Lighthouse - Bookshop

Lighthouse - Bookshop

Share

09/02/2022

Hello.. Page စဖွင့်တဲ့အထိမ်းအမှတ်အဖြစ်နဲ့ ပထမဆုံး review & sell post အနေနဲ့ရွေးချယ်လိုက်တဲ့စာအုပ်ကတော့ ကျွန်တော်အရူးသွပ်ရဆုံး စာရေးဆရာကြီးဖြစ်တဲ့ ဆရာမြရဲ့ "မမ" ပါပဲ။

အင်နာကာရီကာနာကို မှီငြမ်းထားတဲ့မမဟာ ကိုလိုနီခေတ် အစိုးရလက်ထောက်အထက်တန်းလွှာအသိုင်းအဝိုင်းအရှုပ်အထွေးတွေကြားကိုရောက်ရှိသွားသလို ချစ်ခြင်းမေတ္တာနဲ့ ဂုဏ်သိက္ခာ ကြားထဲလွန်ဆွဲနေတဲ့ မိန်းမတစ်ယောက်ရဲ့ ရပ်တည်ချက်ကို ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ရေးသားဖော်ပြထားတာမို့ စာဖတ်သူကိုယ်တိုင်ထိပါ အာရုံထွေပြားမှုတွေ အားမလိုအားမရဖြစ်မှုတွေနဲ့ တစ်ရွက်ချင်းလှန်လှော ဖတ်ရှုသွားရမယ့် အိမ်ထောင်ရေး စာအုပ်ကောင်းလေးဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ Lighthouse-Bookshop မှာ ပုံမှန် စာညွှန်း review လေးတွေဖတ်ရင်းနဲ့ လိုအပ်တဲ့ စာအုပ်လေးတွေ မှာယူနိုင်ပါတယ်။နောက်ပိုင်းမှာ စာညွှန်းတင်မကပဲ စိတ်ဝင်စားစရာစစ်ပွဲတွေ၊ သမိုင်းကြောင်းတွေနဲ့ သုတရသ story အစုံရေးတင်ပေးဖို့လည်းရှိပါသေးတယ်။ စာအုပ်orderတွေကိုလည်း မှာယူပြီး သုံးရက်တွင်း တစ်နိုင်ငံလုံးနီးပါးအိမ်အရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါတယ်ခဗျ။

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon