Ebenezer English Classes
21/05/2025
မင်္ဂလာပါရှင်....
ဒီနှစ်ဖွင့်မယ့်အတန်းတွေထဲက Basic 1 အတန်းလေးအကြောင်း ပြောပြချင်ပါတယ်။
Basic 1
Days - Mon, Sat - 6:00 - 7:00 pm
Sun - 7:30 - 8:30 pm
Start on - June 7
Fees - 50,000 MMK per month
Duration - 12 months
Basic 1 အတန်းကို အသက် ၇နှစ် ၊ ၈နှစ် အရွယ်ကစပြီး တက်လို့ရပါတယ်။ အခြေခံအဆင့်အတွက် သိဖို့လိုအပ်တဲ့စကားလုံးလေးတွေ သိလာပါမယ်။ အတန်းထဲမှာ ဆရာပြောတဲ့စကားတွေနားလည်လာပြီး မေးခွန်းလေးတွေ ပြန်ဖြေတတ်လာပါမယ်။ စာကြောင်းလေးတွေ စာပိုဒ်အတိုလေးတွေဖတ်ပြီး အဓိပ္ပါယ်နားလည်လာမယ်။ ဝါကျတိုလေးတွေ ပြောတတ် ရေးတတ်လာပါမယ်။
တစ်နေ့ တစ်နာရီနဲ့ တစ်ပတ် ၃ရက် ၊ တစ်နှစ်ပတ်လုံးသင်ရမှာဖြစ်လို့ အင်္ဂလိပ်ဘာသာစကားနဲ့ အတော်လေးရင်းနှီးလာပြီး ကျောင်းစာကိုလည်း မလိုက်နိုင်မှာ ပူစရာမလိုတော့တဲ့အပြင် နောက် level တွေကို ဆက်ပြီးသင်ယူဖို့အတွက်လည်း အဆင်သင့်ဖြစ်စေမှာပါ။
အင်္ဂလိပ်စာဟာ ဘာသာစကားဖြစ်တာကြောင့် အကြား၊ အဖတ်၊ အရေး၊ အပြော skills လေးခုစလုံးနဲ့ အဆက်မပြတ် ထိတွေ့နေဖို့ လိုအပ်ပါတယ်။ အသံထွက်မှန်မှန်ကန်ကန်ထွက်နိုင်ဖို့၊ စာကို စနစ်တကျဖတ်တတ်ဖို့၊ ရေးတတ်ဖို့ ဆိုတာတွေအတွက်လည်း အရွယ်ငယ်စဥ်ကတည်းက သင်ပေးထားဖို့လိုအပ်တာကြောင့် ကလေးတွေကို အသက် ၆နှစ်လောက်ကတည်းက သင်ပေးကြဖို့လည်း တိုက်တွန်းပါတယ်ရှင်။
သိချင်တာတွေကို Messenger ကနေ မေးမြန်းစုံစမ်းလို့ရပါတယ်ရှင်။
08/05/2025
Me: Why can't we say 'one homework'?
My starters student : Teacher, I know why
we can't say one homework because
teachers never give one homework.
They give like fifteen homework.
13/02/2025
မင်္ဂလာပါရှင်....
Page က active မဖြစ်နိုင်ပေမဲ့ သင်တန်းလေးတွေ မေးမြန်းပေးကြတာ ကျေးဇူးတင်ပါတယ်။ ဒီနှစ်နွေရာသီအတွက်ဖွင့်မယ့် အခြေခံအင်္ဂလိပ်စာ အတန်းသစ်လေး ၃ခုကို ကြော်ငြာပေးချင်ပါတယ်။
အသက် ၇နှစ်လောက်ကစပြီး တက်ရောက်နိုင်ပါတယ်။ အခြေခံကစပြီး level တစ်ခုချင်းမှာ တတ်မြောက်ရမယ့် သင်ခန်းစာတွေ ပြည့်ပြည့်စုံစုံပါဝင်တာမို့လို့ ပိတ်ရက်မှာ ကျောင်းစာအတွက် အထောက်အကူဖြစ်ဖို့သင်ချင်တဲ့ကလေးတွေ ၊ grammar ကို ပိုင်နိုင်ဖို့ လေ့ကျင့်ချင်တဲ့ကလေးတွေအတွက် သင့်တော်ပါတယ်။
Grammar အတွက် အဓိကထားတဲ့စာအုပ်ဖြစ်ပေမဲ့ ဒီစာအုပ်မှာ listening, speaking နဲ့ writing activities တွေလည်း ပါတာမို့ four skills လုံးအတွက် အလေ့အကျင့်ရစေမှာပါ။
တစ်ဦးချင်းကိုအာရုံစိုက်ပြီး ထိထိရောက်ရောက်သင်ကြားနိုင်ဖို့အတွက် လူဦးရေကို ၆ယောက်ကနေ အများဆုံး ၁၂ ယောက်ထိပဲ လက်ခံမှာဖြစ်ပါတယ်။
အတန်းအားလုံးကို online ကနေ zoom နဲ့ သင်ကြားမှာဖြစ်ပြီး March 4ရက်နေ့ စတင်တော့မှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် သိချင်တာတွေကို messenger ကနေ မေးမြန်း ဆက်သွယ် စာရင်းသွင်း အပ်နှံနိုင်ပါပြီ။
ကိုယ့်အသိမိတ်ဆွေထဲမှာ အင်္ဂလိပ်စာသင်တန်းတက်ချင်တဲ့သူတွေရှိရင် ဒီသတင်းလေးကို ထပ်ဆင့်မျှဝေပေးပါဦးနော်။
25/05/2023
အစိုးရသင်ရိုးအင်္ဂလိပ်စာ Grade 6 ကနေ Grade 10 အထိ အတန်းအချိန်စာရင်းပါ။ ဇွန်လကနေ ဖေဖော်ဝါရီလအထိ တစ်ပတ် ၂ရက် သင်ကြားပါမယ်။ သင်တန်းအပ်နှံဖို့နဲ့ တခြားသိလိုတာတွေရှိရင်
messenger ကနေ မေးမြန်းစုံစမ်းလို့ရပါတယ်။
သင်တန်းအကြောင်းနဲ့ သင်တန်းကြေးတွေကို ဒီမှာကြည့်နိုင်ပါတယ်။
https://www.facebook.com/101080349341930/posts/217282467721717/?mibextid=Nif5oz
Click here to claim your Sponsored Listing.