Ko Thu Volga

Ko Thu Volga

Share

11/01/2026

ဦးနှောက်ကို ပြန်လည်နုပျိုစေမယ့်

> နည်းလမ်းကောင်းများ 🧠 Brain Plasticity ဆိုတာ ဘာလဲ..? *

ကျွန်ုပ်တို့ရဲ့ ဦးနှောက်ဟာ ပုံသေ ကျောက်ခဲကြီးတစ်ခုလို မဟုတ်ပါဘူး။ သူက အမြဲတမ်း- အာရုံကြောမျှင်အသစ်တွေကို ဖန်တီးနိုင်တယ်။ ဦးနှောက်ဆဲလ်အသစ်တွေကို ချိတ်ဆက်ပေးနိုင်တယ်။ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေနေရာမှာ အစားထိုး အလုပ်လုပ်ပေးနိုင်တယ်။ * အသက် ၄၀ ကနေ ၇၀ ကြားရောက်နေရင်တောင် ဦးနှောက်ကို ပိုမိုသန်မာလာအောင် လေ့ကျင့်ပေးလို့ ရပါသေးတယ်။
🔬 သုတေသနပြုချက်များအရ...
👇 *

ပုံမှန် ဦးနှောက်လေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ- မှတ်ဉာဏ်ချို့ယွင်းမှု (Dementia) ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။ * မှတ်ဉာဏ်ပိုင်းဆိုင်ရာ ဦးနှောက်အစိတ်အပိုင်း (Hippocampus) ပျက်စီးမှုကို နှေးကွေးစေတယ်။ စဉ်းစားတွေးခေါ်မှုနဲ့ ဆုံးဖြတ်ချက်ချမှတ်မှုကို မြန်ဆန်စေတယ်။ * ၈ ပတ်ကနေ ၁၂ ပတ်အထိ ဆက်တိုက်လေ့ကျင့်မယ်ဆိုရင် ဦးနှောက်ရဲ့ ချိတ်ဆက်မှုတွေ သိသိသာသာ ပိုမိုအားကောင်းလာတာကို တွေ့ရမှာပါ။ •> ထိရောက်တဲ့ ဦးနှောက်လေ့ကျင့်ခန်း

•> (ရိုးရိုးလေးတွေပါ) 👇

* ခက်ခဲတဲ့ ဂိမ်းတွေပဲ ကစားနေဖို့ မလိုပါဘူး။ အသစ်အသစ်တွေကို သင်ယူပါ ဘာသာစကားအသစ်၊ တူရိယာတစ်ခုခု သို့မဟုတ် လက်မှုပညာ။ ဦးနှောက်ကို တစ်ပြိုင်တည်း အလုပ်ပေးပါ စာဖတ်ပြီး အနှစ်ချုပ်ကြည့်တာ၊ ဗီဒီယိုကြည့်ပြီး ပြန်ပြောပြတာ၊ လမ်းလျှောက်ရင်း သင်္ချာတွက်တာမျိုး။

* ဦးနှောက်သုံးရတဲ့ ကိုယ်လက်လှုပ်ရှားမှု ယောဂကျင့်တာ၊ ထိုက်ချိကစားတာ သို့မဟုတ် သီချင်းသံစဉ်အတိုင်း ကခုန်တာ။ အိပ်စက်ခြင်း ဦးနှောက်ကိုယ်တိုင် ပြုပြင်ခြင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းက မှတ်ဉာဏ်ချို့ယွင်းမှုကို ဖြစ်စေတဲ့ ဦးနှောက်ထဲက အညစ်အကြေးတွေကိုဆေးကြောပေးပါတယ်။

> Brain Plasticity ကို ဖျက်ဆီးနေတဲ့ အရာများ

🚫 နာတာရှည် စိတ်ဖိစီးမှု။
🚫 အိပ်ရေးပျက်ခြင်း။
🚫 ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း။
🚫 ထပ်တလဲလဲ လူနေမှုပုံစံအတိုင်းနေပြီး ဘာမှအသစ်မသင်ယူခြင်း။ * ဒီအချက်တွေက ဦးနှောက်ရဲ့ "လမ်းကြောင်းသစ် ဖန်တီးမှု" ကို ရပ်တန့်စေပါတယ်။
>> အနှစ်ချုပ်

11/01/2026

သင်ပြောမယ့်စကားတိုင်းကို သတိထားပါ

တစ်ခါတုန်းက အဖိုးအိုတစ်ယောက်ရဲ့အိမ်နားက အိမ်နီးချင်းဟာ သူခိုးတစ်ယောက်ဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေထွက်နေပါတယ်။ အဲဒါကြောင့် သူခိုးအဖြစ်သံသယအဖြစ်ခံရတဲ့ အိမ်နီးချင်းဟာ အဖမ်းခံရပါတယ်။ ရက်အနည်းငယ်ကြာပြီးတဲ့နောက်မှာ သူခိုးအဖြစ်အစွပ်စွဲခံရတဲ့အိမ်နီးချင်းက အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့ပြီး ပြန်လွှတ်မြောက်လာခဲ့ပါတယ်။ သူခိုးအဖြစ်စွပ်စွဲခံရတဲ့ အိမ်နီးချင်းက သူအရှက်ရခဲ့တဲ့အတွက် အဖိုးအိုကို တရားစွဲလိုက်ပါတယ်။

တရားရုံးမှာ အဖိုးအိုက ပြောပါတယ်။ “ဒီတိုင်းအထင်လေးပေးလိုက်တာက အခြားသူတစ်ယောက်ယောက်ကို ဘာများထိခိုက်စေလို့လဲ” တရားသူကြီးက အဖိုးအိုကိုပြောလိုက်ပါတယ်။ “ဟုတ်ပြီ….အဲဒါဆိုရင် သင်စွပ်စွဲခဲ့တဲ့အိမ်နီးချင်းကို ပြောချင်သမျှ စကားတွေကို စာရွက်ပေါ်မှာ ချရေးလိုက်ပါ။ အိမ်ကိုပြန်တဲ့လမ်းမှာ အဲဒီ့စာရွက်တွေကို ကတ်ကြေးနဲ့ညှပ်ပစ်လိုက်ပါ။

မနက်ဖြန်ကို အဖြေကြားနာဖို့ တရားရုံးကိုပြန်လာခဲ့ပါ” လို့ အမိန့်ပေးလိုက်ပါတယ်။ နောက်တစ်နေ့မှာ တရားသူကြီးက အဖိုးအိုကိုမေးပါတယ် “ ကဲ….အဖြေကို မကြားနာခင် မနေ့က သင်ကတ်ကြေးနဲ့ ညှပ်ထားတဲ့စာရွက်တွေကို အကုန်လုံတစုတစည်းထဲရအောင် လိုက်ကောက်လာခဲ့” အဖိုးအိုက ပြောလိုက်ပါတယ် “ ဘယ်လိုလုပ်ရပါ့မလဲ၊ လေတိုက်တိုင်း စာရွက်အပိုင်းအစတွေက အကုန်လွှင့်ကုန်တာ၊ ဘယ်နေရာမှာ လိုက်ရှာရမှန်းတောင် သိမှာမဟုတ်ဘူး” တရားသူကြီးက “ ဟုတ်တယ်…..အဲဒီ့အတိုင်းပဲ။ လူတစ်ယောက်ရဲ့ရိုးသားမှုကိုလည်း သင့်ရဲ့ဘာမှမတွေးဘဲ သမရိုးကျပြောလိုက်တဲ့စကားတွေက ဖျက်ဆီးပစ်လိုက်နိုင်တယ်။ လေထဲလွှင့်သွားတဲ့ စက္ကူစတွေလိုပဲ၊ အကောင်အထည်မပြနိုင်ပေမယ့် သူ့ရဲ့ကိုယ့်ကျင့်သိက္ခာကို ပြန်ပြီး ဆောက်တည်လို့မရနိုင်ဘူး။

သူ့ဘဝမှာ သူမလုပ်ဘဲနဲ့ အမည်းစက်ကြီးတစ်ခုလို လူတွေကမြင်ကြတော့မယ်၊ ဘယ်တော့မှ အကောင်းအတိုင်းပြန်မဖြစ်နိုင်တော့ဘူး” လို့ ပြောလိုက်ပါတယ်။ အဲဒီ့အခါကျမှ အဖိုးအိုက သူမှားသွားကြောင်း၊ တောင်းပန်ခဲ့ပါတော့တယ်။ ကျွန်တော်တို့ရဲ့လက်တွေ့ဘဝမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ကိုယ်တကယ်မသိတဲ့ အခြားသူ့ရဲ့ကိစ္စတွေကို မစွပ်စွဲပါနဲ့၊ ကိုယ်ကတော့ ဘာရယ်မဟုတ် ထင်တာလေးကို ပြောလိုက်ပေမယ့် အခြားသူတစ်ယောက်မှာတော့ ဘဝတစ်ခုလုံးနဲ့ချီတဲ့ကိစ္စမျိုးဖြစ်သွားနိုင်တယ်လို့ သင်ခန်းစာပေးထားတာဖြစ်ပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon