Robust Fitness

Robust Fitness

Share

Photos from Robust Fitness's post 14/11/2025

“လူအပေါ် အန္တရယ်ရှိစေတဲ့ Visceral Fat “

🍪 ခန္ဓာကိုယ်အဆီများထဲမှ အတွင်းကလီစာအဆီ သို့မဟုတ် visceral fat ဟာ အန္တရာယ်အရှိဆုံး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဇီဝကမ္မဖြစ်စဉ်အရ တက်ကြွပြီး endocrine organ လိုမျိုး လုပ်ဆောင်ပါတယ်။ ဆိုလိုတာက ဒီအဆီဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဟော်မုန်းတွေနဲ့ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပါတယ်။

🍩 Visceral fat ဟာ ဝမ်းဗိုက်အတွင်းပိုင်းက အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတွေကို ရစ်ပတ်ထားပြီး ရောင်ရမ်းမှုကို ဖြစ်စေတဲ့ cytokines တွေကို ထုတ်လွှတ်တဲ့အတွက် နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ဒါ့အပြင် သူက ခန္ဓာကိုယ်ကို အင်ဆူလင်ကို တုံ့ပြန်မှုနည်းလာအောင် ပြုလုပ်ပြီး အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေပါတယ်။

🥧 ပြီးရင် visceral fat ဟာ သွေးကြောတွေကို ကျဉ်းစေပြီး သွေးပေါင်ချိန်ကို မြှင့်တင်ပေးတဲ့ Angiotensin (အန်ဂျီအိုတန်စင်) လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးကို ထုတ်လုပ်ပေးတဲ့အတွက် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

🧁 NHANES အချက်အလက်များမှ အရွယ်ရောက်သူ ၁၀,၀၀၀ ပါဝင်တဲ့ Nature, 2025 cross-sectional လေ့လာမှုတစ်ခုက ခန္ဓာကိုယ်ရှိ ကြွက်သားထုနှင့် အတွင်းကလီစာအဆီအချိုး (LMI/VFMI) နဲ့ နှလုံးဇီဝဖြစ်စဉ် ကျန်းမာရေးတို့ရဲ့ ဆက်စပ်မှုကို စစ်ဆေးခဲ့ပါတယ်။ အဆိုပါလေ့လာမှုက ကြွက်သားထုနှင့် အတွင်းကလီစာအဆီအချိုး ပိုမိုမြင့်မားသူတွေဟာ နှလုံးဇီဝဖြစ်စဉ်ဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေ (၇၀-၉၀% ပိုနည်း) ကို သိသိသာသာ လျော့နည်းစေတယ်လို့ အတည်ပြုခဲ့ပါတယ်။
အသက်၊ ကျား/မ၊ နေထိုင်မှုပုံစံ၊ လူမှုစီးပွားရေးဆိုင်ရာအချက်များနှင့် ဆေးဝါးသုံးစွဲမှုတို့ကို ထိန်းညှိပြီးနောက်မှာတောင် ဒီဆက်စပ်မှုတွေဟာ ဆက်လက်တည်ရှိနေခဲ့ပါတယ်။

🍰 Nature မှာ ထုတ်ပြန်ခဲ့တဲ့ နောက်ထပ်လေ့လာမှုတစ်ခုက metabolic syndrome ဝမ်းဗိုက်အဝလွန်ခြင်း၊ သွေးတွင်းသကြားဓာတ်များခြင်း၊ သွေးတိုးခြင်းနှင့် Dyslipidaemia (ဒစစ်လပ်ပ်ပဒီးမီးယား) စတဲ့အန္တရာယ်ဖြစ်စေသောအချက်များ ပါဝင်ပြီး ကမ္ဘာတစ်ဝန်းမှာ ပြဿနာကြီးတစ်ခုဖြစ်လာနေပါတယ်) ဖြစ်ပေါ်လာမှုကို ခန့်မှန်းရာမှာ visceral fat ဟာ အရေးပါကြောင်း တွေ့ရှိခဲ့ပါတယ်။

🍦 Visceral fat ကို အစားအသောက်၊ လေ့ကျင့်ခန်းနှင့် နေထိုင်မှုပုံစံပြောင်းလဲခြင်းတို့မှတစ်ဆင့် လျှော့ချခြင်းဟာ ပြင်းထန်တဲ့ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချရန်၊ ရောဂါများကို ကာကွယ်ရန်နှင့် တစ်ကိုယ်လုံးကျန်းမာရေးကို ကောင်းမွန်စေရန်အတွက် အရေးကြီးပါတယ်။ Resistance training, aerobics နှင့် HIIT တို့ကဲ့သို့သော လေ့ကျင့်ခန်းတွေဟာ visceral fat ပါဝင်မှုကို သိသိသာသာ လျှော့ချပေးကြောင်း လေ့လာမှုများက အခိုင်အမာ ဖော်ပြခဲ့ပါတယ်။






💪ကျနော်နဲ့ Personal Training လေ့ကျင့်လိုပါက : 09772228040 ဆက်သွယ်နိုင်ပါတယ်။

Certified Personal Trainer : Ethan FitPro

🚨စာရေးသူအား လေးစားသည့်အနေဖြင့်
Text copy ဖြစ်စေ၊ Video Clip မှာ စာကို voice အဖြစ်ယူသုံးသည်ဖြစ်စေ ခွင့်မပြုပါ။
Original Post ကို Share ခြင်းဖြင့် အသိမှတ်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။

✍️✍️✍️✍️✍️✍️✍️✍️✍️

07/11/2025

Latte ☕️

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address

Yangon