Ehi
ငတုံးဖြစ်ချင်ဖြစ်ပါစေ
ကျောင်းပိတ်ရက်တစ်ရက်၏ နေ့ခင်းဖြစ်သည်။ ခုနှစ်တန်း ကျောင်းသား ကောင်လေးတစ်ယောက် သူ့အိမ်ရှေ့ ပိတောက်ပင် ရိပ်မှ ခုံတန်းလေးမှာ ရုပ်ပြစာအုပ်ကို ဖတ်နေသည်။
ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ လမ်းပေါ်မှ စက်ဘီးလဲသံကြား၍ လှမ်းကြည့်လိုက်သည်။ သူ့အရွယ် မိန်းကလေး နှစ်ယောက် လဲနေသော စက်ဘီးနှင့်အတူ လမ်းပေါ်မှာ လေးဘက်ထောက်လျက် ပုံပျက်ပန်းပျက် မြင်ရ၏ ။
ကောင်လေးက ချက်ချင်း စာအုပ်ကို ငုံ့ကြည်ြ့့ပီး မသိမမြင်သလို လုပ်နေလိုက်သည်။
“အမယ်လေး ဟယ် ….. နာလိုက်တာ …. ဒူးနှစ်ဖက်စလုံး ပွန်းပဲ့ ကုန်ကုန်ပြီ …..”
မိန်းကလေး တစ်ယောက် ညည်းညူနေသည်။
“နင့်ဒူးနာတာ နောက်မှကြည့် ဟိုမယ် ကောင်လေး တစ်ယောက် ရှိတယ်၊ မြင်သွားရင် ရှက်စရာကြီး…..”
နောက်တစ်ယောက် က အမြန်ထပြီး စက်ဘီးကို ဆွဲထူလိုက်သည်။
နာ၍ ညည်းနေသော မိန်းကလေးက ကောင်လေးဆီသို့ ကြည့်လိုက်သည်။
“တော်ပါသေးရဲ့ ….. ငတုံးလေး တို့ကို မမြင်ဘူးဟဲ့ ….”
နာကျင်နေသော မိန်းကလေး အမြန်ထလိုက်သည်။
ကောင်လေးက စာအုပ်ကို သဲကြီးမဲကြီး ဟန်ဆောင် ၍ မိန်းကလေးကို ကျေနပ်စွာ ခွင့်လွှတ်လိုက်သည်။
“ငါ ငတုံး ဖြစ်ချင်ဖြစ်ပါစေ နင်တို့ မရှက်ရရင် ပြီးတာပဲ” ဟု တွေးလျက် …..။
နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်း
၂၀၀၂ ခုနှစ် ၊ ဇွန်လ
***************
အတွေးလေးတွေ ကျန်ခဲ့ပါစေ
HN- လယ်တွင်းသားစောချစ်
ကျောင်းပိတ်ရက်တစ်ရက်၏ နေ့ခင်းဖြစ်သည်။ ခုနှစ်တန်း ကျောင်းသား ကောင်လေးတစ်ယောက် သူ့အိမ်ရှေ့ ပိတောက်ပင် ရိပ်မှ ခုံတန်းလေးမှာ ရုပ်ပြစာအုပ်ကို ဖတ်နေသည်။
ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ လမ်းပေါ်မှ စက်ဘီးလဲသံကြား၍ လှမ်းကြည့်လိုက်သည်။ သူ့အရွယ် မိန်းကလေး နှစ်ယောက် လဲနေသော စက်ဘီးနှင့်အတူ လမ်းပေါ်မှာ လေးဘက်ထောက်လျက် ပုံပျက်ပန်းပျက် မြင်ရ၏ ။
ကောင်လေးက ချက်ချင်း စာအုပ်ကို ငုံ့ကြည်ြ့့ပီး မသိမမြင်သလို လုပ်နေလိုက်သည်။
“အမယ်လေး ဟယ် ….. နာလိုက်တာ …. ဒူးနှစ်ဖက်စလုံး ပွန်းပဲ့ ကုန်ကုန်ပြီ …..”
မိန်းကလေး တစ်ယောက် ညည်းညူနေသည်။
“နင့်ဒူးနာတာ နောက်မှကြည့် ဟိုမယ် ကောင်လေး တစ်ယောက် ရှိတယ်၊ မြင်သွားရင် ရှက်စရာကြီး…..”
နောက်တစ်ယောက် က အမြန်ထပြီး စက်ဘီးကို ဆွဲထူလိုက်သည်။
နာ၍ ညည်းနေသော မိန်းကလေးက ကောင်လေးဆီသို့ ကြည့်လိုက်သည်။
“တော်ပါသေးရဲ့ ….. ငတုံးလေး တို့ကို မမြင်ဘူးဟဲ့ ….”
နာကျင်နေသော မိန်းကလေး အမြန်ထလိုက်သည်။
ကောင်လေးက စာအုပ်ကို သဲကြီးမဲကြီး ဟန်ဆောင် ၍ မိန်းကလေးကို ကျေနပ်စွာ ခွင့်လွှတ်လိုက်သည်။
“ငါ ငတုံး ဖြစ်ချင်ဖြစ်ပါစေ နင်တို့ မရှက်ရရင် ပြီးတာပဲ” ဟု တွေးလျက် …..။
လယ်တွင်းသားစောချစ်
29/08/2021
ထူးဆန်းသောအရာ
လူသားတိုင်းတွင် ကပ်တွယ်နေသော ထူးဆန်းသောအရာ ကိုယ်စီရှိကြသည်။ထိုအရာ သည် လူသားတို့၏ ဘဝကို သွန်ချင်သလိုသွန် မှောက်ချင်သလိုမှောက်ပြစ်နိုင်သော အရာဖြစ်သည်။
ဝမ်းနည်းစရာကောင်းသည်မှာ လူသားအများစုသည် ထိုအရာ၏ သြဇာကြီးမားပုံကို မသိရှိကြခြင်းပင်ဖြစ်သည်။
လူငယ်များ၏ တန်ဖိုးရှိသောအချိန် များကို ထိုအရာသည် ခိုးယူနိုင်ယုံသာမက လူငယ်များ၏ဘဝကိုပါ ဖျက်ဆီးပြစ်နိုင်ပေသည်။
ရွာကဘွဲရ ပညာတတ် ကျောင်းဆရာကိုလည်း အရက်သမားဖြစ်အောင် ထိုအရာက ဖန်တီးပေးနိုင်သည်။
ဆင်းရဲသားများကိုလည်း ချမ်းသာအောင်လည်းလုပ်ပေးနိုင်သည်။ဒါပေမဲ့ သူဌေးသားများကိုလည်း ဆင်းရဲအောင်လုပ်ပေးနိုင်သည်။
ထိုအရာမှာအခြားမဟုတ် ကျွန်တော်တို့၏ ခန္ဓာကိုယ်တွင် တွယ်ကပ်နေသော အကျင့်ပင်ဖြစ်သည်။
ကောင်းသောအကျင့်များသည် ဝါသနာတစ်ခုအပေါ် ချစ်မြတ်နိိုးချင်းမှ မွေးဖွားလာပြီး ဆိုးသောအကျင့်များသည် မကောင်းသောအရာအပေါ် အထင်သေး၍ စလုပ်မိခြင်းမှဖြစ်ပေါ်လာသည်။
ကောင်းသောအကျင့်များပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုရင်း😊
sa ehi yei shaung
Click here to claim your Sponsored Listing.