The Nation Voice

The Nation Voice

Share

30/05/2026

အင်းတော်နဲ့ မော်လူးမှာ စစ်တပ်အကျအဆုံးများနေ

TNV၊
အောင်ကြီး၊ မေ-၃၀

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်ဝင်ပေါက်ဖြစ်တဲ့ အင်းတော်မြို့နဲ့ မော်လူးမြို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့လအတွင်း ပြန်သိမ်းခဲ့ပေမယ့် လက်ရှိမှာ တော်လှန်ရေးတပ်တွေရဲ့ တန်ပြန်ထိုးစစ်ကြောင့် စစ်တပ်ဘက်က အကျအဆုံးတွေ များလာနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အဓိကလမ်းကြောင်းတစ်လျှောက် စစ်တပ်ရဲ့ ထိန်းချုပ်နိုင်စွမ်းဟာလည်း ထပ်ပြီး စိန်ခေါ်ခံနေရတယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ အင်းတော်မြို့ကို ဧပြီ ၃၀ ရက်မှာ ပြန်သိမ်းခဲ့ပြီး မော်လူးမြို့ကိုတော့ မေ ၅ ရက်မှာ သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ တော်လှန်ရေးတပ်တွေက မြို့နှစ်မြို့ကို ပြန်ဝိုင်းထားနိုင်သလို ကချင်ပြည်နယ်ဝင်ပေါက်ဖြစ်တဲ့ ထီးချိုင့်-နန့်စီးအောင် လမ်းမကြီးကိုလည်း KIA နဲ့ မဟာမိတ်တပ်တွေက ပိတ်ဆို့ထိန်းချုပ်ထားနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်းတော်နဲ့ မော်လူးဘက်ကို စစ်ကူနဲ့ ထောက်ပို့ပစ္စည်းတွေ သယ်ဆောင်လာတဲ့ စစ်ယာဉ်တန်းတွေကိုလည်း တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်နေပါတယ်။

ပြီးခဲ့တဲ့ မေ ၂၄ ရက်က မိုးညှင်းဘက်ကနေ ဆင်းလာတဲ့ စစ်ကားသုံးစီးကို မော်ဟဲရွာအနီးမှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကားသုံးစီး မီးလောင်ပျက်စီးခဲ့ပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

မေ ၂၄ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာလည်း စစ်တပ်ဘက်က အထိနာခဲ့သလို မော်လူးဒေသမှာ စခန်းစွန့်ခွာထွက်ပြေးမှုတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

စီးပိန်ရွာအနီးကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားတာကြောင့် စစ်တပ်ရဲ့ ထောက်ပို့ယာဉ်တွေ သွားလာလို့မရတော့ဘဲ အရပ်ဘက်ကားတွေကိုသာ ဖြတ်သန်းခွင့်ပေးထားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ - (KIA တပ်ဖွဲ့ဝင်များပုံအဟောင်း)

29/05/2026

နင်းမိုင်း အိမ်ယူလာမိလို့ ပေါက်ကွဲပြီး ရွာခံသုံးဦးဒဏ်ရာပြင်းထန်

The Nation Voice၊ သတင်း
ငြိမ်း (TNV)၊ မေ ၂၉

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

https://tnvnews.com/

Address


Yangon