Right Way Academy
Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
08/07/2025
👶🏻👶🏻ECCD (Early Childhood Care and Development) ဆိုတာဘာလဲ 👧🏻👦🏻
💁🏻♀️ECCD ဆိုတာကတော့ ကလေးတစ်ယောက်အတွက် အလွန်အရေးပါတဲ့ အကြောင်းအရာ တစ်ခုဖြစ်လို့ မေမေ၊ ဖေဖေတို့အနေနဲ့ သိရှိနားလည်ထားသင့်တဲ့အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။
🙋🏻♀️ECCD ဆိုတဲ့အကြောင်းအရာကို မပြောခင်မှာ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုအကောင်းဆုံးအမြန်ဆုံးအချိန်တွေက ဘယ်အချိန်တွေလဲဆိုတာ သိပါသလား…
✅အသက် ၅ နှစ် နဲ့ ၅ နှစ်အောက် အသက်အပိုင်းအခြားလေးပဲ ဖြစ်ပါတယ်။
💁🏻♀️ကလေးတစ်ယောက်အတွက် မွေးစမှ အသက် ၈ နှစ်အထိအသက်အပိုင်းအခြားလေးဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ခံစားမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ပေါင်းသင်းဆက်ဆံရေးအပိုင်းတွေအတွက် သင်ကြားလေ့ကျင့်ပေးဖို့ အကောင်းဆုံးအချိန် တန်ဖိုးအရှိဆုံးအချိန်ဖြစ်ပါတယ်။ ဒီကာလလေးက ကလေးလေးတွေရဲ့ အနာဂတ်အတွက်ကိုလည်း အခြေခံကောင်းတစ်ခုကို တည်ဆောက်ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ECCD (Early Childhood Care and Development) ဟာ မိသားစုတိုင်းအတွက် မဖြစ်မနေသိထားရမယ့်အရာဖြစ်လာပါတယ်။
💁🏻♀️ECCD (Early Childhood Care and Development) ဆိုတဲ့ စကားလုံးကို အဓိက အဓိပ္ပါယ်ဖွင့်ဆိုပြရမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်စဉ်ကစပြီး ကလေးငယ်များအတွက် ကျန်းမာရေးဆိုင်ရာ၊ အာဟာရပိုင်းဆိုင်ရာ၊ ချစ်ခြင်းမေတ္တာ နှင့် ပြုစုစောင့်ရှောက်မှု၊ စိတ်ခံစားချက်များဖွံ့ဖြိုးမှု၊ နားလည်မှုနဲ့ ပညာရေးအခြေခံများ ကို တစ်စုတစ်စည်းလုံးအနေနဲ့ ထောက်ပံ့ပေးတဲ့ အကြံပေးနည်းစနစ်တစ်ခုလို ပြောပြပေးလို့ရပါတယ်။
💁🏻♀️ငယ်စဉ်ကာလမှာ မှန်ကန်သောနည်းလမ်းဖြင့် သင်ကြားပေးခြင်း၊ ပြုစုစောင့်ရှောက်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာလုံခြုံနွေးထွေးမှုနှင် သင်ကြားပြသခြင်းကို ရရှိတဲ့ကလေးတွေဟာ
• ကျောင်းမှာ ပိုကောင်းအောင်မြင်တတ်တယ်
• စိတ်ပိုင်းဆိုင်ရာ သန်မာမှုရှိတတ်တယ်
• ကျန်းမာရေးကောင်းတတ်တယ်
• လူမှုဆက်ဆံရေးကောင်းတတ်တယ် အစရှိတဲ့ ကောင်းကျိုးများကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတဲ့အတွက်
ECCD ဟာ ကလေးရှိတဲ့ မိသားစုတိုင်းအတွက် လိုအပ်တဲ့ သိထားသင့်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်
ထို့ပြင် ECCD ဆိုတာ ကလေးလေးတွေ အတွက်သာမဟုတ်ပဲ ကလေးလေးတွေကို ပြုစုစောင့်ရှောက်ပေးမယ့် သူတိုင်းအတွက်လည်း အရေးကြီးပါတယ်။
ECCD လို့ပြောရင် ဘယ်လိုအကြောင်းအရာတွေ ပါဝင်သွားမလဲဆိုရင်တော့
• ကစားခြင်းဖြင့် သင်ယူမှုများမှ စတင်ကာ
• လုံခြုံနွေးထွေးသောပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးမှု
• ကျန်းမာရေးစောင့်ရှောက်မှုများ
• Parenting
• ကလေးနှင့် မိသားစုအကြားဆက်နွယ်မှု အစရှိတဲ့အကြောင်းအရာများစွာ ပါဝင်ပြီး လေ့လာစရာတွေလည်း များပြားပါတယ်…
ဒါကြောင့် ECCD (Early Childhood Care and Development) နှင့် ပတ်သက်တဲ့
• ဗဟုသုတ
• အကြောင်းအရာ
• သင်ကြားပြသမှု
• လိုအပ်သော Accessories Gadgets တွေ အပြင် Childhood, Parenting, learning အစရှိတဲ့ အကြောင်းအရာများကို ပြောပြပေးသွားမယ့် Learing and Sharing by Phoo Page လေးကို စောင့်ကြည့်ပေးဖို့ အကြံပြုလိုက်ပါတယ်နော်…📣📣📣
ECCD ဆိုတာ ထူးခြားတဲ့အရာတစ်ခု မဟုတ်ပါဘူး။
🙋🏻♀️နေ့စဉ်လုပ်ဆောင်နေတဲ့အရာတွေထဲမှာမှ မိသားစုနဲ့အတူ ပြောဆိုခြင်း၊ ကစားခြင်း၊ သင်ကြားပြသခြင်းတို့မှ တစ်ဆင့် လုပ်ဆောင်သွားနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်…
🙆🏻♀️ECCD: ကလေးတိုင်းအတွက် ကောင်းမွန်သော စတင်မှု!🙆🏻♀️
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |