Win Cho Htun

Win Cho Htun

Share

14/06/2020

နိုင်ငံရေးလုပ်တယ်ဆိုတာက အမြဲတမ်း လှုပ်ရှားတက်ကြွနေရတာမျိုး မဟုတ်ဘူးဗျ၊ သည်းခံနိုင်ခြင်းစောင့်စားနိုင်ခြင်း
နဲ့ ရင့်ကျက်တည်ငြိမ်ခြင်းတွေလည်း လိုအပ်ပါတယ်။

အချိန်အခါကိုသိခြင်းနဲ့အတူ အချိန်ကိုက်လုပ်ဆောင်နိုင်ခြင်းကိုလည်း တတ်မြောက်ရပါမယ်။

အရေးအကြီးဆုံး နိုင်ငံရေးသိက္ခာက ရိုးသားဖြောင့်မတ်ခြင်းပါပဲ။

တန်ဖိုးအရှိဆုံး နိုင်ငံရေးသီလက သစ္စာရှိခြင်းပါပဲ။

နိုင်ငံပေါ်ကို သစ္စာရှိပါ။
ပြည်သူလူထုအပေါ် သစ္စာရှိပါ။
ပါတီအပေါ် သစ္စာရှိပါ။
ယုံကြည်ချက်အပေါ် သစ္စာရှိပါ။

Min Oo

06/06/2020

ဖတ်ကြည့်ပါ
*********
အမြဲတမ်းလိုလို လက်ထဲမှာငွေရှိဖို့အတွက် လျို့ဝှက်ချက်

နာမည်ကြီး တက်ကျမ်းပညာရှင် Jim Rohn ပြောကြားတဲ့ 70/10/10/10 စည်းကမ်းကို ပထမဆုံးအကြိမ် ကြားတုန်းက လုံး၀ကို ဦးနှောက်တောင် တုန်လှုပ်ခဲ့ရပါသည်။
ငွေစုဖို့ အခက်အခဲဖြစ်နေသောအချိန် ၊ ရင်းနှီးမြုပ်နှံဖို့ငွေရဖို့အတွက် ဘယ်လိုရအောင်လုပ်မလဲဆိုပြီး စဉ်းစားနေသောအချိန်တွင် Jim Rohn ပြောကြားချက်ကို နားထောင်လိုက်ရပါသည်။
70/10/10/10 ကို နားလည်ဖို့ ကြိုးစားရအောင်။
ပိုးပိုး သည် တစ်လကို $3000 ရသော မိန်းကလေးတစ်ယောက်ဖြစ်ပါသည်။
ပိုးပိုး သည် 70/ 10/ 10/ 10 ကို ကျင့်သုံးချင်သည်။
ပထမဦးစွာ ပိုးပိုး အသုံးစရိတ်
အိမ်လခ ၊ စားစရိတ် ၊ ဖုန်းဖိုး ၊ ကားဓာတ်ဆီဖိုး ၊ ကားအာမခံကြေးဖိုး ၊ ဆေးဖိုး တို့အတွက်
ဝင်ငွေရဲ့ 70% ရာခိုင်နှုန်းသာသုံးပါမည်။
$3000 x 70% = $2100
ဒီတော့ $900 ကျန်ပါသည်။
အသုံးစရိတ်ကို 70% (သို့) ဒီထက်နည်းအောင် သုံးသင့်ပါသည်။
ကျွန်တော်တို့ တစ်ခါတစ်လေ ကျွန်တော်တို့သုံးသင့်တာထက်ကို ပိုသုံးမိပါသည်။
ဘာလို့လဲဆိုတော့ လိုအင်ဆန္ဒတွေကြောင့်ဖြစ်ပါသည်။
လိုအင်ဆန္ဒနောက်ကွယ်မှာ ယခုလက်ရှိဘ၀ကို မကျေမနပ်ဖြစ်နေတာတွေရှိသည်။ ဒီအတွက် ပိုမိုပြီးကောင်းမွန်သောဘ၀ကို အရမ်းလိုချင်တက်မက်မှုတွေ ဖြစ်စေသည်။
လူတစ်ယောက်အတွက် အမြဲတမ်းတမ်းတူတူ နေရမည်သူက ကိုယ့်စိတ်သာဖြစ်သည်။
ကိုယ့်စိတ်က ကိုယ့်လက်ရှိဖြစ်နေတဲ့ဘ၀၊ လက်ရှိအခြေအနေကို မကျေမနပ်ဖြစ်နေရင် ဘာလို့လဲလို့ စိတ်ကိုမေးသင့်သည်။
ဒီစိတ်မကျေနပ်မှုတွေ ၊ လိုချင်မှုတွေကို တစ်နည်းအားဖြင့်တော့ ဖြေသိမ့်ရမှာဖြစ်ပါသည်။
ငွေကိုအသုံးမချဘဲ ရအောင်လုပ်နိုင်လား။
ငွေကိုအနည်းဆုံးအဖြစ် အသုံးချပြီးတော့ ရအောင်လုပ်နိုင်လား။
တကယ်၍ ငွေနဲ့ပဲ ဝယ်မှ ဖြစ်မယ်ဆိုရင်လည်း ငါလိုချင်တာအတွက်ငွေသုံးဖို့အတွက် ဘယ်အရာတွေမှာ ငွေလျော့ရမှာလဲ။
ကိုယ့်ကို ဘယ်အရာက နက်နက်နဲနဲ စိတ်ကျေနပ်စေလဲဆိုတာကို သိဖို့လိုအပ်ပါသည်။
စိတ်ကျေနပ်တဲ့ဘ၀ကို နေနိုင်ရင်အကောင်းဆုံးပါ။

ပိုးပိုးသည် 10% ကို emergency fund ( အရေးကြုံရင်သုံးရမဲ့ပိုက်ဆံ ) အတွက် ကြိုတင်စုဆောင်းထားလိုပါသည်။ ပိုးပိုး ဘ၀မှာ တစ်ချိန်တုန်းက သူမလုပ်နေတဲ့ စက်ရုံက မီးလောင်သွားပါသည်။ စက်ရုံ ကုမ္ပဏီက ဒေဝါလီခံလိုက်ရပြီး ပိုးပိုးတစ်ယောက် အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး စားစရာ သောက်စရာအတွက်တောင် ငွေကနည်းနည်းပဲ ကျန်ပါတော့သည်။ အိမ်လခမပေးနိုင်လို့ သူငယ်ချင်းတစ်ယောက်အခန်းထဲမှာ ကြမ်းပေါ်မှာအိပ်ပြီး ဘ၀ကိုဆက်ပြီး နေထိုင်ခဲ့ရပါသည်။
ဒီအတွေ့အကြုံကြောင့် အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပြုတ်သွားတာကို ကြိုတင်ပြင်ဆင်တဲ့အနေနှင့်
အမြဲတမ်း တစ်လဝင်ငွေရဲ့ 10% ကို အရေးပေါ်သုံးငွေ အဖြစ် စုထားပါသည်။
$3000 x 10% = $300
ဒီအတွက် ပိုးပိုးတစ်ယောက် အတိုးများများပေးတဲ့ saving account ( ငွေစုသည့်အကောင့်) ကိုဖွင့်ပြီး တစ်လတစ်ခါ $300 ကို ထည့်လေ့ရှိပါသည်။ ပိုးပိုးတစ်ယောက်ဒီ 10% စည်းကမ်းနဲ့ စုလာတာ ၁၀ လရှိပါပြီ။
သူမ saving account ထဲမှာ $3000 အပြင် အတိုးနှုန်းပါ ရနေပါသည်။
သူမ ဒီလ အလုပ်ပြုတ်ရင် စားစရိတ်နဲ့အိမ်စရိတ်အတွက် $3000 ကျော်က အဆင်သင့်ရှိနေပါသည်။
ပိုးပိုးတစ်ယောက်သည် နောက်ထပ် 10% ကို ရင်းနှီးမြုပ်နှံမှုငွေထဲကိုထည့်ထားပါသည်။
ပိုးပိုးသည် ယုံကြည်ရသော အင်မတန်တော်သည့် ရင်းနှီးမြုပ်နှံမှုပညာရှင် တစ်ယောက်နှင့် (၂)ပတ်တစ်ခါ တွေ့လေ့ရှိပြီး သူမရဲ့ ရင်းနှီးမြုပ်နှံမှုအကြောင်းကို မေးမြန်းလေ့ရှိပါသည်။
Wealth advisor ( ရင်းနှီးမြုပ်နှံမှု ချမ်းသာကြွယ်ဝရေးအတွက် အကြံပေး ) သည် ပိုးပိုး စိတ်ကူးအတိုင်း ၊ သူမရဲ့ စွန့်စားနိုင်တဲ့ နှုန်း နဲ့ သူကိုယ်တိုင်ကနေကော အနာဂတ်မှာ ပိုမိုပြီးပိုက်ဆံရနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုများကို လုပ်လေ့ရှိပါသည်။ အနာဂတ်တွင် ပိုမိုကြီးထွားလာမည့် ပိုမိုအမြတ်များလာမည့် ကုမ္ပဏီများကို ရင်းနှီးမြုပ်နှံခြင်းအားဖြင့် စတော့စျေးများက တက်လာသောကြောင့် ပိုးပိုးရဲ့ ပိုင်ဆိုင်မှုများကလည်း မြင့်တတ်လာပါသည်။
ပိုးပိုးသည် သူမ အမေဆီကနေ အမွေပေးမှုဒေါ်လာ $10,000 နဲ့ စတင်ခဲ့ရာ ၂ နှစ်အကြာတွင် $27,000 ပိုင်ဆိုင်မှုရှိပါသည်။ ပိုးပိုးသည် တစ်လကို ( $3000 x 10% = $300 ) $300 အမြဲတမ်း ရင်းနှီးမြုပ်နှံမှုအကောင့်ထဲကို ထည့်လေ့ရှိပါသည်။
ပိုးပိုးကိုယ်တိုင်က ပညာရှင်မဟုတ်သော်ညား အမြဲတမ်းလိုလို Wall Street Journal, Financial Times တို့ကိုဖတ်လေ့ရှိပြီး Bloomberg ကိုလည်း TV တွင်အားတိုင်း ကြည့်ဖြစ်ပါသည်။
သူမ ရဲ့ ရင်းနှီးမြုပ်နံမှုပညာ နားလည်မှုကို ပိုမိုမြင့်တတ်လာအောင် ပိုမိုသိလာအောင် ပိုမိုနားလည်လာအောင် ကိုယ်တိုင်လည်း စာအုပ်များကိုဝယ်ယူပြီး အားလပ်ချိန်တွင် ဖတ်ရှုပါသည်။
ပိုးပိုးသည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သောကြောင့် အမြဲတမ်းလိုလို
“မရှိလို့ မလှူ မလှူလို့မရှိ” ဆိုသည့် ဆိုရိုးအတိုင်း အမြဲတမ်းလိုလို လိုအပ်သည့်သူများကို အကူအညီပေးလေ့ရှိပါသည်။
ဘုန်းကြီးကျောင်းများတွင် အမြဲတမ်းလိုလို ရန်ပုံငွေကြေးကို လှူဒန်းပါသည်။
ခရစ်ယာန်ကျောင်းများကိုလည်း ငွေကြေးလှူဒန်းလေ့ရှိသည်။
$3000 x 10% = $300 အတိုင်း တစ်လရင် $300 ကို အများအကျိုးအတွက် လှူဒန်းရာတွင် အသုံးပြု‌လေ့ရှိပါသည်။

ပိုးပိုးသည် 70/10/10/10 ကို ကျင့်သုံးပါသည်။
ပိုးပိုးသည် သူမဝင်ငွေ
70% ကို အသုံးစရိတ်
10% ကို အရေးကြုံရင်သုံးဖို့အတွက် စားစရိတ်/အိမ်စရိတ် ငွေ
10% ကို အနာဂတ်မှာသုံးဖို့အတွက် ချမ်းသာကြွယ်၀မှုကိုတည်ဆောက်ရာတွင် အသုံးပြုပါသည်။ ယုံကြည်ရသော ငွေကိုပွားနိုင်သည့် အကြံပေးများကို ကော်မရှင်ပေးပြီး ရင်းနှီးမြုပ်နှံမှုကို ကိုင်တွယ်စေပါသည်။
10% ကို သံသရာအတွက်အသုံးပြုပါသည်။

ပိုးပိုးကိုကြည့်လိုက်ရင် ပိုးပိုးပာ ငွေကို ပစ္စုပန်အတွက်သာမက အနာဂတ်အတွက်လည်း သုံးပါသည်။
စုစုပေါင်း 30% ကို အနာဂတ်အတွက်သုံးပါသည်။
( အရေးပေါ်အတွက် စုဆောင်းခြင်း ၊ အနာဂတ်အတွက် ရင်းနှီးမြုပ်နှံခြင်း နှင့် ပြန်ပြီးကောင်းသောကံများရ ရှိရန်အတွက် လှူဒန်းခြင်း ) တို့ပာ အနာဂတ်အတွက်ဖြစ်ပါသည်။
ငွေဆိုသည် အခုလည်းလိုအပ်မည်။ နောင်တွင်လည်း လိုအပ်နေမည်။
ဒီအတွက် ငွေကိုလက်ထဲတွင်ရတာနှင့် ပစ္စုန်ပန်မှာ စိတ်ထဲတွင် လိုချင်တာတွေသာမက အနာဂတ်တွင် နောက်ထပ် လိုချင်တာတွေကိုပါရဖို့ စဉ်းစားရမည်။
ဒီအတွက် ငွေကို အနာဂတ်တွင်ရှိဖို့အတွက်လည်း စုဆောင်းခြင်း ၊ ချမ်းသာကြွယ်၀မှုကို တည်ဆောက်ရာတွင် အသုံးပြုရမည်။
အပင်ရဲ့ အရိပ်အောက်မှာနေခြင်ရင် ယနေ့တွင် မြေကြီးထဲကို အစေ့စိုက်ပြီး ပုံမှန် ရေလောင်းပြီး ပြုစုပျိုးထောင်ခြင်းကို ဆက်တိုက် လုပ်ဆောင်ရပါမည်။ ဒီလိုလုပ်မှ နောင်တစ်ချိန် အပင်အရိပ်အောက်မှာ အေးအေးဆေးဆေး နဲ့ စိတ်ချမ်းသာစွာ အနားယူနိုင်မှာပါ။

Kyaw Tun(မူပိုင်)

#ကျောက်သင်ပုန်း

09/09/2018

ယနေ့ ပညာပါရမီပရဟိတအဖွဲ့သို့ ကိုအောင်ကိုကိုကျော် ရွှေကံ့ကော် မျိုးစေ့နှင့် စိုက်ပျိုးရေးသုံး ပစ္စည်းဆိုင်မှ အလှူတော်ငွေ(၅၀၀၀၀)ကျပ်အား လှူဒါန်းပေးမှု အတွက် ပညာပါရမီပရဟိအဖွဲ့မှ ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

19/11/2017

Be Alert !!!
********

တစ်​ချို့ page ​တွေနဲ့
Group ​တွေကို သတိထားပြီး
စောင့်​ကြည့်​ဖို့နဲ့တုန့်​ပြန်​ဖို့
လိုလာပြီလို့ ယူဆမိပါတယ်​...

အဲ့ page ​တွေနဲ့ group ​တွေဟာ
အနာဂတ်​မှာ နိုင်​ငံ​ရေးပ​ရောဂ
နွယ်​လာပြီး အသိဥာဏ်​နည်းတဲ့
သာမာန်​ fb user ​တွေအ​ပေါ်...

သတင်းအမှား​တွေ...
သမိုင်းအလွဲ​တွေ...
အချက်​အလက်​အမှား​တွေ...နဲ့
Psywar အကြီးကြီးထည့်​ဖို့
စနစ်​တကျနဲ့ အချိန်​ယူပြင်​ဆင်​ပြီး
Online နိုင်​ငံ​ရေးမှာ အသာစီးရယူဖို့
ကြိုးစားလာနိုင်​တယ်​...

လေ့လာမိသ​လောက်
အဲ့ page ​တွေဟာ အစပိုင်းမှာ...

သတင်းအမှန်​​လေး​တွေတင်​ပြီး
follower ​တွေစစု​ဆောင်းမယ်​...

18+ ခပ်​ဆန်​ဆန်​​လေး​တွေနဲ့
ဟာသ​လေး​တွေတင်
ဗဟုသုတရစရာ​လေး​တွေနဲ့
Like လုပ်​သူ follower​ တွေ
များ​အောင်​လုပ်​မယ်​...

အဲ့ဒီက​နေတစ်​ဆင့်
သူတို့လိုချင်​တဲ့ target ကို
တဖြည်းဖြည်းချင်းဆွဲ​ခေါ်ယူသွားမယ်​...

သွားကြည့်​ပါ ​လေ့လာကြည့်​ပါ..
Memes group ​တွေ
Troll group ​တွေထဲမှာ
ဘယ်​လို psywar ​တွေထည့်​​နေကြတယ်​...

ဒါ​လေး ရှယ်​လိုက်​ပါ
ငွေ​တွေဝင်​မယ်​ဆိုလဲ...ရှယ်​ကြ...
လိုချင်​သ​လောက်​​ငွေ​ရေးလိုက်​ပါ
ဆိုလဲ...​ရေးလိုက်​ကြ...
ရှားပါးအ​ကောင်​​လေးပါ
ရှယ်​ရင်​ ကံ​ကောင်းခြင်း​တွေ
ရောက်​လာမယ်​ဆိုလဲ...ရှယ်​လိုက်​ကြတဲ့
ဥာဏ်​ရည်​နိမ့်​ user ​တွေ အများကြီးပါ...

မြန်​မာပြည်​ fb user
တော်​​တော်​များများကလဲ
ပိန်းဥ​တွေတူးကြ...
ဂျင်း​တွေကြိုက်​နဲ့ဆို​တော့ကာ
အဲ့ဒီဗျူဟာကိုကျင့်​သုံးလာတယ်​လို့
သုံးသပ်​မိတယ်​...
....................................

တစ်​ချို့ ဒီမိုဆိုသူ​တွေက​တော့
ပြောကြလိမ့်​မယ်
ငါတို့ကိုဂျင်းထည့်​မရဘူး​ပေါ့​လေ...

ဟုတ်​ပါတယ်​ မှန်​ပါတယ်​...
သူတို့ကလဲ ခင်​ဗျားတို့နဲ့ တိုက်​ရိုက်
တိုက်​ခိုက်​တဲ့ဗျူဟာက ၂၀၁၂ နဲ့ ၂၀၁၅
အပြီးမှာ ဘယ်​လိုမှ တိုက်​မရဘူးဆိုတာ
ခင်​ဗျားတို့ သက်​​သေပြခဲ့လို့
သူတို့သိသွားပါပြီ...

အခုသူတို့သွား​နေတဲ့လမ်း​ကြောင်းက
အခုမှ စသုံးလာတဲ့ fb user အသစ်​​တွေရယ်
အသက်​၂၀ ဝန်းကျင်​လူငယ်​​လေး​တွေရယ်
စာဖတ်​အားနည်း ဗဟုသုတနည်း
အသိဥာဏ်​ပညာနည်းတဲ့သူ​တွေကို
အဓိက ပစ်​မှတ်​ထားလာကြတာပါ...

ဒီ​နေရာမှာ တစ်​ခုသတိထားရမှာက
မဲ​ပေးပိုင်​ခွင့်​ရှိသူ​တွေဖြစ်​တဲ့

သူ​ဌေးကြီးတစ်​​ယောက်​ရဲ့ မဲတစ်​ပြားနဲ့
ဆင်းရဲသားတစ်​​ယောက်​ရဲ့ မဲတစ်​ပြား...

ဘွဲ့​တွေ၊ဒီပလိုမာ​တွေ အများကြီး
ယူထားတဲ့ ပညာတတ်​ရဲ့ မဲတစ်​ပြားနဲ့
စာမတတ်​တဲ့သူတစ်​​ယောက်​​ရဲ. မဲတစ်​ပြား...

Celebrity တစ်​​ယောက်​ရဲ့ မဲတစ်​ပြားနဲ့
သာမာန်​ fb user တစ်ေ​ယောက်​ရဲ့
မဲတစ်​ပြား...
တန်​ဖိုးချင်းအတူတူဆိုတာကို​တော့
ဘယ်​သူမှ ငြင်းလို့ရမယ်​မထင်​ဘူး...

မြန်​မာပြည်​မှာ
နိုင်​ငံ​ရေး အသိအမြင်​ကြွယ်​ဝသူနဲ့
နိုင်​ငံ​ရေး အသိအမြင်​နိမ့်​ပါးသူ
အ​ရေအတွက်​ချင်း အချိုးချကြည့်​ပါ...

ဘယ်​သူ​တွေကိုစည်းရုံးရတာ
ပိုလွယ်​မယ်​ထင်​ပါသလဲ....?
...............................

ဟိုအရင်​အချိန်​ကာလ​တွေကလို
မိုးအလင်း​ပေါက်​ မန့်​​တွေမှာ
ဒီမို​တွေနဲ့ တိုက်​ခိုက်​၊ ဝါဒ​တွေ
ပြိုင်​တဲ့ ဗျူဟာကို သုံးမဲ့အစား...

အရင်​ကတည်းက ကြိုထည့်​ထားတဲ့
အဘ​တွေရဲ့ သစ္စာ​တော်​ခံ​တွေနဲ့
cell ​တွေကို အသုံးချပြီး
ပြည်​သူ့အစိုးရရဲ့လုပ်​ငန်း​ဆောင်​တာ​တွေ
အ​ပေါ်မှာ ​နှောင့်​​နှေး​အောင်​...
ကြိုးနီစနစ်​ဖြစ်​​ပေါ်လာ​အောင်​...
အမျိုးမျိုးလုပ်​​ဆောင်​လာဖို့ရှိတယ်​...
(ဒါကပထမအချက်​)

နောက်​ပြီး
အခက်​အခဲမျိုးစုံနဲ့ ရုန်းကန်​​နေရတဲ့
အစိုးရရဲ့​ပျော့ကွက်​​တွေကို
ထောက်​ပြပြီး အဲ့အထဲမှာ
သမိုင်းအလိမ်​အညာ​တွေ...
အချက်​အလက်​အမှား​တွေ...
psywar ​တွေ​ရောထည့်​ပြီး
နိုင်​ငံ​ရေးအသိနည်းသူ​တွေအ​ပေါ်မှာ
persuade လုပ်​တာ
ပိုထိ​ရောက်​တဲ့အတွက်
ဒီလိုဗျူဟာ​တွေကို
online ​ရော onground မှာပါ
ထုတ်​သုံးလာဖို့ရှိတယ်​လို့
သုံးသပ်​မိပါတယ်​...

ပြောချင်​တာက
ရန်​ဖြစ်​ရင်းအချိန်​ကုန်​မ​နေကြပဲ
တစ်​ဖက်​က ပစ်​ထည့်​လာမဲ့
Psywar ​တွေကို ချိုးဖဲ့ဖို့
တန်​ပြန်​ သတင်းအမှန်​​တွေနဲ့
ခင်​ဗျားတို့ လက်​သန်း​တွေနဲ့ ထိုးတင်
ထားတဲ့ ပြည်​သူ့အစိုးရနှင့်​အတူ
ပူး​ပေါင်းပါဝင်​ပြီး ဝန်းရံ​ပေးကြပါလို့
အနူးအညွှတ်​​တောင်းဆိုလိုက်​ပါတယ်​...

ဒါပါပဲ

Zaw Latt

03/07/2017

#လူငယ်တွေ_မှန်မှန်ကန်ကန်ဖြောင့်ဖြောင့်မတ်မတ်ဖြစ်ဖို့ (၂)
#ဒေါ်အောင်ဆန်းစုကြည်

#ပေးကမ်းကြောင်းမေ့လျက်_စွန့်ကြဲပေးကမ်းမည်
ပေးကမ်းကြောင်းမေ့လျက် စွန့်ကြဲပေးကမ်းမည်ဆိုတာ လူတစ်ဦးတစ်ယောက်ဟာ ပေးလို့ရှိရင် တကယ့်စေတနာနဲ့ပေးရင် ငါပေးတယ်၊ ငါပေးတယ်၊ ငါပေးတယ်လို့ ပြောနေစရာမလိုဘူး။ တစ်ချိန်လုံးလည်း စိတ်ထဲမှာ ဒီလူကို ငါပေးခဲ့တာပဲ၊ ငါပေးခဲ့တာပဲ၊ ငါပေးခဲ့တာပဲ ထားလို့ရှိရင် တကယ်စစ်မှန်တဲ့ စေတနာမဟုတ်ဘူး။ စစ်မှန်တဲ့ စေတနာနဲ့ ပေးကမ်းစွန့်ကြဲတဲ့သူဟာ ငါပေးပါလား၊ ငါပေးပါလား၊ ငါပေးပါလားဆိုတာကို တစ်ချိန်လုံး စိတ်ထဲမှာ မထားဘူး။ ဒီအတိုင်းပဲ အခု တိုင်းပြည်အတွက်၊ လူမျိုးအတွက် လုပ်နေတဲ့သူတွေဟာ ငါဟာ တိုင်းပြည်အတွက်လုပ်ခွင့်ရတာ၊ လူမျိုးအတွက် လုပ်ခွင့်ရတာကို ကျေးဇူးတင်ရမယ်။ ဂုဏ်ယူရမယ်။ လုပ်ခွင့်ရတာကို ကိုယ်က ၀မ်းသာရမယ်။

တချို့က အမြဲပြောတယ်။ လူငယ်အချင်းချင်း ပြိုင်ပြီးတော့ ပြောတာ။ အဲဒါဆိုရင် အန်တီက မကြိုက်ဘူး။ တို့က မတ်လကတည်းက ပါလာတာ။ သူက ဇွန်လမှ ပါလာတာ စသဖြင့်ပေါ့လေ။ တစ်ယောက်နဲ့တစ်ယောက် နှိုင်းပြီးတော့ ပြောကြတယ်။ ဒီလို မပြောသင့်ဘူး။ အားလုံးလုပ်တဲ့သူများဟာ သူ့အချိန်နဲ့၊ သူ့အခါနဲ့၊ သူ့နေရာနဲ့ တကယ်ပဲ စိတ်ပါလက်ပါနဲ့ သတ္တိနဲ့လုပ်တယ်ဆိုရင် အားလုံးမှာ ဂုဏ်ရှိတာပဲ။ ကိုယ်က လုပ်ခဲ့တာကိုပဲ စဉ်းစားနေရင်၊ ကိုယ်လုပ်ခဲ့တာတွေကိုပဲ ထပ်တလဲလဲပြောနေရင် ဒါဟာ စေတနာမမှန်ဘူး။ အဲဒီတော့ ပေးကမ်းစွန့်ကြဲတဲ့အခါကျရင် စွန့်ကြဲကြောင်းကို မေ့ထားပြီးတော့ ပေးကမ်းသလို တိုင်းပြည်အတွက် လုပ်ပေးတဲ့အခါကျရင်လည်း လုပ်ပေးကြောင်းကို မေ့ပြီး လုပ်ပေးကြပါ။ လုပ်ပေးနိုင်တဲ့ အခွင့်အရေးအတွက် ကျေးဇူးတင်ကြပါ။ ဂုဏ်ယူကြပါ။ ငါလုပ်ပေးတယ် ဆိုပြီးတော့ မာနမကြီးကြပါနဲ့။

#ခွန်အားနည်းကြောင်းသိလျက်_စိတ်နှိမ်ချမည်
လူတိုင်းလူတိုင်းဟာ စိတ်နှိမ့်ချတဲ့ အရည်အချင်းရှိရမယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးတော့ အထင်ကြီးလို့ရှိရင် နောင်တိုးတက်မှု မရှိနိုင်ဘူး။ တိုးတက်မှုရှိတဲ့လူဆိုတာ ကိုယ့်မှာ ချို့ယွင်းချက်တွေ ရှိတယ်၊ ကိုယ့်မှာ ပြင်စရာတွေ အများကြီးရှိသေးတယ်၊ ကိုယ့်မှာ အားနည်းချက်တွေ အများကြီးရှိသေးတယ်လို့ နားလည်တဲ့သူများဟာ ကိုယ့်မှာ တိုးတက်ဖို့လမ်းတွေ အများကြီးရှိတယ်။ ငါကဖြင့် သိလှပြီ၊ တတ်လှပြီလို့ ထင်လို့ရှိရင် တိုးတက်ရေးလမ်းကြောင်း ပိတ်သွားလိမ့်မယ်။

အဲဒီတော့ လူကြီးတွေတင် မဟုတ်ဘူး။ လူငယ်တွေပင် ငယ်လျက်နဲ့ တိုးတက်ဖို့လမ်းကြောင်း ပိတ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်သူတို့ သိပ်တော်လှပြီ၊ သိလှပြီ၊ တတ်လှပြီလို့ ထင်သွားတယ်။ အဲဒီလို ထင်သွားရင် ပြီးပြီ။ ဒီလူရဲ့ ဘ၀ခရီးဟာ နောင်ထပ်ပြီးတော့ တိုးတက်စရာမရှိတော့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ တိုးတက်ဖို့ဆိုတာဟာ ကိုယ့်ကိုယ်ကိုယ် တစ်ချိန်လုံး သုံးသပ်နေရမယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်နှိမ့်ချရမယ်။

ဘာပဲလုပ်လုပ်၊ ဘယ်လောက်အသက်ရှည်ရှည် ပညာရှာစရာတွေ အများကြီးရှိသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်စရာတွေ အများကြီးရှိသေးတယ်။ အသက်အရှည်ဆုံး နေသွားတဲ့သူ၊ ပညာအရှိဆုံး လူတောင်မှ ပညာအကုန်လည်း မရှိနိုင်ဘူး၊ အတွေ့အကြုံ အကုန်လည်း မရှိနိုင်ဘူး။ လူတိုင်း အပြစ်အနာအဆာ ကင်းတယ်လို့ မရှိနိုင်ဘူး။ အဲဒီတော့ ကိုယ့်မှာ အပြစ်အနာအဆာတွေကို ပြုပြင်ဖို့ဆိုတာက တစ်သက်လုံး ကြိုးပမ်းသွားရမယ်။ အသက်(၉၀)ကျရင်လည်း ကြိုးပမ်းရမှာပဲ။ အသက် ၂၀၊ ၃၀ ဆိုရင်တော့ မပြောနဲ့တော့။ တချို့က ၃၀ လောက်ဆိုလို့ရှိရင် တတ်ပြီ၊ သိပြီ၊ ငါလည်း ဘွဲ့ရပြီလို့ ထင်ကြတယ်။

အထူးသဖြင့် နိုင်ငံခြားမှာ အန်တီ ခဏခဏမြင်ခဲ့တယ်။ အသက် ၇၀၊ ၈၀ ကျမှ တစ်ခုခု ထပ်ပြီးတော့ သင်တယ်။ ကျောင်းပြန်ပြီးတော့ တက်တယ်။ သူတို့ကိုယ်သူတို့ ပြုပြင်ချင်တဲ့စိတ်ဟာ တစ်သက်လုံး ထားတယ်။ အားလုံးဟာ ဒီလိုပဲ ထားရမယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ် စိတ်နှိမ့်ချရမယ်။ ကိုယ်ဟာ သိပ်ပြီးတော့ တော်တယ်၊ သိပ်ပြီးတော့ တတ်တယ်လို့ ဘယ်တော့မှ စိတ်ထဲမှာ မထားပါနဲ့။ ဘယ်လောက်တော်တော် ပိုပြီးတော့ တော်နိုင်သေးတယ်။ ဘယ်လောက်တတ်တတ် ပိုပြီးတော့ တတ်နိုင်သေးတယ်။ ဘယ်လောက်ကောင်းကောင်း ပိုပြီးတော့ ကောင်းနိုင်သေးတယ်။ ကိုယ်ဟာ အသက်ရှင်နေသမျှတော့ ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်စရာ အကြောင်းတွေ အများကြီးရှိပါသေးတယ်။

#ရွှင်လန်းချစ်ခင်မော်ကြည့်လျက်_ထူးပင့်မည်
နောက်ဆုံးဟာကတော့ ရွှင်လန်းချစ်ခင် မော်ကြည့်လျက် ထူးပင့်မည်တဲ့။ ဒါဟာ အထူးသဖြင့် လူငယ်တွေနဲ့ ဆီလျော်ပါတယ်။ ရွှင်ရွှင်လန်းလန်း ချစ်ချစ်ခင်ခင်နဲ့ မော်ကြည့်ရမယ်၊ အထက်ကို ကြည့်ရမယ်၊ အောက်ကိုမကြည့်ရဘူးဆိုတာ အဆင့်မြင့်မြင့် စဉ်းစားရမယ်၊ မြင့်မြတ်တဲ့ စိတ်သဘောထားတွေ မွေးရမယ်၊ ရွှင်ရွှင်လန်းလန်း ရှိရမယ်။ လူငယ်တို့သဘာဝဟာ ရွှင်ရွှင်လန်းလန်း ရှိရမယ်။ လူငယ်ဖြစ်လျက်နဲ့ ရှုံ့ရှုံ့မဲ့မဲ့ သုန်သုန်မှုန်မှုန် ဖြစ်နေလို့ရှိရင် လူကြီးဘ၀ကျ ဘယ်လောက်စိတ်ညစ်စရာကောင်းမလဲ။ ဒါလည်း စဉ်းစားကြဦး။ ကိုယ်ငယ်တုန်းမှာ ရွှင်ရွှင်လန်းလန်းနေကြပါ။ အလုပ်က ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ကိုယ့်ဘက်မှာ ဘာရှိသလဲ။ ကိုယ့်ဘက်မှာ ကျန်းမာရေးရှိတယ်။ လူငယ်များဟာ ကျန်းမာတယ်။ ရှေ့မှာ နှစ်တွေ နှစ်ပေါင်းများစွာရှိတယ်။ လုပ်စရာအချိန် အများကြီးရှိတယ်။ အဲဒီတော့ ဘာပဲလုပ်ရလုပ်ရ၊ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း၊ နောက်ကျလို့ရှိရင် အများကြီးကောင်းနိုင်စရာတွေ ရှိတယ်ဆိုပြီးတော့ ရွှင်ရွှင်လန်းလန်းနဲ့ နေကြပါ။ အဲဒီလို ရွှင်ရွှင်လန်းလန်းနဲ့ နေကြတဲ့သူများဟာ အကယ်၍ ကံမကောင်းလို့ အသက်မရှည်နိုင်သော်လည်း ကိုယ်နေခဲ့ရတဲ့ သက်တမ်းတိုအတွင်းမှာ ရွှင်ရွှင်လန်းလန်းနဲ့ ပြည့်ပြည့်၀၀ နေသွားရမှာ။ အဲဒီတော့ ရွှင်လန်းချစ်ခင်မော်ကြည့်လျက် ထူးပင့်ရမယ်။

တစ်ယောက်နဲ့တစ်ယောက် မေတ္တာထားရမယ်။ လူငယ်များဟာ သံယောဇဉ်နည်းတယ်။ စွဲလမ်းချက်တွေ နည်းတယ်။ အဲဒီတော့ အဲဒီအချိန်မှာ လူငယ်များရဲ့နှလုံးသားထဲမှာ မေတ္တာတွေဟာ အများကြီး ထားနိုင်တယ်။ ကိုယ်ရဲ့မိတ်ဆွေတွေ၊ ကိုယ်ရဲ့သူငယ်ချင်းတွေ၊ ကိုယ်ရဲ့မိဘဆွေမျိုးသားချင်းတွေကို ချစ်ချစ်ခင်ခင်ထားကြပါ။ ဒီချစ်ခင်တဲ့စိတ်ကို မွေးကြပါ။ ဒါမှ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်နဲ့ အလုပ်မှာလည်း အောင်မြင်နိုင်တယ်။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာလည်း အောင်မြင်နိုင်မှာဖြစ်ပါတယ်။

#ဒေါ်အောင်ဆန်းစုကြည်
(၁၉၈၉ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် မြောင်းမြမြို့၌ ဒေါ်အောင်ဆန်းစုကြည်က လူငယ်များအား အင်္ဂလိပ်ကဗျာတစ်ပုဒ်အကြောင်းကို ရှင်းလင်းဟောပြောခဲ့သော အမှာစကားများမှ ကောက်နုတ်ဖော်ပြပါသည်။)
Eternal Light Magazine
June 2017

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Website

Address

Khayan .
Yangon