ZANEX
အခုခေတ်မှာ "Content is King" ဆိုပေမယ့် Algorithm ရဲ့ အကြိုက်ကတော့ "Consistency (အဆက်မပြတ်တင်နိုင်မှု)" ပါပဲ။ ဗီဒီယိုတွေ အများကြီး တစိုက်မတ်မတ် ထွက်လာဖို့ဆိုတာ နေ့တိုင်း အသစ်အသစ်တွေ စဉ်းစားနေရင် ရေရှည်မှာ Brain Drain ဖြစ်ပြီး လက်လျှော့မိသွားတတ်ပါတယ်။
ဒါဆို ဗီဒီယို Content တွေ ပင်ပန်းစရာမလိုဘဲ အများကြီး ဘယ်လိုထုတ်မလဲ? 💡
1️⃣ Content Batching (တစ်ထိုင်တည်း အပြတ်ရိုက်ပါ)
နေ့တိုင်း ကင်မရာပြင်၊ မီးချိန်၊ အင်္ကျီလဲပြီး ရိုက်နေတာက အချိန်ကုန်စေပါတယ်။ တစ်ပတ်မှာ ၁ ရက် သို့မဟုတ် ၂ ရက်ကို "Shooting Day" အဖြစ် သတ်မှတ်ပါ။ ပြီးရင် တစ်ထိုင်တည်းမှာ ဗီဒီယို ၅ ပုဒ်ကနေ ၁၀ ပုဒ်အထိ အပြီးရိုက်လိုက်ပါ။ ဒါဆို ကျန်တဲ့ရက်တွေမှာ Content ပြတ်သွားမှာ မဟုတ်တော့ပါဘူး။
2️⃣ The Pillar Content Strategy (အပင်မကြီးတစ်ခုကနေ အကိုင်းအခက်ခွဲပါ)
ဥပမာ— ကိုယ်က မိနစ် ၂၀ စာ Long-form ဗီဒီယိုရှည်ကြီး တစ်ခု (သို့မဟုတ်) Podcast တစ်ခု လုပ်လိုက်တယ်ဆိုပါစို့။ အဲဒီ ဗီဒီယိုအကြီးကြီးထဲကနေ စိတ်ဝင်စားဖို့ကောင်းတဲ့ အသားပေးအချက်တွေကို ဖြတ်တောက်ပြီး ၁ မိနစ်စာ Shorts/Reels/TikTok ဗီဒီယိုတိုလေးတွေ ၁၀ ပုဒ်လောက် ပြန်ခွဲထုတ်လို့ရပါတယ်။
3️⃣ Repurpose & Recycle (အဟောင်းကို အသစ်ပြန်လုပ်ပါ)
ပြီးခဲ့တဲ့ ၃ လ၊ ၄ လက View တက်ခဲ့တဲ့ Content အဟောင်းတွေကို ပြန်ကြည့်ပါ။ အဲဒီတုန်းက ပြောခဲ့တဲ့အချက်တွေကို အမြင်အသစ်၊ ဗီဒီယိုပုံစံအသစ် (ဥပမာ- အရင်က ကိုယ်တိုင်ပြောပြတာကို အခု POV စတိုင် သို့မဟုတ် Skit ပုံစံမျိုး) နဲ့ ပြန်ရိုက်ပါ။ Content ကောင်းရင် ဗီဒီယိုအသစ်က ထပ်ပြီး View တက်မှာ သေချာပါတယ်။
4️⃣ Keep it Simple (အရမ်း perfect ဖြစ်ဖို့ မကြိုးစားပါနဲ့)
အိုင်ဒီယာရရင် ဖုန်းကင်မရာလေးဖွင့်၊ ချက်ချင်းရိုက်ပြီး တင်လိုက်ပါ။ Editing ပိုင်းမှာ စာတန်း (Captions) ကောင်းကောင်းလေးတွေပါရင် ရပါပြီ။ Effects တွေ၊ Transitions တွေ အလွန်အကျွံလုပ်ဖို့ ကြိုးစားနေရင် ဗီဒီယိုတစ်ခုပြီးဖို့ အကြာကြီးအချိန်ယူရလို့ Content အများကြီး မထွက်နိုင်တော့ပါဘူး။
💡 Remember: Quantity (အရေအတွက်) ရှိမှ Quality (အရည်အသွေး) က လိုက်လာတာပါ။ အစပိုင်းမှာ အများကြီး ထုတ်လုပ်ကြည့်ရင်းနဲ့မှ ကိုယ့် Audience က ဘယ်လို Content မျိုးကို အကြိုက်ဆုံးလဲဆိုတာ သိလာရပါလိမ့်မယ်။
ဒီနေ့ပဲ Content Batching ကို စတင်လိုက်ရအောင်။ 🚀
Video Content တွေအတွက် ZANEX နဲ့ လက်တွဲချင်လည်း ရပါတယ်...
Contact Number - 09 755 775 396 (Viber)
လုပ်ငန်းရှင်များအတွက် ၁၄ ရက်အတွင်း အရည်အသွေးမြင့် Online Presence တည်ဆောက်ကြရအောင် 🚀
SME လုပ်ငန်းရှင်များအတွက် အချိန်တိုအတွင်း ခိုင်မာတဲ့ အမှတ်တံဆိပ် (Brand Identity) တစ်ခု တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ အတူတူ ကြိုးစားပေးသွားမှာပါ။ လုပ်ငန်းကို လူသိများလာစေဖို့နဲ့ အရည်အသွေးမြင့်မားတဲ့ Online Image တစ်ခုရှိစေဖို့ အခုပဲ စတင်လိုက်ကြရအောင်။
၁၄ ရက်တာ အစီအစဉ် 📅
ရက်သတ္တပတ် (၁): အမှတ်တံဆိပ် အခြေခံတည်ဆောက်ခြင်း
လုပ်ငန်းရဲ့ Logo နဲ့ Branding အရောင်တွေကို အတူတူ သတ်မှတ်ကြမယ်။
Professional ဆန်တဲ့ Social Media စာမျက်နှာများကို စနစ်တကျ ဖွင့်လှစ်ပေးသွားမှာပါ။
ရက်သတ္တပတ် (၂): Content နှင့် လူသိများအောင်လုပ်ခြင်း
လုပ်ငန်းအကြောင်း သိသာစေမည့် အရည်အသွေးမြင့် Video နှင့် ပုံများကို ဖန်တီးပေးသွားမှာပါ။
Ads များ အသုံးပြုပြီး လိုချင်တဲ့ Target Audience ဆီကို တိုက်ရိုက်ရောက်အောင် လုပ်ဆောင်ပေးမယ်။
ဘာကြောင့် အခုစတင်သင့်သလဲ? 🤔
ဒီနေ့ခေတ်မှာ Digital Marketing ကောင်းမွန်တာဟာ လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုကို အများကြီး အထောက်အကူပြုနိုင်ပါတယ်။ လုပ်ငန်းရဲ့ တန်ဖိုးကို မြှင့်တင်ဖို့နဲ့ ဖောက်သည်အသစ်တွေဆီ အရောက်လှမ်းနိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံး ကူညီပေးသွားမှာပါ။
"Content ကောင်းခြင်းဟာ လုပ်ငန်းရဲ့ အရည်အသွေးကို မြင့်တက်စေပါတယ်"
12/05/2026
မမ... အလှတွေ မပျက်စေနဲ့လေ! 🤫
Digital Marketing နဲ့ Content Creation ဆိုတာ ခေါင်းစားရတဲ့အလုပ်၊ အဲ့ဒါတွေကြောင့် မမ မျက်မှောင်ကြုတ်နေရရင် ZANEX က စိတ်မကောင်းဘူး။
အဲ့တော့ မမက ထိုင်နေပါ၊ ကျွန်တော်တို့က ဗီဒီယို Content ကောင်းကောင်းတွေနဲ့ မမဆီ Order တွေ အရောက်တွန်းပို့ပေးပါမယ်။ တစ်ချက်ကလေးမှ မပင်ပန်းစေရဘူးနော်။ 😉🔥
“ခြောက်သိန်း မှ သိန်းနှစ်ဆယ် နှစ်သက်ရာ Package ကိုရွေးချယ်ပြီး အမြတ်ထိုင်တွက်နေလိုက်တော့"
စိတ်ပါရင် ဆက်ဖို့ 🤫 -
09 755 775 396 (Viber လည်းရ)
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Shwedaung