Handmade by Thoon

Handmade by Thoon

Share

15/03/2026

🦁 Leo Sign Mini Bag ♌

​အိတ်ပိစိလေးတွေဆို အရမ်းချစ်လို့ ကိုယ်တိုင်သုံးဖို့ ချုပ်ထားတဲ့ Handmade အိတ်လေးပါ🤎

Admin ကိုယ်တိုင်က Leo ရာသီဖွားမို့ အမှတ်တရဖြစ်အောင် ♌ Leo sign လေး ထည့်ချုပ်ထားတယ်✨

​ချစ်စရာကောင်းရုံတင်မဟုတ်ဘဲ ပိစိကွစလေးတွေလည်း စုံစုံလင်လင် ဆံ့တာမို့ သွန်းကတော့ ဟိုနားဒီနားသွားရင် လွယ်ကြိုးလေးတပ်ပြီး သုံးနေပါတယ်💁

လက်ကိုင်ကြိုးလေးနဲ့ ကိုင်ရင်လည်း အရမ်း Cute ဖြစ်တယ်နော် 🥰🤎

Photos from Handmade by Thoon's post 22/02/2026

🧵 စက်သံတွေခဏနားပြီး... အပ်ကလေးတစ်ချောင်းနဲ့ စတင်တဲ့ခြေလှမ်းသစ် 🪡

​သွန်းက အရင်ကတည်းက အိတ်လေးတွေဖန်တီးရင် Embroidery ပန်းလေးတွေကို လက်နဲ့ အနုစိတ်ထိုးပြီးမှ စက်နဲ့ အဆုံးသတ်ပေးခဲ့တာပါ။
အခုတော့ အပ်ချည်မျှင်လေးတွေနဲ့ အချိန်ပေးရတာကို မြတ်နိုးတဲ့ သွန်းအတွက် ပိုပြီးနက်ရှိုင်းတဲ့ ခြေလှမ်းအဖြစ် Full Handmade (Quilted) လက်ချုပ်အိတ်လေးတွေကို စတင်ဖန်တီးဖြစ်ခဲ့ပါတယ်။ ✨

​ဒီတခါမှာတော့ စက်သံလေးတွေကို ခဏဖယ်ထားပြီး အစအဆုံး လက်နဲ့ပဲ တစိမ့်စိမ့် ချုပ်လုပ်ဖြစ်ခဲ့ပါတယ်။
လက်ချုပ်အိတ်တစ်လုံးဖြစ်ဖို့ဆိုတာ စက်နဲ့ချုပ်သလို
တထိုင်တည်းနဲ့ ပြီးမသွားဘဲ နေ့ရက်ပေါင်းများစွာ စိတ်ရှည်လက်ရှည်နဲ့ တချက်ချင်းစီ တရွေ့ရွေ့ချုပ်ရတာပါ။
ဖန်တီးသူရဲ့ စိတ်ပါလက်ပါရှိမှုနဲ့ စေတနာတွေ အပြည့်အဝပါမှသာ အိတ်တစ်လုံးက အသက်ဝင်လာတာမျိုးမို့ ပေးဆပ်ရတဲ့ "အားထုတ်မှု" က အတော်လေး ကွာခြားပါတယ်။ 🌿

​အသုံးပြုတဲ့ ပိတ်စမှာဆိုရင်လည်း သာမာန်ပိတ်စမျိုးမဟုတ်ဘဲ ယက္ကန်းပိတ်စစ်စစ်၊ အပ်ချည်လုံးကအစ ဇစ်အဆုံး အကောင်းဆုံး Premium Quality တွေကိုပဲ ရွေးချယ်အသုံးပြုထားတာမို့ ရရှိလာတဲ့ အသွင်အပြင်က စက်ချုပ်အိတ်တွေမှာ မရနိုင်တဲ့ ထူးခြားတဲ့ ခံစားချက်မျိုးကို ပေးပါတယ်။
အဲ့ဒီလို အချိန်တွေ၊ အားစိုက်မှုတွေနဲ့ အကောင်းဆုံးကုန်ကြမ်းတွေကိုပဲ ရင်းနှီးထားရလို့လည်း Handmade အိတ်စစ်စစ်လေးတွေရဲ့ တန်ဖိုးက စက်ချုပ်အိတ်လေးတွေနဲ့စာရင် သိသိသာသာ ကွာခြားမှုရှိနေတာပါရှင်။

ဈေးနှုန်းကွာခြားမှုရှိပေမဲ့ ​ကိုင်လိုက်တဲ့အခါ ရရှိမယ့် Handmade စစ်စစ်ရဲ့ Feeling၊ နွေးထွေးမှုနဲ့ လောကမှာ တစ်လုံးတည်းရှိတဲ့ Unique ဖြစ်မှုကတော့ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ ခံစားချက်မျိုးပါ။🤎🫶

Handmade ကို ချစ်မြတ်နိုးကြတဲ့သူတွေအတွက်တော့ ဒီလိုအိတ်လေးတွေဟာ အိတ်တစ်လုံးထက်ပိုတဲ့ "တန်ဖိုးရှိတဲ့ လက်ရာတခု" ဖြစ်နေမှာ အသေအချာပါပဲ။ 🧶🪡

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon