Bee Edu

Bee Edu

Share

10/10/2023

ကျွဲပါး စောင်းတီး
_________________

👉 ဒီကောင့်ကို ပြောရတာလဲကွာ
ကျွဲပါးစောင်းတီး ပဲ...

👉 မင်းရော ဘာထူးလဲ
နွားပလာတာကျွေးနေရသလိုပဲ...

စသည်ဖြင့် ပြောတာ ကြာဖူးကြမှာပါ

တကယ်တော့ ကျွဲတစ်ကောင်နားကို စောင်းတစ်လက်ပိုက်ပြီး သွားတီးနေတာကို ပြောချင်တာ မဟုတ်သလို နွားတစ်ကောင်ကိုလည်း တကယ်ပလာတာသွားကျွေးနေတာမျိုး မဟုတ်ဘူးဆိုတာ အားလုံးက သိပြီးသားပါ။

✅ ကိုယ်ပြောချင်တဲ့ အဓိပ္ပာယ်ကို လွယ်လွယ်နဲ့ သဘောမပေါက်တဲ့အခါ၊ နားမလည်တဲ့အခါ၊

✅ ကိုယ်က တန်ဖိုးရှိတဲ့(အရေးကြီးတဲ့) အရာကို ပြောပြနေချိန်မှာ တစ်ဖက်လူက တန်ဖိုးမထား၊ စိတ်မဝင်စားတဲ့အခါ

အဲ့လို အခြေအနေမျိုးတွေမှာ သုံးလေ့ရှိ၊ ပြောလေ့ရှိတဲ့စကားပါ။

အင်္ဂလိပ်လို တိုက်ရိုက် ဘာသာပြန်ရရင်တော့ -

🌲 Playing a harp before a buffalo.
🌻 ကျွဲတစ်ကောင်နားမှာ စောင်းတီးခြင်း။

ဒါပေမယ့် အဲ့လိုတိုက်ရိုက်ရေးရင် အင်္ဂလိပ်တွေက ဆိုလိုရင်းကို ချက်ချင်းနားလည်မှာ မဟုတ်ပါဘူး။ စကားပုံတွေက ဘာသာစကား တစ်ခုနဲ့ တစ်ခု အတိအကျ ထပ်တူကျမနေလို့ပါ။ အင်္ဂလိပ်လို အနီးစပ်ဆုံး စကားပုံကတော့

🌲 Cast pearls before swine.

သူ့ရဲ့ အဓိပ္ပာယ်ကို Cambridge Dictionary မှာ ဒီလိုဖွင့်ထားပါတယ်။

👉-To offer something valuable or good to someone who does not know its value.

အဓိပ္ပာယ်ကတော့
မြန်မာလိုဆိုရင်

🐃 ကျွဲပါးစောင်းတီး
🐂 နွားပလာတာကျွေး

အတူတူပါပဲ....

09/10/2023

am / is / are
_____________

ဒီတစ်ခါ Verb to be ဂိုဏ်းဝင်တွေဖြစ်တဲ့ am, is, are အကြောင်း ပြောပြမယ်

am, is, are ရဲ့ နောက်မှာ လိုက်တွဲလို့ရတာ များသောအားဖြင့် (၃) ကောင် ရှိတယ် ။ အဲ့ကောင်တွေက -

💥 noun - နာမ်
💥 adjective - နာမဝိသေသန
💥 preposition - ဝိဘတ်

am, is, are ရဲ့ရှေ့ Subject နေရာမှာ
တွဲလို့ရတာတွေက -

1️⃣ am

am က တော်တော် သစ္စာရှိတယ်။ Subject နေရာမှာ I ကိုပဲ အမြဲနေရာပေးထားတာ။ တစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆိုပိတောက်ပဲ။ တခြား ဘယ်စကားလုံးနဲ့မှ မတွဲဘူး။

ဘယ်တော့ဖြစ်ဖြစ် I am, I'm ဆိုပြီး မခွဲမခွါ အမြဲသာ တွေ့နေရတာပဲ။ ကြည့်ပါလား...

⭐ I am a thief.
🌻 ကျွန်တော်က သူခိုးတစ်ယောက်ပါ။

⭐ I am in the dark.
🌻 ကျွန်တော် အမှောင်ထဲမှာ။

⭐ I'm afraid of dog.
🌻 ကျွန်တော် ခွေးကြောက်တတ်ပါတယ်။

ဒါနဲ့ ပြောဦးမယ် (ရှူး....တိုးတိုး..... )
am က သစ္စာရှိသလောက် I ကကျတော့ မျက်နှာများတယ်နော်။
(သူ့အကြောင်း နောက်မှ ပြောပြဦးမယ်)

2️⃣ is

is က Subject အနည်းနဲ့ပဲ တွဲတာ။
တစ်ပြိုင်တည်း အများကြီးနဲ့ မတွဲဘူး တစ်ယောက်ပြီးမှ တစ်ယောက်။ တစ်ပင်လဲမှ တစ်ပင်ထူတာ။
subject အများဆို is က လှည့်ကို မကြည့်တာ။ အနည်းပဲ သဘောကျ။

⭐ Wint War is a celebrity.
🌻 ဝင့်ဝါက ဆယ်လီ တစ်ယောက်ပါ။

⭐ She is so popular.
🌻 သူမဟာ အလွန်ကျော်ကြားလှပါတယ်။

⭐ The dog is in the manger.
🌻 ခွေးက နွားစာခွက်ထဲမှာ။

3️⃣ are

ဒီကောင်ကျတော့ Subject ကို များတာမှတွဲတာ။ နည်းရင် စိတ်မဝင်စားဘူး၊ မတွဲဘူး။ အဲ့ဒါကြောင့် -

⭐The streetlights are bright.
🌻လမ်းမီးတွေက လင်းထိန်နေတာပဲ။

⭐ They are night-watchmen.
🌻 သူတို့က ညစောင့်တွေ။

⭐ A lot of people are in the club.
🌻 လူတွေအများကြီး ကလပ်ထဲမှာ ရှိတယ်။

အဲ့တော့

S + am/is/are + Noun
S + am/is/are + Adj
S + am/is/are + Preposition

ဒီ Structure လေးတွေသုံးပြီး ကိုယ်ပိုင် ဝါကျလေးတွေ ပွားကြည့်လို့ရပြီနော်...

/is/are

Photos from Bee Edu's post 07/10/2023

ဒီတစ်ခါတော့ feeling နဲ့ ပတ်သက်တဲ့ Adjective (နာမဝိသေသန) လေးတွေ လေ့လာကြည့်ရအောင် …..
အင်္ဂလိပ်လို အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရင်လေ့လာကြမယ် 💁‍♂️

🌻amazed – very surprised

🌻motivated – very keen to do something

🌻confused – unable to think clearly or to understand something

🌻depressed – unhappy and without hope

🌻determined – working to achieve a goal even if it is difficult

🌻exhausted – extremely tired

🌻fascinated – extremely interested

🌻frustrated – feeling annoyed or less confident

🌻impatient – getting angry easily

🌻impressed – causing someone to admire or respect

အောက်က ပုံလေးတွေထဲမှာ မြန်မာလို အဓိပ္ပါယ်နဲ့တွဲပြီး ထပ်လေ့လာလို့ရပါပြီ ….

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon