2M Food 66
#မာမူကြီးထမင်းဆိုင်
တောင်ဥက္ကလာ သစ္စာလမ်းမပေါ်...
သူ့ဆီက ငါးပိရည်အတော်ကောင်း..
မနံ မငံ ကိုယ်တွေအကြိုက်😋
#ဘရဏီ
#မုန့်ဟင်းခါး
ပွဲတဝက် မရပါဘူး...
ပွဲပြည့် ပဲ ရပါတယ်..
ပူပူလေးစားရင် ပိုအရသာရှိ...
နံနံပင် ပဲသီး ပန်းကန်တွေ သဘောအကျဆုံးပဲ 😁
😋😋😋
23/04/2026
ရာသီဥတုက နွေပီသ လာပြီဆိုတော့....
ကိုယ်တွေလည်း နွေဆန်ရတော့တာပေါ့...😊
ပန်းသီး ပူစီနံ ပျားရည်... အကုန် ရောကြိတ်... 😋
မွှေးမွှေးလေး နဲ့ အေးအေးလေး...
(ZuZuEain9mile)
သီးသန့်ဆန်တယ်..
ငါးကန်လေးတွေ...ကြက်တူရွေးလေးတွေ...ပန်းပင်လေးတွေနဲ့ ခြံဝန်းကြီးထဲမှာ... သီးသန့်တဲလေးတွေလည်းရှိတယ်...ပုံတော့မရိုက်ခဲ့လိုက်ရဘူး... pool side table လည်းရှိတော့ ကြိုက်တာရွေးလို့ရတယ်...မြက်ခင်းပေါ်က Table လည်းရှိသေးတော့ ရွေးချယ်စရာတွေက theme အလိုက် စိတ်ကြိုက်ပဲ...
အစားအစာလေးတွေ အရသာရှိတယ်..
စျေးတာ့alittleကြီး😝..
ရေကူးဖို့က တစ်ဦး ၁၅၀၀၀ကျပ်...
ရေကူးတာထက် ရေဆော့ကြတာများတယ်.. swim suit မပါလည်းရတယ်နော်...အင်္ကျီတော့ဝတ်ပေါ့..😆
အချိန်အကန့်အသတ်မရှိပါ..
Booking လက်ခံလို့ ပိုအဆင်ပြေ..
Should try that...👍
16/04/2026
ရန်ကုန်မြို့အနီးက #ယွန်းနောင်နောင် #ထန်းရည်ဆိုင်
ဒလတံတားသစ်ကြီးကနေ မိနစ်လေးလောက်သာ မောင်းပြီး...
ရန်ကုန်ပေါက်ကျေးရွာအကျော် ဆို ရောက်ပါပြီ...
လမ်းမကြီးဘေးတင် ရှိတာမို့ ရှာရမခက်ပါဘူး...
ခြေတံရှည်တဲကော တဲပုလေးတွေကော ရှိပါတယ်...တဲခ မပေးရပါ...
ထန်းရည်က ၄၀၀၀.. ၆၀၀၀ ၂မျိုးရှိပါတယ်...
အရသာ က ၃မျိုး...ကြိုက်ရာရွေးနိုင်ပါတယ်...
အမြည်းလက်ရာလေးတွေတကယ် မိမိုက်...
စျေးက ၅၀၀၀ကျပ်...
Should try it..😋😋😋😋😋
Click here to claim your Sponsored Listing.