Tr.Saw Maths

Tr.Saw Maths

Share

21/02/2026

နွေရာသီအားလပ်ရက်လေးမှာ Maths Topic တစ်ခုကို မြန်မာငွေကျပ် 3000 ဖြင့်သင်ယူလေ့လာကြပါစို့။

T&H Maths Center မှ ထုတ်ထားတဲ့
အိမ်မှာတွက်မယ် စာအုပ်ကို၀ယ်ပြီး Tr.Saw နဲ့အတူ
Basic Calculation ပိုင်အောင်လေ့ကျင့်ကြရအောင်

အိမ်မှာတွက်မယ် စာအုပ်တွေထဲမှာဆိုရင် T & H မှာလက်ရှိသင်ကြားပေးနေတဲ့ သင်ခန်းစာတွေကို စုစည်းပြီး Grade တစ်ခုချင်းစီအတွက် အခြေခံ Concept တွေ ၊ လေ့ကျင့်ခန်းတွေနဲ့ ထုတ်ဝေပေးထားတာကြောင့် သားသားမီးမီးတို့အတွက် လေ့လာ ၊ လေ့ကျင့်စရာ အကောင်းဆုံး စာအုပ်တွေပဲ ဖြစ်ပါတယ်။
အိမ်မှာတွက်မယ်စာအုပ်ရဲ့ သင်ခန်းစာတွေကို အင်္ဂလိပ်လို ရေးဆွဲဖော်ပြထားတာကြောင့် နိုင်ငံတကာသင်ရိုးညွှန်းတမ်းကို လေ့လာလိုသူတွေအတွက် အထူးအကျိုးပြုစေမယ့်စာအုပ်တွေဖြစ်ပါတယ်ရှင်။ Government သင်ရိုးကိုလည်းများစွာ အထောက်ကူဖြစ်စေသည့်သင်ရိုးဖြစ်ပါတယ်။ထိုစာအုပ်ကိုလေ့လာပြီးသောအခါ တဆင့်တတ်ပြီး
Singapore Maths problem Solving တွေအတွက် ‌လွယ်ကူစေမည့်စာအုပ်လေးဖြစ်ပါတယ်။

သင်တန်းကာလ 2လ အတန်း 80000 ကျမည့်အတန်းကို အထူးဈေး 60000ကျပ်ဖြင့်သင်ရိုးအပြတ်သင်မည့်
Face to Face Zoom Online Classအတန်းတစ်ခုကို လူ10ယောက်သာလက်ခံဖွင့်မည့်အတန်းဖြစ်ပါတယ်။

(အိမ်စာမှန်မှန်လုပ်ပေးဖို့လိုအပ်ပါသည်။)

Basic Calculation Classသည် လူပြည့်မြန်သောတန်းခွဲလေးဖြစ်သော‌ကြောင့် မြန်မြန်အပ်နှံဖို့လိုပါတယ်နော်။

G1 to G5 အထိသာအရင်ဖွင့်ပါမည်။

အသေးစိတ်ကို 09795605228သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

03/02/2026

ဘယ်သင်ရိုးနဲ့ စမ်းစမ်း အမှန်ကန်ဆုံး တွက်ချက်ဖြေဆိုနိုင်အောင် လေ့ကျင့်ပေးမယ့် 𝐓𝐫.𝐒𝐚𝐰 ရဲ့ နွေရာသီ
Basic Calculation & Singapore Maths Class ( မြောက်ဒဂုံ 𝐈𝐧 𝐂𝐚𝐦𝐩𝐮𝐬)

နိုင်ငံတကာ အကောင်းဆုံး သင်ရိုးတွေထဲက တစ်ခုဆိုပြီး ထိပ်ဆုံးထား အသတ်မှတ်ခံရတဲ့ Singapore Maths ဟာ မြန်မာသင်ရိုးနဲ့ သင်ယူထားဖူးတဲ့ ကလေးငယ်လေးတွေ နိုင်ငံတကာ ပညာရေးဘက်ကို ကူးလှမ်းတဲ့အခါ အကိုက်ညီဆုံးနဲ့ အထောက်အကူဖြစ်ဆုံး Curriculum တစ်ခုပဲ ဖြစ်ပါတယ်။

Singapore Maths သင်ရိုးကတော့

✅ စဉ်းစားတွေးခေါ်ပြီး တွက်ချက်ရတဲ့ ပုစ္ဆာများ၊
✅ Model Drawing ရေးဆွဲပြီး အဖြေရှာရတဲ့ ပုစ္ဆာများနဲ့
✅ Thinking Skill ကို တိုးတက်စေတဲ့ ပုစ္ဆာများစွာ ပါဝင်တဲ့အပြင်
✅ Review Assessment တွေပါ ပူးတွဲပါဝင်တဲ့ ပြီးပြည့်စုံဆုံး သင်ရိုးတစ်ခုပဲ ဖြစ်ပါတယ်။

ကလေးငယ်လေးတွေရဲ့ သင်္ချာစွမ်းရည်ကို သိသိသာသာ တိုးတက်စေမယ့် Singapore 𝐌𝐚𝐭𝐡𝐬 ကို 𝐓𝐫.𝐒𝐚𝐰 ကိုယ်တိုင်မှ သင်နေကျ 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 ကို ဖွင့်လှစ်မယ့်အပြင် လူကိုယ်တိုင် လာတက်ပြီး 𝐓𝐫.𝐒𝐚𝐰 ရဲ့ အနီးကပ်သင်ပြမှုကိုမှ လိုချင်ကြသူများအတွက် 𝐈𝐧 𝐂𝐚𝐦𝐩𝐮𝐬 𝐂𝐥𝐚𝐬𝐬 (မြောက်ဒဂုံ) ကိုပါ ဖွင့်လှစ်လိုက်ပြီပဲ ဖြစ်ပါတယ်ရှင်…🎉

Problem Solving လုပ်နိုင်အောင်၊ Critical Thinking တိုးတက်အောင်၊ Calculation အပိုင်းမှာလည်း ကျွမ်းကျင်အောင် Basic Calculation Maths & Singapore Maths ကို သင်ပြတဲ့အခါမှာ သင်္ချာကို မကြောက်ဘဲ ချစ်မြတ်နိုးလာအောင် စိတ်ရှည်လက်ရှည် သင်ပြပေးမှာ ဖြစ်ပြီး

သင်္ချာကြီးပဲ ထိုင်တွက်နေရတာမဟုတ်ဘဲ Play & Learn Method လေးတွေနဲ့ မှတ်ဉာဏ်ထဲ စွဲထင်နေအောင်၊ သင်္ချာတွက်နေရတာကို ပျော်ရွှင်ဖွယ် ခံစားရအောင် သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

IGCSE ကို သင်ယူလိုသူများ၊ Olympiad Maths ဖြေဆိုလိုသူများ တက်ကို တက်ထားသင့်တဲ့ Tr.Saw ရဲ့ Singapore Maths Class တွေမှာ ထိထိရောက်ရောက် သင်ယူနိုင်အောင် တစ်တန်းကို ကျောင်းသားဦးရေ (၈) ယောက်သာ လက်ခံသွားမှာ ဖြစ်ပါတယ်။

✳️ Online Class Fee - (40000) ကျပ်
✳️ မြောက်ဒဂုံ In Campus Class Fee - (65,000) ကျပ်စီ ကျသင့်မှာပဲ ဖြစ်ပြီး
✳️ မြောက်ဒဂုံအတန်းလေးကတော့ မတ်လအတွင်း စနေနဲ့ တနင်္ဂနွေနေ့တွေမှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။

ကျောင်းသားဦးရေ နည်းနည်းကိုမှ သေချာလေး သင်ပေးသွားမယ့် အတန်းလေးတွေမို့ လူပြည့်မြန်တာကြောင့် အခုပဲ စာရင်းပေး အပ်နှံနိုင်ပါပြီ …🤗

Page Messenger
Phone Number - 09795605228 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

19/08/2025

Cambridge, Pearson, Singapore နဲ့ Olympic Maths တို့ရဲ့ ကွာခြားချက်များ 📘📕📙📗
--------------------------------

မိဘများနဲ့ ကျောင်းသားတွေကြားမှာ အမြဲတမ်းမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုကတော့ "ဘယ် Maths ကိုသင်ရမလဲ?" ဆိုတာပါပဲ။ Cambridge Maths, Pearson Maths, Singapore Maths, Olympic Maths တွေကြားမှာ ဘာတွေကွာခြားလဲ၊ ကိုယ့်ကလေးရဲ့ ရည်မှန်းချက်နဲ့ သင်ယူမှုပုံစံအတွက် ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ဒီPost လေးမှာ အသေးစိတ် နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။

၁။ Cambridge Maths (ကင်းဘရစ်ချ်သင်္ချာ)

Cambridge Maths ဆိုတာ သင်ရိုးညွှန်းတမ်း (Curriculum) တစ်ခုဖြစ်ပြီး ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Cambridge Assessment International Education ကနေ သတ်မှတ်ထားတဲ့ ပညာရေးစနစ်တစ်ခုပါ။ ဒါဟာ သီးခြားစာအုပ်တံဆိပ်တစ်ခုမဟုတ်ဘဲ နိုင်ငံတကာအသိအမှတ်ပြု ပညာရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

အဓိကအချက်များ:

ဖွဲ့စည်းပုံစနစ်တကျရှိခြင်း: Primary, Lower Secondary, IGCSE, AS/A-Level ဆိုပြီး အဆင့်လိုက် ရှင်းလင်းတဲ့ လမ်းကြောင်း (Pathway) ရှိပါတယ်။

နိုင်ငံတကာအသိအမှတ်ပြုမှု: ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်တွေက အသိအမှတ်ပြုတဲ့ IGCSE နဲ့ A-Level ဘွဲ့တွေ ရရှိဖို့အတွက် အဓိကသင်ရိုးဖြစ်ပါတယ်။

စဉ်းစားတွေးခေါ်မှုကို ဦးစားပေးခြင်း: အလွတ်ကျက်မှတ်ခြင်းထက် သင်္ချာရဲ့ သဘောတရား (Concept) ကို နားလည်ပြီး လက်တွေ့ပြဿနာတွေမှာ ပြန်အသုံးချနိုင်တဲ့ စွမ်းရည် (Application & Problem-Solving Skills) ကို အဓိကထား သင်ကြားပေးပါတယ်။

စစ်ဆေးအကဲဖြတ်မှု: သတ်မှတ်ထားတဲ့ သင်ရိုးကုန်ဆုံးချိန်တွေမှာ စံသတ်မှတ်ချက်တူညီတဲ့ စာမေးပွဲတွေနဲ့ စစ်ဆေးအကဲဖြတ်ပါတယ်။

ဘယ်သူတွေအတွက် သင့်တော်လဲ?
နိုင်ငံတကာကျောင်းတက်နေတဲ့ ကျောင်းသားတွေ၊ ပြည်ပမှာ တက္ကသိုလ်ဆက်တက်ဖို့ ရည်ရွယ်ထားသူတွေ၊ စနစ်တကျချမှတ်ထားတဲ့ သင်ရိုးအတိုင်း အဆင့်လိုက် တက်လှမ်းလိုသူတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။

-----------------------------------------

၂။ Pearson Maths (ပီယာဆန်သင်္ချာ)

Pearson ဆိုတာ ကမ္ဘာ့အကြီးဆုံး ပညာရေးဆိုင်ရာ ထုတ်ဝေရေးကုမ္ပဏီ (Publishing Company) ကြီးတစ်ခုပါ။ သူတို့က Cambridge လို သင်ရိုးညွှန်းတမ်းကို သတ်မှတ်တဲ့အဖွဲ့အစည်း (Awarding Body) အဖြစ်လည်း (Edexcel ဆိုတဲ့ နာမည်နဲ့) လုပ်ဆောင်သလို၊ အခြားသင်ရိုးတွေအတွက် အရည်အသွေးမြင့် စာအုပ်တွေ၊ သင်ထောက်ကူပစ္စည်းတွေ ထုတ်ဝေပေးပါတယ်။

အဓိကအချက်များ:

သင်ထောက်ကူပစ္စည်းအစုံအလင်: အရည်အသွေးမြင့် ဖတ်စာအုပ်တွေ၊ လေ့ကျင့်ခန်းစာအုပ်တွေ၊ Online Resources တွေ အစုံအလင်ရှိတာကြောင့် ကျောင်းသားရော၊ ဆရာပါ သင်ကြားသင်ယူမှုကို လွယ်ကူစေပါတယ်။

သင်ရိုးညွှန်းတမ်းနှင့် ကိုက်ညီမှု: Pearson Maths စာအုပ်တွေဟာ UK National Curriculum, Cambridge Curriculum နဲ့ သူတို့ကိုယ်ပိုင် Edexcel Curriculum (ဥပမာ - iPrimary, iLowerSecondary, International GCSE) တွေနဲ့ ကိုက်ညီအောင် ရေးဆွဲထားတာပါ။

လက်တွေ့ကျပြီး နားလည်လွယ်ခြင်း: ကျောင်းသားတွေ စိတ်ဝင်စားအောင် ရောင်စုံပုံတွေ၊ လက်တွေ့ဘဝနဲ့ နီးစပ်တဲ့ ဥပမာတွေနဲ့ ရှင်းပြလေ့ရှိပါတယ်။

ဘယ်သူတွေအတွက် သင့်တော်လဲ?
ကျောင်းသင်ရိုးအပြင် အိမ်မှာ ထပ်လေ့ကျင့်ချင်တဲ့ ကျောင်းသားတွေ၊ သင်ကြားရေးအတွက် အရည်အသွေးမြင့် သင်ထောက်ကူပစ္စည်းကောင်းကောင်း လိုအပ်တဲ့ ကျောင်းတွေနဲ့ ဆရာ၊ ဆရာမတွေအတွက် အလွန်အသုံးဝင်ပါတယ်။ တစ်ခါတစ်ရံမှာ ကျောင်းသားတစ်ယောက်ဟာ Cambridge သင်ရိုးကို Pearson စာအုပ်နဲ့ သင်ယူနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

----------------------------------------

၃။ Singapore Maths (စင်္ကာပူသင်္ချာ)

Singapore Maths ဆိုတာ သင်ရိုးညွှန်းတမ်းတစ်ခုထက် "သင်ကြားရေးနည်းစနစ်" (Teaching Methodology) တစ်ခုလို့ ပြောရင် ပိုမှန်ပါတယ်။ ကမ္ဘာ့အဆင့်မီ သင်္ချာပညာရေးလို့ သတ်မှတ်ခံထားရပြီး ကလေးတွေကို သင်္ချာကို ဘယ်လို "တွေးခေါ်" ရမလဲဆိုတာကို အဓိကထား သင်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။

အဓိကအချက်များ:

CPA Approach (Concrete → Pictorial → Abstract):
Concrete: ပန်းသီး၊ အရုပ်စတဲ့ တကယ့်လက်တွေ့ပစ္စည်းတွေနဲ့ စသင်ပါတယ်။

Pictorial: နောက်တစ်ဆင့်မှာ အရာဝတ္ထုတွေရဲ့ ပုံတွေ (Bar Model/Model Drawing) ကို သုံးပြီး ရှင်းပြပါတယ်။
Abstract: နောက်ဆုံးမှ ကိန်းဂဏန်း၊ သင်္ကေတ (+, -, x, ÷) တွေကို သုံးပြီး တွက်ချက်စေပါတယ်။ ဒီနည်းလမ်းက ကလေးတွေရဲ့ နားလည်နိုင်စွမ်းကို အခြေခံကစပြီး ခိုင်မာစေပါတယ်။

Mastery over Memorization: အကြောင်းအရာတစ်ခုကို သေသေချာချာ နားလည်တတ်ကျွမ်းမှ နောက်တစ်ခုကို ဆက်သွားတဲ့စနစ် (Depth over Breadth) ဖြစ်ပါတယ်။ အလွတ်ကျက်တာကို အားမပေးပါဘူး။

Problem-Solving ကို အဓိကထားခြင်း: "Model Drawing" လို နည်းလမ်းတွေသုံးပြီး ပုစ္ဆာရဲ့ ဆိုလိုရင်းကို ပုံဖော်နားလည်စေကာ အဖြေရှာခိုင်းတာကြောင့် စဉ်းစားတွေးခေါ်နိုင်စွမ်းကို အားကောင်းစေပါတယ်။

ဘယ်သူတွေအတွက် သင့်တော်လဲ?
အထူးသဖြင့် မူလတန်းအဆင့် ကလေးငယ်တွေ၊ သင်္ချာရဲ့ အခြေခံသဘောတရားကို ခိုင်ခိုင်မာမာ တည်ဆောက်ပေးချင်တဲ့ မိဘတွေ၊ စဉ်းစားတွေးခေါ်မှုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးလိုသူတွေအတွက် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

-------------------------------------

၄။ Olympic Maths (အိုလံပစ်သင်္ချာ)
Olympic Maths ဆိုတာ ကျောင်းသင်ရိုးညွှန်းတမ်းမဟုတ်ပါဘူး။ ဒါဟာ သင်္ချာကို အထူးစိတ်ဝင်စားပြီး ထူးချွန်တဲ့ကျောင်းသားတွေအတွက် ပြိုင်ပွဲဝင်ဖို့ ရည်ရွယ်တဲ့ အဆင့်မြင့် လေ့ကျင့်ရေး (Competition-based Training) တစ်ခုသာ ဖြစ်ပါတယ်။

အဓိကအချက်များ:

ကျောင်းသင်ရိုးထက် ကျော်လွန်ခြင်း: ကျောင်းမှာသင်တဲ့ ပုံမှန်(Routine Problems) တွေထက် အများကြီးခက်ခဲပြီး နက်နဲတဲ့၊ တီထွင်ဖန်တီးပြီး တွေးခေါ်ရတဲ့ (Non-routine Problems) တွေကို ဖြေရှင်းရပါတယ်။

အဆင့်မြင့်အကြောင်းအရာများ: Number Theory, Combinatorics, Advanced Geometry, Logic စတဲ့ ကျောင်းသင်ရိုးမှာ မပါဝင်တဲ့ အကြောင်းအရာတွေကို အဓိကထား လေ့ကျင့်ရပါတယ်။

ပြိုင်ပွဲဝင်ရန် ရည်ရွယ်ခြင်း: နိုင်ငံအလိုက် သို့မဟုတ် နိုင်ငံတကာ သင်္ချာအိုလံပစ်ပြိုင်ပွဲတွေမှာ ထူးချွန်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ပါတယ်။

အချိန်နဲ့ တီထွင်ဖန်တီးနိုင်စွမ်း: အချိန်အကန့်အသတ်အတွင်းမှာ မမြင်ဖူးတဲ့ ပုစ္ဆာတွေကို ကိုယ့်ရဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ အဓိက လေ့ကျင့်ပေးပါတယ်။

ဘယ်သူတွေအတွက် သင့်တော်လဲ?
ကျောင်းသင်ခန်းစာတွေကို လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်နိုင်ပြီး သင်္ချာကို စိန်ခေါ်မှုတစ်ခုအနေနဲ့ ချစ်မြတ်နိုးတဲ့၊ ဉာဏ်ရည်ထက်မြက်ပြီး ပြိုင်ပွဲဝင်လိုစိတ် ပြင်းပြတဲ့ ထူးချွန်ကျောင်းသားတွေအတွက်သာ သင့်တော်ပါတယ်။

------------------------------------

ဒီ Maths လေးမျိုးဟာ တစ်ခုနဲ့တစ်ခု အားသာချက်ကိုယ်စီရှိပြီး ရည်ရွယ်ချက်လည်း ကွဲပြားပါတယ်။
Cambridge Maths က နိုင်ငံတကာ ပညာရေးလမ်းကြောင်းအတွက် "ပညာရေးစနစ်" တစ်ခု။
Pearson Maths က အဲ့ဒီလိုစနစ်တွေကို အားဖြည့်ပေးတဲ့ "သင်ထောက်ကူပစ္စည်း" တစ်ခု။
Singapore Maths က ခိုင်မာတဲ့အခြေခံနဲ့ စဉ်းစားတွေးခေါ်မှုကို တည်ဆောက်ပေးတဲ့ "သင်ကြားရေးနည်းလမ်း" တစ်ခု။
Olympic Maths က ထူးချွန်သူတွေအတွက် "စိန်ခေါ်မှုပြိုင်ပွဲ" တစ်ခု ဖြစ်ပါတယ်။

အကောင်းဆုံးကို ရွေးချယ်တဲ့အခါ "ဘယ်ဟာက အကောင်းဆုံးလဲ" လို့ မစဉ်းစားဘဲ "ကလေးရဲ့ အရည်အချင်း၊ သင်ယူမှုပုံစံ၊ ဝါသနာနဲ့ အနာဂတ်ရည်မှန်းချက်၊ သင်္ချာကို မည်သည့်ရည်ရွယ်ချက်ဖြင့် လေ့လာလိုသည်ကို မူတည်၍ သင့်တော်သောစနစ်ကို ရွေးချယ်နိုင်ပါသည်။


#သင်္ချာ #ပညာရေး #မိဘနှင့်ကလေး

မူရင်းရေးသားသူအားလေးစားစွာcrd ပေးပါသည်။

05/12/2024

မင်္ဂလာပါရှင်

Singapore သင်ရိုးဖြစ်တဲ့ Casco စာအုပ်လေးဖြင့်၃လပြတ် အတန်းလေးဖွင့်ပါမည်ရှင်။

Casco Mathematics Tutor A/B စာအုပ်အထူကြီးကိုမလုပ်ချင်တဲ့သူများက
ထိုစာအုပ်နဲ့သင်ရိုးပုံစံလည်းတူပြီး
လေ့ကျင့်ခန်းနည်းနည်းနဲ့ထိထိမိမိသာလုပ်ချင်သောသားသားမီးမီးတို့အတွက် အဆင်‌ပြေစေမည့်စာအုပ်ဖြစ်ပါတယ်ရှင်

Government School/ International School
မှ သားသားမီးမီးများအတွက် အဆင်ပြေစေသောသင်ရိုးဖြစ်ပါတယ်ရှင်

၆တန်းစနစ်သစ် နှင့် Cambridge year 6 ကလေးများက Casco G5 ကို တတ်ရပါမည်ရှင်။
ဖြေပြီးသားဆိုရင်တော့ Casco G6 ကိုတတ်ရပါမည်။

Singapore သင်ရိုးဖြင့်သင်နေသောသားသားမီးမီးတို့ကတော့တိုက်ရိုက်သင်ကြားနိုင်ပါသည်ရှင်။

သင်တန်းကြေး တစ်လ 35000ပါရှင်

G-1/2(တစ်ချိန် 8ယောက်)
G-3/4/5/6(တစ်ချိန် 10ယောက်)
09795605228သို့ Viber မှ ဆက်သွယ်နိုင်ပါသည်ရှင်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Address

Yangon