Medris
08/09/2022
🍏 Hypoxia (အောက်စီဂျင်နည်းခြင်း) Oxygenကျ
စေသောရောဂါများနှင့် ကုသနည်း...
🍎တစ်ရှူးများဆီသို့ အောက်စီဂျင်နည်းပါးစွာရောက်သော အခြေအနေကို ဆို လိုပါသည်။ ဟိုက်ပိုစီးယားဟုခေါ်သော သွေးတွင်းအောက်စီဂျင်ပမာ ဏ ပုံမှန်ထက်လျော့နည်းခြင်းမှ ဖြစ်ရခြင်းဖြစ်သည်။
တစ်ခါတစ်ရံတွင် အထက်ပါအခြေအနေနှစ်မျိုးလုံးကိုညွှန်သည့်အနေဖြင့် အောက်စီဂျင်နည်းခြင်းဟုသာခေါ်လေ့ရှိပါသည်။
အောက်စီဂျင်နည်းခြင်း နှင့် ဟိုက်ပိုစီးယားသည် တခြားသောအခြေအနေများ၏လက္ခ ဏာလည်း ဖြစ်နိုင်သည်။ ထိုအခြေအနေများသည် များသောအားဖြင့် အသက်ရှုစနစ်နှင့် သွေးလှည့် ပတ်မှုတွင်ဖြစ်သော အခြေအနေများဖြစ်သည်။
ပုံမှန်သွေးလွှတ်ကြောတွင်း သွေးများ၌ အောက်စီဂျင် ၇၅ – ၁၀၀ mm Hg ရှိရမည်ဖြစ်သည်။ ၆၀ mmHg အောက်ဆိုပါက သင့်တွင် အောက်စီဂျင်နည်းခြင်းဖြစ်နေပြီး အောက်စီဂျင်ရှုရန် လိုအပ်နိုင်ပါသည်။
🍏Hypoxia (အောက်စီဂျင်နည်းခြင်း)က ဘယ်
လောက်အဖြစ်များသလဲ
ဒီရောဂါသည် အဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက် အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါ သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
🍎လက္ခဏာများ
အောက်စီဂျင်နည်းခြင်း၏လက္ခဏာများမှာ တစ်ဦးနှင့်တစ်ဦး မတူတတ်ပါ။ သို့သော် အဖြစ်များဆုံးလက္ခဏာများကတော့ အသက်ရှုလမ်းကြောင်း ပြသ၁နာများ – အသက်ရှုမဝခြင်း၊ အသက်ရှုမြန်ခြင်း၊ ချောင်းဆိုးခြင်းနှင့် တရွှီရွှီမြည်ခြင်းတို့ ဖြစ်ပါသည်။
-နှလုံးနှင့်သွေးကြောပြဿနာများ – နှလုံးခုန်မြန်
-ဦးနှောက်သို့မဟုတ် အသိစိတ်ပြဿနာများ – ခေါင်းကိုက်ခြင်း၊ စိတ်ထွေပြားခြင်း
-အရေပြားအရောင်ပြောင်းခြင်း – အပြာမှ ချယ်ရီ
နီရောင်
-တခြားလက္ခဏာများ – ဂဏာမငြိမ်ခြင်း၊ ချွေး ထွက်ခြင်း
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ် ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
🍏ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ...
-အနည်းငယ်လှုပ်ရှားရုံနှင့် အသက်ရှုမဝတော့ခြင်း သို့မဟုတ် နားနေလျှင်တောင်ဖြစ်နေခြင်း
-လေ့ကျင့်ခန်းလုပ်သည့်အခါ သို့မဟုတ် ကိုယ်လက်လှုပ်ရှားသည့်အခါများတွင် အသက်ရှုမဝခြင်း
-အိပ်ပျော်နေစဉ် အသက်ရှုမဝသောကြောင့် အိပ် ရေးပျက်ခြင်း။ ထိုအခြေအနေသည် ညအိပ်ပျော်စဉ်နိုးလာတတ်သော အက်ပ်နီးယားရောဂါလည်း ဖြစ်နိုင်ပါသည်။
🍎အောက်ပါလက္ခဏာများရှိလာပါက ဆရာဝန်နှင့်ချက် ချင်းပြသပါ။
-ရုတ်တရတ်ပြင်းထန်စွာ အသက်ရှုကြပ်လာခြင်းကြောင့် ဘာမှမလုပ်နိုင်တော့ခြင်း
- ချောင်းဆိုး၊ နှလုံးခုန်မြန်ပြီး အရည် များနှင့်ဖောရောင်လာခြင်းနှင့်အတူ ဆိုးဝါးစွာအသက်ရှုကြပ်ခြင်း
🍏အကြောင်းရင်းများ
အောက်စီဂျင်နည်းခြင်းမှာ သင်၏အသက်ရှုစနစ်နှင့် သွေးလှည့်ပတ်စနစ်တွင် ဖွဲ့စည်းပုံနှင့် လုပ် ငန်းစဉ်များ ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။
တစ်ချို့သော အခြေအနေများကလည်း အောက်စီဂျင်နည်းခြင်းကို ဦးတည်စေနိုင်ပါသေးသည်။
ဥပမာ –
-အဆုတ်ပွခြင်း
-အမ်ဖိုက်စီးမား
-လေပြွန်ကြီးရောင်ခြင်း
-အဆုတ်တွင်းရေဝင်ခြင်း
-သွေးအားနည်းခြင်း – အောက်စီဂျင်သယ်သော သွေးနီဥများနည်းပါးခြင်းနှင့် ဆိုင်ရာနိုက်အဆိပ် သင့်ခြင်း
အောက်စီဂျင်နည်းခြင်းသည် ဆိုးဝါးသောပန်းနာရင်ကြပ်ဖောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ရောဂါဖောက်စဉ်တွင် အသက်ရှုလမ်းကြောင်းမှာ ကျဉ်းသွားပြီး အဆုတ်များဆီသို့ လေမရောက်ဖြစ်နိုင်ပါသည်။
တစ်ခါတစ်ရံတွင် သင်သောက်သောဆေးများ ဥပမာ အကိုက်အခဲပျောက်ဆေးပြင်းများကလည်း အသက်ရှုမဝခြင်းကို ဖြစ်စေနိုင်ပါသည်။
🍎ဖြစ်နိုင်ခြေများ
အောက်စီဂျင်နည်းခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်.....
- ပြင်ပအန္တရာယ်များဖြစ်သော ဆေးလိပ်၊ သို့မ ဟုတ် ဆေးလိပ်ငွေ့၊ လေထုညစ်ညမ်းခြင်း၊ ဓါတုဆေးများ၊ လေထဲမှဖုန်မှုန့်များ၊ အမြင့်ဒေသများ
-အတွင်းအန္တရာယ်များသည် အဆုတ်နှင့် နှလုံးသွေးကြောအင်္ဂါများ၏ မကျန်းမာသော အခြေ အနေတို့မှ ဖြစ်လာခြင်းဖြစ်သည်။
🍏ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
🍎Hypoxia (အောက်စီဂျင်နည်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
Pulse Oximeter (လက်တွင်ညှပ်ပြီးတိုင်းသော ကိရိယာ) ကိုသုံးပြီး သွေးတွင်းမှဓါတ်ငွေ့များကို တိုင်းတာမည်ဖြစ်သည်။ သို့မဟုတ် သွေးလွှတ် ကြောမှ သွေးနမူနာကိုယူကာ တိုက်ရိုက်လည်း တိုင်းနိုင်ပါသည်။
oximeter များ၌ ပုံမှန် ၉၅% မှ ၁၀၀% ကြားရှိရမည်ဖြစ်သည်။ အောက်စီဂျင်လယ်ဗယ် ၉၀ နှင့် အောက်ဆိုပါက သင့်၌ အောက်စီဂျင်နည်းခြင်းရနေပြီ ဖြစ်သည်။
ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်းကဲ့သို့ အခြေအနေများအား သံသယရှိသည်ဆိုပါက ဆရာဝန်သည် တခြားသောစစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မည်။
၎င်းတို့မှာ အဆုတ်လုပ်ငန်းစစ်ဆေးခြင်းနှင့် မရှင်းပြနိုင်သော အောက်စီဂျင်လျော့နည်းမှုကို ဆုံးဖြတ်နိုင်မည့် တခြားလေ့လာများပြုလုပ်ခြင်းတို့ဖြစ်ပါသည်။
🍏Hypoxia (အောက်စီဂျင်နည်းခြင်း) ကို ဘယ်လိုကုသပါသလဲ
အောက်စီဂျင်နည်းခြင်းကိုကုသရန်အတွက် ဆေးရုံတက်ရန်လိုအပ်ပြီး အောက်စီဂျင်လယ်ဗယ်ကို စစ်ဆေးနေရန် လိုအပ်ပါသည်။
အရေးပေါ်အခြေအနေများတွင် အဓိကသော့ ချက်မှာ ခန္ဓါကိုယ်တွင်းသို့ အောက်စီဂျင်များများရောက်ရန်သာ ဖြစ်သည်။ နှာခေါင်းနှင့် ပါးစပ်ကိုလုံသော Mask ကိုသုံးပြီး အောက်စီဂျင်ပေးပါလိမ့် မည်။
ထိုသို့လုပ်လျှင်သော်မှ အောက်စီဂျင်လယ်ဗယ်ပုံမှန်ပြန်မဖြစ်လာလျှင် အသက်ရှုလွယ်ကူစေရန် ပန်း နာရင်ကြပ်ဆေး သို့မဟုတ် ရှုဆေးများကိုပေးနိုင်ပါသည်။
ထိုထိအောင်အဆင်မပြေသေးပါက အကြော ဆေးသွင်းရမည်ဖြစ်သည်။ ရောင်နေသောအဆုတ် ခဏတာကျုံ့ သွားစေရန်အတွက် စတီးရွိုက်များ လိုအပ်နိုင်ပါသည်။
🍎လူနေမှုပုံစံပြောင်းလဲခြင်းနှင့်အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အောက်စီဂျင်နည်းခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အောက်စီဂျင်နည်းခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။
-ဆေးလိပ်ဖြတ်ပါ – အောက်စီဂျင်နည်းခြင်း သို့မဟုတ် တခြားအဆုတ်ရောဂါ ရှိနေကြောင်း အတည်ပြုပြီးပါက သင့်အခြေအနေ တိုးတက်လာစေရန်အတွက် ပထမဆုံးလုပ်ရမည့်အရာဖြစ်ပါသည်။
-ဆေးလိပ်ငွေ့မရှုမိအောင်နေပါ – ဆေးလိပ်ဖြတ်သည့်အပြင် ဆေးလိပ်သောက်သူများရှိရာကိုလည်း ရှောင်ရပါမည်။ တစ်ဆင့်ခံရှုခြင်းသည်လည်း ကိုယ်တိုင်သောက်သည်ထက် ပိုပြီးအဆုတ်ကို ပျက်စီးစေပါသည်။
-ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ – လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက တစ်ကိုယ်လုံးကို သန်မာစေပါသည်။
-မှန်ကန်စွာစားသောက်ပြီး တက်တက်ကြွကြွနေပါ။
-ပန်းနာရင်ကြပ်ဖြစ်စေသည်များကို သိထားပြီး ရှောင်နိုင်မည့်နည်းလမ်းများကို ရှာထားပါ။
အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
📌📌📌
ဘာကြောင့်ပဲလိုလို သယ်ဆောင်ရလွယ်ကူတဲ့ High Quality Medris oxygen concentrator လေးတွေကို ယုံကြည်စိတ်ချစွာ အိမ်မှာဆောင်ထားသင့်ပါတယ်နော်
❤️Dr. Hlaing Min Ko Ko မှ ရေးသားသည်။ 13/09/2019 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
ဆက်သွယ်ရန်
📱09975848443
📱09428111843
28/11/2021
မဂ်လာပါ ရှင်
ရောဂါတွေ များလာတဲ့ အချိန်မှ မတန်စျေးနူန်းနဲ့ မဝယ်ရအောင် အရည်အသွေးမှီ စျေးတန် တဲ့ MEDRIS ကို အိမ်တိုင်းဆောင်ထားစို့လား
Oxygen concentrator ကို ဘာကြောင့် အိမ်မှာဆောင်ထားသင့်လဲ
- ယခုလက်ရှိဖြစ်ပွါးနေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများအတွက် အထောက်အကူဖြစ်ခြင်း
- အသက်အရွယ်ကြီးသူများ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါရှိသူများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများ၊ စိတ်ဖိစီးမှုများဖြင့်အလုပ်လုပ်ရသောဝန်ထမ်းများ၊ စာကြည့်များသော ကျောင်းသားကျောင်းသူများနှင့်ကိုယ်ဝန်ဆောင်မိခင်များအတွက် အထောက်အကူပြုခြင်း
- အသံငြိမ်ပြီး စွမ်းဆောင်မှု့အားကောင်းသောကြောင့် ကလေးငယ်များနှင့် နာတာရှည်ရောဂါသည်များအတွက် အကောင်းဆုံး အသုံးခြင်း
သွေးတွင်းအောက်ဆီဂျင်မလုံလောက်ရသည့်အကြောင်းရင်းများ
- အလုံပိတ်ထားတဲ့ office tower ၊ မြေအောက်လမ်း၊ အအေးခန်းဂိုဒေါင်တွေစတဲ့ပတ်ဝန်းကျင်ကြောင့် အောက်ဆီဂျင်မလုံလောက်ခြင်း။
- ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု သို့မဟုတ် ရောဂါတစ်ခုရှိခြင်းကြောင့် အောက်ဆီဂျင်မလုံလောက်ခြင်း။
- လူလတ်ပိုင်းအရွယ်နောက်ပိုင်း အသက်ကြီးလာသည်နှင့်အမျှ ကိုယ်အင်္ဂါအစိတ်အပိုင်း အိုမင်းပျက်စီးလာပြီး အောက်ဆီဂျင်ဝင်ရောက်မှုလျော့နည်းလာပြီး အောက်ဆီဂျင်ချို့တဲ့လာခြင်း။
- အသက်အရွယ်ကြီးရင့်သူတွေဟာ သွေးကြောကျဉ်းလာခြင်း၊ သွေးတွင်းစီးဆင်းမှုလျော့နည်းလာခြင်းနှင့် အဆုတ်အလုပ်လုပ်အားနည်းလာခြင်းတို့ကြောင့် အောက်ဆီဂျင်မလုံလောက်ခြင်း။
- ပင်ပန်းနွမ်းနယ်မှုတို့ကြောင့် အောက်ဆီဂျင်မလုံလောက်ခြင်း။
နားနေတဲ့အချိန် ဦးနှောက်က အောက်ဆီဂျင်သုံးစွဲနေတဲ့ပမာဏဟာ ခန္ဓာကိုယ်တစ်ခုလုံး အောက်ဆီဂျင်သုံးစွဲနေတဲ့ပမာဏရဲ့ ၂၅% ရှိပြီး ဦးနှောက်သုံးပြီးအလုပ်လုပ်နေရတဲ့အချိန်မှာဆိုရင် အောက်စီဂျင်သုံးစွဲမှုဟာ ပုံမှန်ထက် ၂ ဆ ၃ ဆ တိုးလာပါတယ်။ အောက်ဆီဂျင်သုံးစွဲမှုများတာကြောင့် သာမန်အသက်ရှူရုံနဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏကို လုံလောက်စွာဖြည့်ဆည်းမပေးနိုင်ပါဘူး။ ဒီလိုအချိန်မှာ ခန္ဓာကိုယ်က lactic acid အများကြီးထွက်ပါမယ်။ ပင်ပန်းနွမ်းနယ်လွယ်တာ၊ ခါးညောင်းကျောနာဖြစ်ရတဲ့အကြောင်းရင်းကတော့ lactic acid အများကြီးထွက်တာကြောင့်ပဲဖြစ်ပါတယ်။
Lactic acid က ခန္ဓာကိုယ်ရဲ့ အာရုံကြော၊ muscle cell တွေနဲ့တခြားတစ်သျှူးတွေကို ထိခိုက်မှုဖြစ်စေပါတယ်။ ယနေ့ခေတ်မှာ ကျောင်းသားကျောင်းသူတွေ စာကြည့်များလို့ဖိအားများခြင်း၊ ဝန်ထမ်းများအလုပ်တာဝန်ကြီးခြင်းတို့ကြောင့် ခေါင်းမူးခြင်း၊ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခြင်း၊ ခြေကုန်လက်ပန်းကျခြင်းများဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင် အောက်ဆီဂျင်ရှူလိုက်ခြင်းအားဖြင့် လူကိုပိုမိုလန်းဆန်းစေခြင်း၊ စိတ်ကြည်လင်စေခြင်း၊ စာသင်ကြားရာမှာ ပို၍အထောက်အကူဖြစ်ခြင်း၊ အလုပ်ပိုလုပ်နိုင်ခြင်းစတဲ့အကျိုးရလဒ်များ ခံစားနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် နေ့စဉ် ညအိပ်ရာမဝင်ခင် အောက်ဆီဂျင်ကို မိနစ် ၃၀-၄၅ လောက်ရှူပေးခြင်းအားဖြင့် ပင်ပန်းမှုပြေလျော့စေပြီး အိပ်ပျော်စေပါတယ်။
📌📌📌ယခု လိုမီးပျက်သည့်အချိန်မှာ မီးစက်ဖြင့် သုံးနိုင်ပါသည်
နယ်မှ ကိုယ်စားလှယ်ယူလိုသူများအထူးစျေးနှုန်းဖြင့်ဝန်ဆောင်မှု့ပေးပါသည်
ဒါကြောင့် သယ်ဆောင်ရလွယ်ကူတဲ့ High Quality Medris oxygen concentrator လေးတွေကို ယုံကြည်စိတ်ချစွာ အိမ်မှာဆောင်ထားသင့်ပါတယ်နော်
Please contact.. ph...09975848443........ .....09428111843
12/08/2021
ကိုဗစ်ကာကွယ်ဆေး ထိုးသင့်သလား "ရတဲ့ အချိန်မှာ ရတဲ့ ကာကွယ်ဆေးကို ထိုးပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ၊ ကိုယ့်မိသားစုကိုလည်း ကာကွယ်ပါ။ က.....
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11222