KODI Pet Shop

KODI Pet Shop

Share

04/12/2023

မင်္ဂလာ နံနက်ခင်းလေးပါအမျိုးတို့ရေ

အောင် အရဟံ လာဘံ သိဒ္ဓိ 🙏

အောင် အရဟံ ပီယံ သိဒ္ဓိ🙏

အောင် အရဟံ ဓနံသိဒ္ဓိ🙏

ငွေတွေ အဖက်ဖက်မှ ဝင်လာပါစေ။

အလုပ်မှန်သမျှ ကိုလဲ အခက်အခဲမရှိ ဆောင်ရွတ်နိုင်

ကြပါစေ

03/12/2023

တိလေးတွေအတွက် သန်ချဆေးကို ဘာလို့အစာလုံးဝ မရှိတဲ့ချိန်တိုက်ခိုင်းတာလဲ?

#တိလေးတွေအတွက်ကျန်မာရေးဗဟုသုတ

30/11/2023

တိလေးတွေ အဝလွန်နေပြီလား?

ယခုနောက်ပိုင်းမှာ တိချစ်သူတွေဟာ မိမိမွေးမြူထားတဲ့ တိလေးတွေရဲ့ ကိုယ်အလေးချိန် ပုံမှန် ဟုတ်မဟုတ် ယခင်ကထက် ပိုမိုဂရုစိုက်လာကြပါတယ်။ ဒါကလည်း တိလေးတွေ အဝလွန်လာပြီဆိုရင် နောက်ဆက်တွဲရောဂါ ရင်ဆိုင်လာရတာကို တိချစ်သူတွေ ကြုံလာရလို့ပဲဖြစ်ပါတယ်။ တိလေးတွေမှာ အဝလွန်ခြင်းဟာ အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း သက်လတ်ပိုင်းအရွယ်မှာ ပိုအဖြစ်များတာ တွေ့ရပါတယ်။ သုတေသနစာတမ်းများအရ ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုရှိ ခွေးလေးတွေမှာ အဝလွန်မှု ၅၉ ရာခိုင်နှုန်းနှင့် ကြောင်လေးတွေမှာ ၆၁ ရာခိုင်နှုန်းခန့်ရှိတာ တွေ့ရှိရပါတယ်။ တိလေးတွေ ပုံမှန်ထက်အဝလွန်နေတာဟာ အဓိကအားဖြင့် ပိုင်ရှင်နှင့် သက်ဆိုင်နေပါတယ်။

🐕တိချစ်သူအများစုဟာ မိမိတိလေးတွေကို လိုအပ်တာထက် ပိုကျွေးတာကြောင့် တိလေးတွေ အဝလွန်နေတာဖြစ်ပါတယ်။ တိလေးတွေကို အစာကျွေးတော့မည်ဆိုလျှင် တိလေးတွေရဲ့ အသက်အရွယ်၊ အမျိုးအစားပေါ်မူတည်ပြီး တိရစ္ဆာန်ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီးမှ ကျွေးသင့်ပါတယ်။ မိမိမွေးမြူထားတဲ့ တိလေးတွေ ပုံမှန်ထက်ဝလာပြီဆိုလျှင် ထမင်း၊ဂျုံစတဲ့ Carbohydrates တွေကို လျှော့ကျွေးရမှာဖြစ်ပါတယ်။ ဉပမာအားဖြင့် Homemade dog food ကို ကျွေးမည်ဆိုလျှင် မိမိတိလေးရဲ့ အသက်အရွယ်နှင့် အမျိုးအစားပေါ်မူတည်ပြီး လိုအပ်သလောက်သာ တိရစ္ဆာန်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ ကျွေးသင့်ပါတယ်။

🦮တိလေးတွေရဲ့ ကိုယ်အလေးချိန် ပုံမှန်အနေအထားရှိခြင်းဟာ တိလေးတွေမှာ ရောဂါဖြစ်နိုင်တဲ့ အခြေအနေမှ လျှော့ချနိုင်တဲ့အပြင် တိလေးတွေ အသက်ရှည်ရှည်နေထိုင်နိုင်ရန် ကူညီပေးပါတယ်။ တိချစ်သူတွေအနေဖြင့် မိမိတိလေးတွေရဲ့ ကိုယ်အလေးချိန် ပုံမှန်အတွင်း ရှိမရှိကို နီးစပ်ရာတိရစ္ဆာန်ဆရာဝန်တွေဆီ မေးမြန်းဆွေးနွေးနိုင်ပါတယ်။

🐾တိလေးတွေ ပုံမှန်ထက်ဝလာပြီဆိုလျှင် အမောမခံနိုင်ခြင်း ၊အရိုးအဆင့် ရောင်ရမ်းခြင်း၊ အသက်ရှုနှုန်း ပုံမှန်ထက် မြန်လွန်းခြင်း၊ ဆီးချိုရောဂါနှင့်သွေးတိုးရောဂါအဖြစ်များခြင်း၊ ဆီးနှင့် ကျောက်ကပ်ရောဂါအပြင် နောက်ဆက်တွဲ ကင်ဆာရောဂါတွေအထိပါဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် တိချစ်သူတွေအနေဖြင့် တိလေးတွေကို ပုံမှန်အလေးချိန်ဖြစ်အောင် မွေးမြူခြင်းဖြင့် နောက်ဆက်တွဲရောဂါတွေ မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

🐈‍အဝလွန်နေတဲ့ တိလေးတွေရဲ့ ဘယ်လိုအလေးချိန်လျှော့ချနိုင်မလဲ?
တိချစ်သူတွေအနေဖြင့် အထိ‌ရောက်ဆုံးလုပ်ဆောင်နိုင်တဲ့ နည်းလမ်းကတော့ Diet plan ဆွဲပြီး အာဟာရမျှတတဲ့ အစာကျွေးပေးခြင်းဖြစ်ပါတယ်။ Calories များတဲ့ အစာတွေကို လျှော့ကျွေးခြင်းဖြင့် အလေးချိန်ကို ထိန်းညှိနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်လှုပ်ရှားမှုတွေ ပုံမှန် လုပ်ဆောင်နိုင်ရန်ကူညီပေးခြင်းဖြင့်လည်း အလေးချိန်လျှော့ချနိုင်ပါတယ်။ တိချစ်သူတွေအနေဖြင့် မိမိတိလေးတွေနှင့် လမ်းရှောက်ပေးခြင်း၊ တိလေးတွေကို ပုံမှန်လေ့ကျင့်ခန်းလုပ်စေခြင်းဖြင့် အဝလွန်တာကို လျှော့ချနိုင်ပါတယ်။

29/11/2023

မဂ်လာ နံနက်ခင်းလေးပါအမျိုးတို့ရေ

အောင် အရဟံ လာဘံ သိဒ္ဓိ 🙏

အောင် အရဟံ ပီယံ သိဒ္ဓိ🙏

အောင် အရဟံ ဓနံသိဒ္ဓိ🙏

ငွေတွေ အဖက်ဖက်မှ ဝင်လာပါစေ။

အလုပ်မှန်သမျှ ကိုလဲ အခက်အခဲမရှိ ဆောင်ရွတ်နိုင်

ကြပါစေ

26/11/2023

ကြောင်လေးတွေမှာ အတွေ့ရများတဲ့ ကျန်းမာရေးပြဿနာများ

၁) အရေပြား ပြဿနာဖြစ်ခြင်း
ကြောင်လေးတွေမှာ အရေပြားပြဿနာဟုဆိုလျှင် အပေါ်ယံအရေပြားအပြင် အမွှေးမှာလည်း ပြဿနာဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ လှေးကြောင့်ဖြစ်တဲ့ အရေပြား ပြဿနာပဲဖြစ်ပါတယ်။ ကြောင်လေးတွေမှာ လှေးအကိုက်ခံရာမှတစ်ဆင့် ၎င်းနေရာကို ကိုက်ခြင်း၊ ကုတ်ခြစ်ခြင်းကြောင့် နောက်ဆက်တွဲ ပြင်ပရောဂါပိုးဝင်ရောက်ကာ အရေးပြားရောဂါဖြစ်စေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကြောင်အများစုဟာ လှေးအကိုက်ခံပြီးလျှင် ၎င်း၏ တံတွေးကြောင့် ဓာတ်မတည့်တာဖြစ်ပြီးလျှင်လည်း အရေပြားရောဂါအဖြစ်ဦးတည်သွားနိုင်ပါတယ်။ ဒါ့ကြောင့် တိချစ်သူတွေအနေဖြင့် ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်တာကြောင့် တိရစ္ဆာန်ဆရာဝန်ညွှန်းပေးတဲ့ဆေးတွေကိုပုံမှန်သုံးပေးသင့်ပါတယ်။

၂) အစာအိမ်နှင့် အူလမ်းကြောင်းမှာ ပြဿနာဖြစ်ခြင်း
ကြောင်လေးတွေမှာ အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာဖြစ်လျှင် အော့အန်ခြင်းနှင့် ဝမ်းပျက်ခြင်း လက္ခဏာကို အဓိကတွေရနိုင်ပါတယ်။ ကျန်းမာနေတဲ့ ကြောင်လေးတွေမှာလည်း ပြင်ပအရာဝတ္ထုတစ်ခုခုကို ယှက်မိတာ (သို့)၊ စားမိတဲ့အနေအထားမှာလည်း အန်တဲ့ လက္ခဏာကို တွေ့ရနိုင်ပါတယ်။ အချို့အခြေအနေတွေမှာ သန်ကောင်ကြောင့်လည်း ၎င်းလက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။ တိချစ်သူတွေအနေဖြင့် ကြောင်လေးတွေမှာ (၃) ရက် ပိုကြာပြီး အန်တဲ့ လက္ခဏာတွေကို တွေ့ရလျှင် နီးစပ်ရာ တိရစ္ဆာန်ဆရာဝန်ထံ အမြန်ဆုံးပြသင့်ပါတယ်။

၃) အသက်ရှုလမ်းကြောင်းမှာ ရောဂါပိုးဝင်ရောက်ခြင်း
အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဟာလည်း ကြောင်လေးတွေမှာ အတွေ့ရများတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကြောင်လေးတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေဟာ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယား‌ပိုးတွေကြောင့် အများဆုံးဖြစ်တာတွေ့ရပါတယ်။ ကြောင်လေးတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေအနေဖြင့် နှာချေခြင်း၊ နှာရည်ကျခြင်းနှင့် အသက်ရှုရခက်တဲ့ လက္ခဏာတွေပြတတ်ပါတယ်။ တိချစ်သူတွေအနေဖြင့် ယခုလိုရောဂါဖြစ်တဲ့အခါ ခုခံအားစနစ်ကို ကောင်းစေတဲ့ ဆေးတွေ တိုက်ပေးနိုင်ပါတယ်။

၄) သွားနှင့် သွားဖုံးပြဿနာဖြစ်ခြင်း
ကြောင်လေးတွေမှာ သွားပြဿနာကို အသက်ကြီးတဲ့အရွယ်မှာ ပိုအတွေ့ရများပါတယ်။ ကြောင်လေးတွေ အသက်(၄) နှစ်ကျော်လျှင် ပိုအတွေ့ရများပါတယ်။ အဓိကအားဖြင့် ကြောင်လေးတွေမှာ သွားပြဿနာဖြစ်လျှင် အစာမစားနိုင်တာကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေလိုက်လာနိုင်ပါတယ်။ တိချစ်သူတွေအနေဖြင့် သွားနှင့် သွားဖုံးပြဿနာတွေအတွက် မိမိကြောင်လေးတွေကို ပုံမှန် သွားတိုက်ပေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

ကြောင်လေးတွေမှာ အသက်အရွယ်အလိုက်ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း၊ အဝလွန်တာမဖြစ်အောင် သေချာဂရုစိုက်ခြင်း၊ ပုံမှန်သန်ချပေးခြင်းနှင့် အာဟာရညီမျှစွာ ပါဝင်တဲ့ အစာကိုကျွေးခြင်းဖြင့် သူတို့လေးတွေရဲ့ ကျန်းမာရေးကို အကောင်းဆုံးအနေအထားဖြစ်အောင် ဂရုစိုက်ပေးနိုင်ပါတယ်။

23/11/2023

ချစ် customer လေးတို့ရေ မြောင်လေးတို့ အကြိုက်😍 wonder cut Adult 😍တွေလေးတွေ
ေရာက်ရှ်နေပါပြီနော် နောက်ကျရင် ပစ္စည်း ရောက်တာလေးတွေစောင့်နေရမှာဆိုတော့ ရောက်နေတုန်း အမြန်ဆက်သွယ်မေးမြန်းဝယ်ယူလိုက်တော့နော် ချစ် customer လေးတို့ရဲ့ သားသား မီးမီးလေး အာဟာရပြည့်ဝဖို့အတွက် wonder cut Adult ​ လေး​ ​​ေတွအသင့်ရှိနေပီနော် ဝယ်ယူအားပေးသူများ အာလုံးကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ် ဗျ

22/11/2023

မင်္ဂလာနံနက်ခင်းပါ အမျိုးတို့ရေ😍😍😍
အေးချမ်းပျော်ရွှင်,စိတ်ကြည်လင်၍
လိုအင်ဆန္ဒ,ပြည့်ဝကြပါစေ လို့ kodi pet shop မှဆုတောင်းပေးလိုက်ပါတယ်နော် 🙏🙏🙏
(crd)

20/11/2023

မင်္ဂလာ ညချမ်းအချိန်ခါ လေးပါ
၇ရက်သားသမီးများ အားလုံး
ကျန်းမာ၍ ချမ်းသာကြပါစေ🌷🙏🌷🙏🌷🙏

20/11/2023

ခွေးလေးတွေမြင်ရင် မနေနိုင်တာ
ဟိုကောင်ဘယ်သိမှာလဲ 😜😜

Want your business to be the top-listed Pet Store/pet Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No ( 805 ) Tapin Shwe Htee Road , 41 Ward , North Dagon
Yangon