Magic Hands Bakery

Magic Hands Bakery

Share

21/05/2026

✨ SheCreates Week 2026 (SCW 26) ရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ SheCreates Community Market မှာ Magic Hands Bakery ရဲ့ အောင်မြင်မှုလေးကို ဂုဏ်ယူစွာနဲ့ မျှဝေပါရစေရှင်။ 🥰

လွန်ခဲ့တဲ့ မေလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ အဆိုပါဈေးရောင်းပွဲတော်မှာ Magic Hands Bakery မှ
🍪 ကွတ်ကီးဘူး - ၆၅ ဘူး
🥪 အသားညှပ်ပေါင်မုန့် - ၄၈ ခုအထိ
အားပေးကြမ်းခဲ့ကြလို့ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။ 🙏✨

ယခုလို SheCreates Community Market မှာ မေတ္တာဖြင့် ပြခန်း ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ပံ့ပိုးကူညီပေးခဲ့ကြတဲ့ "သူမလက်ရာ" မိသားစုများ အားလုံးကိုလည်း Magic Hands Bakery မှ လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိအပ်ပါသည်။ 💖

✨ We are incredibly proud to share our success from the SheCreates Community Market, a wonderful part of SheCreates Week 2026 (SCW 26)!

During the event on May 16th and 17th, Magic Hands Bakery successfully sold:
🍪 65 Cookie Boxes
🥪 48 Sandwiches

We would like to express our deepest gratitude to the SheCreates family for their incredible kindness, support, and for inviting us to open a pro-bono booth at this amazing community market. Thank you for empowering us! 💖

20/05/2026
17/05/2026

Day-2🍪🧑🏻‍🍳

Photos from Magic Hands Bakery's post 16/05/2026

🇪🇺🇪🇦ဥရောပသမဂ္ဂ နှင့် စပိန်သံရုံးတို့​၏ ပံ့ပိုးမှုဖြင့် SheCreatesမှဦးစီးကာ Coral Inya Bar-132,Inya Rd. တွင်ပြုလုပ်နေသော SheCreates Community Market တွင် Magic Hands Bakeryလေးလည်းပါဝင်အားဖြည့်ထားပါသည်။👩🏻‍🍳🍪

May 16-17 နှစ်ရက်တိတိရှိနေမှာမို့ လာရောက်အားပေးကြဖို့ဖိတ်ခေါ်အပ်ပါသည်။

📆16-17 May 2026
⏰11am - 7pm
📍132, Inya Rd. Coral Inya Bar
(မြန်မာနိုင်ငံ လှေလှော်အသင်း ဝင်ပေါက်မှ ဝင်ရန်)

14/05/2026

🌻 Magic Hands Bakery သည် လာမည့် စနေ- တနင်္ဂနွေ ရက်နေ့များတွင် ရန်ကုန်မြို့ အင်းလျားလမ်း လှေလှော်ရွက်တိုက်အသင်း အနီးရှိ Coral Inya Bar တွင် ကျင်းပပြုလုပ်မည့် She Creates (သူမလက်ရာ) Community Market တွင် ပြခန်းဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ပါသည်။

🍪 🥪 အထူးလိုအပ်ချက်ရှိသူ လူငယ်များကိုယ်တိုင် ပြင်ဆင်ထုတ်လုပ်ရောင်းချမည့် Sandwich နှင့် ကွတ်ကီးများကို လာရောက်အားပေးရင်း သူမလက်ရာ၏ Community Market သို့ လာရောက်လည်ပတ်လေ့လာနိုင်ပါရန်လည်း ဖိတ်ခေါ်အပ်ပါသည်။

🌟သူမလက်ရာ She Creates Community Market

အချိန် နံနက် ၁၁ နာရီမှ ည ၇ နာရီအထိ
နေရာ Coral Inya Bar
၁၃၂၊ အင်းလျားလမ်း၊ လှေလှော်ရွက်တိုက်အသင်းအနီး၊ ရန်ကုန်မြို့
(မြန်မာနိုင်ငံ လှေလှော်အသင်း ဝင်ပေါက်မှဝင်ရန်)

Photos from Magic Hands Bakery's post 05/05/2026

Pun Hlaing Hospitals (ပန်းလှိုင်ဆေးရုံကြီး) က "World Hand Hygiene Day အထိမ်းအမှတ် အခမ်းအနားအတွက်" အထူးလိုအပ်ချက်ရှိသော လူငယ်များကိုယ်တိုင် ထုတ်လုပ်ရောင်းချသည့် ကွတ်ကီး ၄၅၀ ခု ကို မှာယူအားပေးခဲ့သည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ 🙆🏻✨

🍪Magic Hands Bakery သည် အထူးလိုအပ်ချက်ရှိသော လူငယ်များကို အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှုများကို လေ့ကျင့်သင်ကြားစေပြီး လူမှုအသိုက်အဝန်းတွင် အကျုံးဝင်နိုင်စေရန် ရည်ရွယ်ထားသည့် လူမှုစီးပွားရေးလုပ်ငန်းဖြစ်ပါသည်။

ယခုကဲ့သို့ အမှာစာများ ပေးပို့မှာယူခြင်းသည် အထူးလိုအပ်ချက်ရှိသော လူငယ်များအတွက် စိတ်ခွန်အားသာမက လူမှုအသိုက်အဝန်းတွင် အကျုံးဝင်၍ ကိုယ်တိုင်ရပ်တည်နိုင်ရန်အတွက် အထောက်အကူပြုလျက်ရှိပါသဖြင့် ဆက်သွယ်မှာယူလိုပါက
တယ်လီဖုန်းအမှတ် 09 690 435 989
သို့ ဆက်သွယ်မှာယူ နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Photos from Magic Hands Bakery's post 03/05/2026

🌻 Magic Hands Bakery က မုန့်တွေက ဈေးကြီးသလား? 🍪🥪🍔

🥪 Magic Hands Bakery က ထုတ်လုပ်ရောင်းချတဲ့ မုန့်တွေက အနည်းဆုံး ၂၅၀၀ ကျပ်မှ စတင်ပြီး အများဆုံး ၁၀,၀၀၀ ကျပ်ဖြစ်ပါတယ်။

🍪ကွတ်ကီးရဲ့ကုန်ကြမ်းများကိုတော့ နယူးဇီလန်နိုင်ငံက ထုတ်လုပ်တဲ့ ပထမတန်းစား ထောပတ်များကိုသာ အသုံးပြုထားပါတယ်။ တာရှည်ခံဆေး လုံးဝ မပါဝင်ဘဲ မှာယူသည့်အချိန်မှသာ ထုတ်လုပ်ရောင်းချခြင်း ဖြစ်လို့ ကြိုတင်မှာယူပေးဖို့တော့ လိုအပ်ပါတယ်။ Pop-Up Stores များ ဖွင့်လှစ်ရောင်းချရာမှာတော့ Small Batch ဖြင့်သာ ထုတ်လုပ်ရောင်းချတာဖြစ်ပါတယ်။

🏆Magic Hands Bakery ဟာ လူမှုစီးပွားရေးလုပ်ငန်း (Social Enterprise) ဖြစ်တာကြောင့် ငွေကြေးအကျိုးအမြတ်ထက် အထူးလိုအပ်ချက်ရှိသူလူငယ်များ သက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများကို လေ့ကျင့်သင်ကြားရင်း လူမှုအသိုက်အဝန်းတွင် အကျုံးဝင်နိုင်မှုဟာ တစ်ခုတည်းသော ပန်းတိုင် ဖြစ်ပါတယ်။

🌟ဒါပေမယ့် ဒီလုပ်ငန်းလေး ရေရှည်တည်တံ့ပြီး ဆက်လက်ရပ်တည်နိုင်အောင် အားလုံးရဲ့ အားပေးမှုကို လိုအပ်ပါတယ်။

☎️ ဒါ့ကြောင့် Magic Hands Bakery က ထုတ်လုပ်ထားတဲ့ အရည်အသွေးပြည့်မီတဲ့ မုန့်အမျိုးမျိုးကို တယ်လီဖုန်းအမှတ် 09-690 435 989 ကို ဆက်သွယ်မှာယူ အားပေးဖို့ မေတ္တာရပ်ခံပါတယ်။

🌻 Magic Hands Bakery 🌻

Photos from Magic Hands Bakery's post 02/05/2026

Magic Hands Bakery လေးက Yangon Children's Book Fair Day-2 မှာလဲ energyအပြည့်နဲ့ Readyဖြစ်နေပါပြီ အချိန်ရရင် လာရောက်လည်ပတ်ကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျ။

