Myanmar" တွင် လာရောက် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
♠️English ဘာသာစကား လေ့လာရန် စိတ်ဝင်စား သူ ဦးစားပေးပါမည်။
E-mail
[email protected]
သို့
♠️CV form အပြည့်အစုံ နှင့်အတူ "သင်ကြားရေး အပေါ် စိတ်ဝင်စား ရ သည့် အကြောင်းအရင်း နှင့် အတွေ့အကြုံများ " အကြောင်း ကို A4 တစ်မျက်နှာ (မြန်မာလို လက်ရေးဖြင့်) ပူးတွဲ လျှောက်ထားနိုင်ပါသည်။
https://www.facebook.com/MyanmarSarThinKyaung?mibextid=LQQJ4d
စာသင်ကျောင်း Myanmar Trust Kids, Trust Us !!
19/10/2025
ဖတ်ကြည့်ပေးပါ ‼️‼️
Player Vs Player ဂိမ်းမျိုးတွေက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြမ်းတမ်းမှုကို လွှမ်းမိုးလာနိုင်တယ်။
---------------------------------------------
ကျွန်တော်တို့ ငယ်ငယ်က ဂိမ်းတွေစပေါ်လာတဲ့ အချိန်ဆိုတော့ ဂိမ်းကစားဖြစ်တဲ့ ဂိမ်းတွေတော်တော်များများက ကိုယ်က Hero၊ လူဆိုးကြီးကို နှိမ်နှင်းရတာတို့ အခက်အခဲကို ကျော်ဖြတ်ရတဲ့ Adventure ဂိမ်းတို့ အားကစားဂိမ်းတို့ Strategy ဂိမ်းတို့ အဲ့လိုဂိမ်းတွေကိုပဲ အများစု ကစားခဲ့တာပေါ့။
ဒါပေမယ့် ခေတ်တွေပြောင်းလာလို့ မိုဘိုင်းဖုန်းတွေ လူတိုင်းလက်ထဲရောက်တဲ့အချိန်မှာ လူကြိုက်များတဲ့ ဂိမ်းတော်တော်များများက Player versus Player ဂိမ်းတွေကို လူကြိုက်များလာတယ်။ Playstation လိုမျိုး Console ဂိမ်းတွေထက်ကို လက်ထဲလွယ်လွယ်ဝယ်ကိုင်လို့ရတဲ့ Mobile ဖုန်းနဲ့ပဲ ဂိမ်းကစားကြတယ်။ ဂိမ်းကစားရင်လည်း အဓိကကစားကြတာ PVP ဂိမ်းတွေကိုပဲ အဓိကထားကစားကြတယ်။ ပြောချင်တာက အသက်ပြည့်တဲ့ လူတွေက PVP ဂိမ်းတွေကစားတာပြဿနာမရှိပေမယ့် ကလေးတွေကပါ MLBB (Mobile Legends: Bang Bang) လို Roblox ပေါ်က PvP (Player-versus-Player) ဂိမ်းမျိုးတွေကိုပါ ကစားလာကြတာတွေ့ရ တော့ အဲ့ဒိဂိမ်းတွေရဲ့ သဘောသဘာဝကိုက ပြိုင်ဘက်ကို အနိုင်ယူဖို့၊ ဖျက်ဆီးဖို့၊ ဒါမှမဟုတ် Tတ်ဖို့ကို အဓိကရည်ရွယ်တဲ့ ဂိမ်းတွေဖြစ်တဲ့အတွက် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုအပေါ် တော်တော်လေးကိုမှ စိုးရိမ်စရာအနေအထားဖြစ်တယ်။ လတ်တလော သတင်းတွေမှာ မြင်ကြရတဲ့ ကလေးအရွယ်လူငယ်တွေရဲ့ အနိုင်ကျင့်တဲ့သတင်းတွေ တခြားတယောက်ကို ရက်ရက်စက်စက် ပြုမူလိုက်တဲ့အဖြစ်တွေက သူတို့ လက်ထဲမှာရှိတဲ့ ဖုန်းတစ်လုံးနဲ့ ကစားနေတဲ့ ဂိမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးနေမှုကလည်း တစိတ်တပိုင်းအနေနဲ့ ရှိနေတယ်ဆိုတာ သတိထားရမယ့် အချိန်ဖြစ်လာပါပြီ။
ဒီလိုမျိုး တစ်ယောက်ယောက်ထိခိုက်နစ်နာပြီးမှ စိတ်ကျေနပ်မှုရမယ့် ဂိမ်းတွေကစားတဲ့အတွက် ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် ရေရှည်မှာ ဖြစ်ပေါ်လာနိုင်မယ့် ဆိုးကျိုးတွေကို အချက်အလက်အရ နည်းနည်းပြောကြည့်မယ်။
#ပြိုင်ဘက်ကို လေးစားမှု ပျောက်ဆုံးလာခြင်း (Loss of Respect for Competitors)
Player vs Player ဂိမ်းတွေမှာ ပြိုင်ဘက်ကို နိုင်ဖို့ဆိုတာ "သူတို့ ေTဆုံးမှ" ဒါမှမဟုတ် "သူတို့ရဲ့ အခြေခံစခန်း ပျက်စီးမှ" ရတာမျိုးပါ။ ဒါက ဂိမ်းရဲ့ ပုံစံ (Game Design) ဖြစ်ပြီး၊ ပြိုင်ဘက်ကို လေးစားရမယ့်အစား ပြိုင်ဘက်က ကိုယ့်ပန်းတိုင်ကို အတားအဆီး ဆိုတဲ့ အတွေးမျိုးကို ဦးစားပေးလာစေနိုင်ပါတယ်။
ဆိုတော့ ဒီဂိမ်းကို ကစားနေနဲ့ အရာရာကိုသင်ယူနေစ ကလေးငယ်တစ်ယောက်က ဂိမ်းကစားတာ ကြာလာတဲ့အခါ ပြင်ပဘဝက ပြိုင်ဆိုင်မှုတွေ (ဥပမာ- စာမေးပွဲ၊ အားကစား၊ အလုပ်အကိုင်) မှာလည်း ပြိုင်ဘက်ကို အနိုင်ယူရုံသာမကဘဲ၊ လုံးဝ ဖြိုဖျက်ပစ်ရမယ်၊ အပြီးသတ် ဖယ်ရှားပစ်ရမယ် ဆိုတဲ့ "ရုန်းရင်းဆန်ခတ်စိတ်ဓာတ်" ကို ရလာနိုင်ပါတယ်။ ပုံမှန်အားဖြင့် ပြိုင်ဆိုင်မှု (Competition) ဟာ ကျန်းမာတဲ့ စိန်ခေါ်မှုနဲ့ တစ်ဦးချင်း တိုးတက်မှုကို ဖြစ်စေသင့်ပေမယ့်လို့ ဂိမ်းကနေ ရလာတဲ့ အလေ့အကျင့်က "Win at All Costs" (ဘယ်လိုပဲဖြစ်ဖြစ် နိုင်ရမယ်) ေ-စမ်း ေ-စမ်း လို့အော်နေတဲ့ ကလေးတယောက်ကို မြင်နေရမယ်ဆို သင်ဘယ်လိုဖြစ်မယ်လို့ထင်လဲ။
#အကြမ်းဖက်မှုအပေါ် စိတ်ခံစားမှု ထုံကျင်လာခြင်း (Desensitization to Violence)
ဂိမ်းထဲက အကြမ်းဖက်မှု (Violent Actions) ကို ထပ်ခါတလဲလဲ မြင်တွေ့ရတာရယ်နဲ့ ကိုယ်တိုင်ကပါဝင်ပြီး အဲလိုလုပ်နေတဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုက မနှစ်မြိုစရာလို့မမြင်တော့ပဲ ဒီခံစားချက်က ထုံကျင်လာတယ်။ ဒီဖြစ်စဉ်ကို Desensitization လို့ခေါ်ပါတယ်။
ဒါကြောင့် တကယ့်လက်တွေ့ဘဝမှာ အကြမ်းဖက်မှု သို့မဟုတ် ရန်လိုမှုတစ်ခုခုကို မြင်တဲ့အခါ ကြောက်ရွံ့တာ၊ စိတ်မကောင်းဖြစ်တာ ဒါမှမဟုတ် စာနာတာ တွေ နည်းသွားပြီးတော့ အဲ့ဒီအပြုအမူတွေကို ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တွေပါလို့သတ်မှတ်လာနိုင်တယ်။
#ရန်လိုသော အပြုအမူ တိုးလာခြင်း (Increased Aggression)
သုတေသနအများအပြားက အကြမ်းဖက်မှုပါဝင်တဲ့ တစ်ယောက်နဲ့တစ်ယောက် အပြတ်ချနေတဲ့ ဂိမ်းတွေကို ကစားနေခြင်းက ရန်လိုတဲ့ အတွေးအမြင်တွေ၊ ဒေါသထွက်လွယ်တာတွေနဲ့ ရန်လိုတဲ့ အပြုအမူ တွေကြားမှာ ဆက်စပ်မှုရှိနေတယ်လို့ ဖော်ပြထားကြတယ်။
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အွန်လိုင်းဂိမ်းတွေ (Competitive Games) မှာ ရှုံးနိမ့်လိုက်တဲ့အတွက် ဖြစ်လာတဲ့ စိတ်ပျက်အားငယ်မှုနဲ့ ဒေါသထွက်မှု (Frustration) တွေကို လက်တွေ့ဘဝကို သယ်ဆောင်လာနိုင်ပြီးတော့ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ ရန်လိုတဲ့နည်းလမ်းကို ပိုပြီး အသုံးပြုဖို့ အလားအလာများလာစေနိုင်တယ်။
#လက်ရှိလူငယ် အကြမ်းဖက်မှုများနှင့် ဆက်စပ်နိုင်မှု (Link to Real-life Youth Violence)
အခုဆိုရင် သတင်းတွေမှာ ငယ်ရွယ်တဲ့သူတွေရဲ့ အကြမ်းဖက်မှုတွေ တိုးလာတာကို မြင်တွေ့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေက ဒီလိုအကြမ်းဖက်မှုတွေ ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းကို ပေါင်းစပ်ရှုမြင်တာတွေ့ရတယ်။ ဂိမ်းကစားခြင်းဟာ တစ်ခုတည်းသော အကြောင်းရင်း မဟုတ်ပေမယ့် အရေးပါတဲ့ အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းရင်း (Risk Factor) တစ်ခုအဖြစ် သတ်မှတ်ထားကြတယ်။
ဆိုလိုတာကတော့... မူလကတည်းက စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတဲ့ ဒါမှမဟုတ် မိသားစု/လူမှုဝန်းကျင်မှာပံ့ပိုးမှု အားနည်းတဲ့ ကလေးငယ်တွေအတွက် တစ်ယောက်နဲ့တစ်ယောက်အကြမ်းဖက်နေတဲ့ဂိမ်းတွေက အကြမ်းဖက်စိတ်ကို ပိုပြီးအားဖြည့်ပေးနိုင်တယ်။
ဆိုတော့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အနိုင်ယူဖို့ကိုသာ ရည်ရွယ်ထားပြီး ပြိုင်ဘက်ကို ဖျက်ဆီးရတဲ့ အွန်လိုင်းဂိမ်းတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလာနိုင်ချေရှိတယ်။ အထူးသဖြင့် ကလေးတွေရဲ့ စာနာစိတ်၊ လူမှုဆက်ဆံရေးစွမ်းရည်နဲ့ ကျန်းမာတဲ့ ပြိုင်ဆိုင်လိုစိတ်ကို ဖွံ့ဖြိုးတိုးတက်စေဖို့ ပုံဖော်နေချိန်မှာ ဒီလိုဂိမ်းတွေက အချိန်ကြာကြာ လွှမ်းမိုးမှုရှိနေခြင်းက လူမှုပတ်ဝန်းကျင်နဲ့ မညီညွတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပုံစံတွေကို ဖြစ်ပေါ်လာစေနိုင်တယ်။
ဒါကြောင့် မိဘတွေအနေနဲ့ ဂိမ်းကစားချိန်ကို ကန့်သတ်တာမျိုး ဂိမ်းရဲ့ အကြမ်းဖက်မှု အဆင့်အတန်းကို စိစစ်တာမျိုးနဲ့ ကလေးတွေရဲ့ အပြုအမူပြောင်းလဲမှုတွေကို အနီးကပ် စောင့်ကြည့်တာမျိုးတွေက အရမ်းကို အရေးကြီးပါတယ်။
18/10/2025
Trending Topic 🤣
13/10/2025
https://www.facebook.com/share/1CqDDHpmzR/?mibextid=wwXIfr
ကျွန်တော်တို့ဟာဆရာတွေကို ပညာတွေ သင်ပေးတဲ့ သူရဲကောင်းတွေလို့ ထင်မှတ်လေ့ရှိကြပေမယ့်
ဘဝ သင်ခန်းစာတွေ သင်ပေးသူလို့ မထင်မှတ်ခဲ့ကြပါဘူး။
“We think of teacher-heroes that taught us
the academics but we don’t often think of
those teachers that taught us life’s
lessons.” — Maria Wale, My Teacher My
Hero
ဟုတ်ပါတယ်။ တကယ်တော့ ဆရာကောင်းတစ်ယောက်ဟာ အတန်းပညာအပြင်ဘဝ သင်ခန်းစာပါသင်ပေးသင့်တာပါ။
ဒီနေ့ခေတ် ကလေးအတော် များများ ဟာ မိမဆုံးမ ဖမဆုံးမ တွေ ပါ။ ဟောကြည့် စိတ်ဆိုးကုန်ပြီမို့လား။ ကျနော်တကယ်ပြောနေတာ။
မိဘတို့ အပြစ်မဟုတ်ဘူးနော်။ခေတ်ကြီးကကြပ်တာကိုး။ မိုးလင်းမိုးချုပ် တနေကုန် ထမင်း ရှာကျွေးနေရတဲ့ ကျောင်းစရိတ်ရှာနေရတဲ့ မိဘတွေ အတော်များများဟာ ဘယ်လိုလုပ်သားသမီး ကိုဆုံးမချိန်ရှိမှာတုန်း။ ဒါကြောင့်ပြောတာ မိမဆုံးမ ဖမဆုံးမလို့။
အားလုံးတော့မဟုတ်ဘူးပေါ့လေ။ ရုန်းကန်စရာမလိုဘဲ ကလေးက်ိုသေချာ အချိန်ပေးနိုင်တဲ့ မိဘများလည်းရှိတာပေါ့။ မြန်မာတစ်နိုင်ငံ လုံးနဲ့ ယှဥ်ရင်တော့ ပမာဏ နည်းတာပေါ့လေ။
သေချာစဉ်းစားကြည့်ရအောင်။
မနက် မိဘ များအလုပ် သွား ဈေးသွားတော့ ကလေးတွေ ကအိပ်ရင်အိပ်နေ မအိပ်ရင် ကျူရှင်။ ဟော ကျောင်းတနေကုန်နေ။ ညနေ ပြန်လာ ကျူရှင် သို့မဟုတ် ကစား ။ မိဘက အလုပ်ပြန်မလာသေး။
ဟောပြန်လာတော့ လည်းထမင်းစားရုံတူတူစား။ ကလေးကစာကျက်သို့မဟုတ် ဂိမ်းဆော့။ တချို့ကလေးကတော့ ဂိုက် နဲ့ စာကျက်။
ပြီးတော့အိပ်ရာဝင်။ မိဘက ကလေးနဲ့ကို အိပ်ရာ၀င်ချိန် စကားပြောနိုင်တဲ့ မိဘ တွေ နည်းလာပြီ။
ညအခါအိပ်ယာဝင်ပုံပြင်လေးတွေ ပြောပြ ကိုယ် လိုသလို က လေးကို ပြုပြင် ချိန်လေးကော ။ ဘယ်ရှိမတုန်း။ ကလေးကအိပ် မိဘက အလုပ်ကြွေးတွေလုပ်။ ဒါမှမဟုတ် ခေါင်းထဲမှာ ကလေးပုံပြင်ပြောဖို့ထက် ထမင်းရှာစား ဖို့က စဉ်းစားရသေး။
ကြယ်လေးတွေကြည့်ပြီး လပြည့်ညမှာ သားလေးသမီးလေးတို့နဲ့ စကားပြောဖို့ဆိုတာ အရင်ခေတ်က ဝတ္ထုတွေထဲပဲပါတော့တာ။
ဆယ်ကျော်သက်တွေပိုဆိုး၊ အရာရာ ဆန်းသစ် ချင်တဲ့အရွယ်။ အချင်းချင်း trend နောက်လိုက်တဲ့အရွယ်။ ရည်းစားထားတဲ့အရွယ်။ မိဘနဲ့ မျက်နှာ ချင်းဆုံပြီး စကားပြောဖို့ဆိုတာ။ ဘယ်လွယ် မလဲ။ သူတို့လဲမအားဘူး ။ ကျောင်းနဲ့ သူတို့အလုပ်နဲ့ သူတို့။ မိဘလည်းမအား။
ဆိုတော့ကာ ဒီကလေးတွေ ကိုပြုပြင်ဖို့တာဝန်က။
ဆရာတွေ၊ ဆရာမ တွေ တာ၀န် ပဗျား။ ကျောင်းတိုင်း ၊ သင်တန်းတိုင်းက ဆရာတွေပေါ့ဗျာ။
တတ်နိုင်သလောက်သာပြုပြင်ပီး ဘဝသင်ခန်းစာတွေပေးလိုက်ကြပါ ဆရာများခင်ဗျား။ သူတို့ဘဝမှာ ဆုံးမခဲ့မယ့်လူတကယ်ကိုမရှိခဲ့တာပါ။
ဆရာသည် ဘဝသင်ခန်းစာပါပေးနိုင်မှ ဆရာပီသမယ်။
အငြိမ်းစားကျောင်း ဆရာမ ကြီးတစ်ယောက်ပြောစကားလေးနဲ့နိဂုံးချုပ်ပရစေ။
သူပြောတာက
'ငါ့မှာ ကလေးငါးယောက်ရှိတယ် အားလုံးထူးချွန်တယ်။ ပင်ပင်ပန်ပန်း မဆုံးမခဲ့ရဘူး။ နည်းနည်းပါးပါးသင်ရင်ရတယ်ကွဲ့။ အဲဒါ ငါတော်လို့မဟုတ်ဘူး။ ငါ့ကလေးတော်လို့လဲမဟုတ်ဘူး။ ကံရဲ့ အကျိုး။ ကိုယ်သင်တဲ့ကျောင်းသားတွေကို ကိုယ့်သားသမီး လို့သာသဘောထားသင်လိုက်။ နင့်သားသမီးတွေ ကျရင် လည်း အဲ အကျိုးခံစားရမယ်'
တဲ့ဗျား။
သင်ဆရာ မြင်ဆရာ ကြားဆရာများကိုကန်တော့ လျက်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
Opening Hours
| Monday | 10:00 - 18:00 |
| Tuesday | 10:00 - 18:00 |
| Wednesday | 10:00 - 18:00 |
| Thursday | 10:00 - 18:00 |
| Friday | 10:00 - 18:00 |
| Saturday | 10:00 - 18:00 |
| Sunday | 10:00 - 18:00 |