SCA - Sayar Chit Academy
28/10/2025
နှစ်ကုန်ခါနီး 𝐒𝐂𝐀 မှာ သတင်းကောင်းတွေချည်းပဲ။ 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐌𝐢𝐧𝐢𝐬𝐭𝐫𝐲 𝐨𝐟 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ကပေးအပ်တဲ့ 𝐀𝐒𝐄𝐀𝐍 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ကို 𝐒𝐂𝐀 ရဲ့ 𝐢𝐆𝐂𝐒𝐄 𝐁𝐚𝐭𝐜𝐡 𝟒 က ကျောင်းသားလေး မောင်ဝင်းဒီပါထွန်းက ရရှိခဲ့ပါတယ်။
𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ထဲမှာ နေစရိတ်၊ စားစရိတ်၊ ကျောင်းစရိတ်၊ လေယာဉ်လက်မှတ်၊ ကျန်းမာရေးအာမခံ အစအဆုံးပါဝင်ပါတယ်။ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 က 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝟑 ကနေ 𝐏𝐫𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝟐 အထိ 𝟒 နှစ်စာဖြစ်ပါတယ်။ အဲ့ထက်ပိုကောင်းတာက 𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 𝐎 𝐥𝐞𝐯𝐞𝐥 ဖြေပြီးရင် 𝐏𝐞𝐫𝐦𝐚𝐧𝐞𝐧𝐭 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐜𝐞 (𝐏𝐑) လျှောက်လို့ရပြီး 𝐏𝐫𝐞 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝟐 ပြီးရင် 𝐂𝐢𝐭𝐢𝐳𝐞𝐧𝐬𝐡𝐢𝐩 ပါလျှောက်လို့ရပါတယ်။
ဒီ 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ခရီးလမ်းကလည်း လွယ်ကူတာမဟုတ်ခဲ့ပါဘူး။ 𝐏𝐫𝐢𝐦𝐚𝐫𝐲 ကနေ 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲 𝐥𝐞𝐯𝐞𝐥 အထိဘာသာစုံအမှတ်တွေကို 𝟗𝟎 အထက် ဖြစ်အောင်ကြိုးစားရသလို ကိုယ့်ရဲ့ 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐫𝐞𝐜𝐨𝐫𝐝 တွေကိုလည်း စနစ်တကျထိန်းသိမ်းထားရပါတယ်။ သင်္ချာလည်း ထူးချွန်သူဖြစ်တာမို့ 𝐒𝐄𝐀𝐌𝐎, 𝐀𝐌𝐎, 𝐇𝐊𝐌𝐈𝐎 စတဲ့ သင်္ချာအိုလံပစ်ပြိုင်ပွဲတွေမှာလည်း နှစ်တိုင်း 𝐆𝐨𝐥𝐝 𝐌𝐞𝐝𝐚𝐥 ရပါတယ်။ အားကစားမှာဆိုလည်း ကရာတေးခါးပါတ်နက်၊ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐎𝐥𝐲𝐦𝐩𝐢𝐜 𝐃𝐚𝐲 မှာလည်း 𝐊𝐚𝐫𝐚𝐭𝐞 𝐊𝐚𝐭𝐚 (𝐆𝐨𝐥𝐝 𝐦𝐞𝐝𝐚𝐥)၊ 𝐊𝐚𝐫𝐚𝐭𝐞 𝐊𝐮𝐦𝐢𝐭𝐞 (𝐒𝐢𝐥𝐯𝐞𝐫 𝐌𝐞𝐝𝐚𝐥) ရရှိထားပါတယ်။ နောက်ပြီး ဒီပါက 𝐒𝐂𝐀 မှာ 𝐕𝐢𝐜𝐞 𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭 အနေနဲ့တာဝန်ယူခဲ့ပြီး ကျောင်းသူ/သားတွေအတွက် အကျိုးရှိစေမယ့် 𝐒𝐂𝐀 𝐘𝐨𝐮𝐭𝐡 𝐟𝐨𝐫 𝐂𝐡𝐚𝐧𝐠𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 ကိုလည်း ဦးစီးပေးပါတယ်။ 𝐘𝐨𝐮𝐭𝐡 𝐟𝐨𝐫 𝐂𝐡𝐚𝐧𝐠𝐞 က လူငယ်တွေအတွက် အကျိုးရှိစေမယ့်၊ ပါဝင်လို့ရမယ့် 𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫𝐢𝐧𝐠, 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞 အလုပ်တွေကိုမျှဝေပေးတဲ့ 𝐩𝐫𝐨𝐠𝐫𝐚𝐦𝐦𝐞 လေးဖြစ်ပါတယ်။
ကိုယ့်အတွက်ကိုယ်ကြိုးစားရုံမက ကိုယ့်ပတ်ဝန်းကျင် 𝐜𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 ကောင်းအောင်ပါ ဆောင်ရွက်ပေးတဲ့ သား ဒီပါ 𝐀𝐒𝐄𝐀𝐍 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ကိုထိုက်ထိုက်တန်တန် ရရှိသွားတဲ့အတွက် 𝐒𝐂𝐀 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 မှ အထူးပဲ ဝမ်းမြောက်
ဝမ်းသာဖြစ်ပါတယ်။
စာကြွင်း။ လိမ္မာရေးခြားရှိပြီး ဘက်စုံထူးချွန်တဲ့ကလေး။ ကျောင်းအတွက်တော့ နှမြောမိပေမယ့် သားရှေ့ရေးအတွက် ပိုကောင်းတဲ့၊ ပိုလိုက်ဖက်တဲ့နေရာမှာ ပညာသင်ကြားခွင့်ရရှိလို့ အထူးဝမ်းသာပါတယ်။
ဆရာချစ်ကိုကို
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Aung Mingalar Road, 4A-1A, Thingangyun Township, Yangon Region
Yangon
11071
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 18:00 |
| Sunday | 09:00 - 18:00 |