📅 Date- 1-5-2026 to 3-5-2026
📍Location- Gallery Ohmar
No(20), Damayone Street, Hlaing Township,
Yangon, Myanmar, 11051

01/05/2026

Magic Hands Bakery at Yangon Children's Book Fair🎊🙋🏻📚

📅 Date- 1-5-2026 to 3-5-2026
📍Location- Gallery Ohmar
No(20), Damayone Street, Hlaing Township,
Yangon, Myanmar, 11051

Photos from Magic Hands Bakery's post 01/05/2026

ယနေ့ Gallery Ohnmarတွင် ကျင်းပနေသော Yangon Children's Book Fair Day-1တွင် Magic Hands Bakery ၏ ထုတ်ကုန်များကို စတင်ရောင်းချပေးနေပါပြီ။🍪🥪

အထူးလိုအပ်ချက်ရှိသော လူငယ်များကိုယ်တိုင် ထုတ်လုပ်သည့် Cookie ၊ Sandwich များသာမက ပန်းချီလက်ရာများနှင့် လက်မှုပစ္စည်းများကိုပါခင်းကျင်းပြသရောင်းချလျက်ရှိပါတယ်။

ရန်ကုန်မြို့၊ ၆ မိုင်ခွဲ၊ ဓမ္မာရုံလမ်းရှိ Gallery Ohnmar ပြခန်းတွင် ၂-၅-၂၀၂၆ ရက်နေ့နှင့် ၃-၅-၂၀၂၆ ရက်နေ့ နံနက် ၉ နာရီမှ ၃ နာရီအထိ ပြခန်း ဆက်လက်ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပါသဖြင့် လာရောက် လေ့လာအားပေးပါရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

Photos from Magic Hands Bakery's post 01/05/2026

Magic Hands Bakery ကို ဘယ်သူတွေက ဦးဆောင်နေတာပါလဲ ? 🧑🏻‍🍳

Magic Hands Bakery ဟာ အထူးလိုအပ်ချက်ရှိသော အသက် ၁၈နှစ်မှ ၃၅ ကြားရှိ လူငယ်များ ကိုယ်တိုင် ပြင်ဆင် ထုတ်လုပ်တဲ့ ကွတ်ကီး၊ Sandwich အစရှိတဲ့ မုန့်အမျိုးမျိုးကို ရောင်းချလျက်ရှိတဲ့ လူမှုစီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။

ယခုလုပ်ငန်းမှာ အထူးလိုအပ်ချက်ရှိသော ဉာဏ်ရည်မသန်စွမ်း လူငယ် (၉) ဦး က ဦးဆောင်ဆောင်ရွက်လျက်ရှိတာပဲဖြစ်ပါတယ်။

အဆိုပါ လူငယ် (၉) ဦးဟာ ၂၀၂၆ခုနှစ် ဇန်နဝါရီလ နှင့်ဖော်ဖော်ဝါရီလများအတွင်း ရက်သတ္တပတ် ၈ ပတ်ကြာ Athena Community College က မေတ္တာဖြင့် အခမဲ့ပို့ချတဲ့ အခြေခံစားသောက်ကုန်ပြင်ဆင်ခြင်းသင်တန်းကို တက်ရောက်လေ့ကျင့်သင်ကြား အောင်မြင်ခဲ့ကြပါတယ်။

Magic Hands Bakery ဟာ မုန့်ဆိုင်လေးတစ်ဆိုင်ဆိုတာထက် ပိုပါတယ်။ အထူးလိုအပ်ချက်ရှိသော လူငယ်များကို မုန့်မျိုးစုံ ပြုလုပ်တတ်စေရန် သင်ကြားပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် လူမှုအသိုက်အဝန်းတွင် အကျုံးဝင်နိုင်မှုကို မြှင့်တင်ပေးဖို့ ရည်ရွယ်တည်ထောင်ထားတဲ့ လူမှုစီးပွားရေးလုပ်ငန်းတစ်ခုပဲ ဖြစ်ပါတယ်။

Magic Hands Bakery က ထုတ်လုပ်ထားတဲ့ အရည်အသွေးပြည့်မီတဲ့ မုန့်အမျိုးမျိုးကို ဆက်သွယ်မှာယူလိုပါက
တယ်လီဖုန်းအမှတ် 09-690 435 989
ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

Want your business to be the top-listed Bakery in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon