Win Legal Consultancy Group
ရွာမှာနေထိုင်လာတာ အနှစ်(၂၀)လောက်ရှိပါပြီ ခြံကိုဂရန်လျှောက်လို့ရပါသလား
ကျေးရွာမြေဂရန်လျှောက်ထားခြင်း
----------------------------
ကျေးရွာမြေဂရန်ထုတ်ပေးရေးစီမံချက်အရ မြေငှားဂရန်ထုတ်ပေးရန်အတွက် အောက်ပါ ပုဂ္ဂိုလ်များမှ မြေငှားဂရန်လျှောက်ထားခွင့်ရှိကြောင်း သတ်မှတ်ထားပါသည်-
(က) အသက်(၁၈)နှစ်ပြည့်ပြီးသည့် နိုင်ငံသားဖြစ်သူ၊ ကျေးရွာအုပ်စုအတွင်းနေထိုင်သူ၊
(ခ) နိုင်ငံသားစိစစ်ရေးကတ်ရှိသူ
(ဂ) လျှောက်ထားသူပါဝင်သည့် အိမ်ထောင်စုစာရင်း(ပုံစံ ၆၆/ ၆)ရှိသူ၊
(ဃ) အခြားအရပ်ဒေသမှ ပုံစံ(၁၀)ဖြင့် တရားဝင်ပြောင်းရွှေ့လာပါက တစ်ဆက်တစ်စပ်တည်း
(၁၂)နှစ်နေထိုင်မှုရှိသူ။
ကျေးရွာမြေဂရန်လျှောက်ထားရာ၌ ပါဝင်ရမည့်အချက်များ
(က) လျှောက်ထားသူအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ နေရပ်လိပ်စာနှင့် အလုပ် အကိုင်၊
(ခ) လျှောက်ထားမြေတည်ရှိရာ ကျေးရွာ၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ လမ်း သို့မဟုတ် နယ်မြေဒေသ၊
(ဂ) လျှောက်ထားမြေ၏ အလား(၄)ရပ်၊
(ဃ) လျှောက်ထားမြေပေါ်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံအမျိုးအစား၊ အရွယ်အစား။
ကျေးရွာမြေဂရန်လျှောက်လွှာတွင် ပူးတွဲပါရှိရမည့်အချက်များ
(က) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ သက်သေခံမြေစာရင်း ပုံစံ(၁၀၅/၁၀၆)၊
(ခ) အဆောက်အအုံ ဘေးမြင်/ ရှေ့မြင် ဓာတ်ပုံ(၂)ပုံ၊
(ဂ) လျှောက်ထားမြေအား ပိုင်ဆိုင်ကြောင်း အထောက်အထား၊
(ဃ) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊
( င) မြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းကင်းရှင်းကြောင်း ကိုယ်တိုင်ဝန်ခံချက်
ကျေးရွာမြေဂရန်ထုတ်ပေးမည့် ဌာနမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
--------------------------------
ကျေးရွာမြေများကို မြေငှားဂရန်ထုတ်ပေးရာတွင် အောက်ဖော်ပြပါ လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ဆောင်ရွက်မည်ဖြစ်ပါသည်-
(က) (ယခင်)ပြည်ထဲရေးဝန်ကြီးဌာန
(ယခု)ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်ထားသော ကျေးရွာ နယ်နိမိတ် ဧရိယာအတွင်းရှိ နိုင်ငံတော်အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေနှင့် ကျေးရွာနယ်နိမိတ် ဧရိယာအတွင်းတည်ရှိပြီး လယ်ယာမြေဥပဒေပုဒ်မ ၃(က)ပါ လယ်ယာမြေတွင် အကျုံးမဝင်သည့် နိုင်ငံတော်အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကိုစိစစ်၍ မြေငှားဂရန် ထုတ်ပေးမည်၊
(ခ) မြေတည်ရှိရာကျေးရွာပါဝင်သည့် ကျေးရွာအုပ်စုအတွင်း နေထိုင်မှုမရှိသူကို လူနေထိုင်ရန် အတွက် မြေငှားဂရန်ချခြင်းမပြုပါ၊ စက်မှုလက်မှုလုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ပါက အမှန်တကယ်လုပ်ကိုင်သည့် လုပ်ငန်းလိုင်စင်နှင့် အညီ စက်မှုမြေငှား ဂရန် ကိုသာ ထုတ်ပေးမည်၊
(ဂ) မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံခြားသားအဖြစ် သတ်မှတ်ခံရသူ၊ နိုင်ငံခြားသား ဖြစ်သူအား မြေငှားဂရန် ထုတ်ပေးခြင်းမပြုပါ၊
(ဃ) တရားမကြောင်းအရ သက်ဆိုင်ရာတရားရုံးတွင် ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် မြေကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(င) ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသောမြေများကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(စ) ဧရိယာအကျယ်(၂၀×၆၀)ပေ၊ ဧကအားဖြင့် (၀.၀၂၇၅)ဧကထက် လျော့နည်းသည့် မြေများကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(ဆ) အနားလေးရပ်ခိုင်မာမှုမရှိသည့် ကျေးရွာမြေကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(ဇ) ဝင်လမ်း၊ ထွက်လမ်းမရှိသည့်မြေများကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(ဈ) အဆောက်အအုံ ဆောက်လုပ် အသုံးပြုထားခြင်း မရှိသောမြေများကို မြေငှားဂရန် ထုတ်ပေး ခြင်းမပြုပါ၊
(ည) မြစ်၊ ချောင်းနှင့် ရေကန်များကို ကျောခိုင်းဆောက်လုပ်ထားသည့် အဆောက်အအုံ မြေများကို မြေငှားဂရန် ထုတ်ပေးခြင်းမပြုပါ၊
(ဋ) မီးရထားလမ်း၊ ကားလမ်း နယ်နိမိတ်ဧရိယာအတွင်းရှိမြေများကို မြေငှားဂရန် ထုတ်ပေးခြင်း မပြုပါ၊
(ဌ) မဟာဓာတ်အားလိုင်းအတွင်း ကျရောက်လျက်ရှိသောမြေများကို မြေငှားဂရန် ထုတ်ပေးခြင်း မပြုပါ၊
(ဍ) မြေငှားဂရန်ထုတ်ပေးရန်မသင့်ကြောင်း သက်ဆိုင်ရာဌာနတစ်ခုခုမှ ဥပဒေနှင့်အညီ ကန့်ကွက်/ တားမြစ်ထားသည့်မြေများကို မြေငှားဂရန်ထုတ်ပေးခြင်း မပြုပါ။
ပြန်လည်ကူးယူဖော်ပြပါသည်။
အိမ်ငှားတင်ထားတဲ့ လူနေတိုက်ခန်းတစ်ခုကို ဝယ်ဖို့ စရံပေးပါတယ် ။
ငွေအကြေချေပြီးရင် အိမ်ငှားတွေကို ဖယ်ပေးဖို့ပိုင်ရှင်ကလည်း သဘောတူပြီးသားပါ ။
ဒါပေမဲ့ငွေအကြေချေပြီးတဲ့နောက်မှာ အိမ်ငှားက အကြောင်း အမျိုးမျိုးပြပြီး နေ့ရွှေ့ညရွှေ့လုပ်နေပါတယ် ။
တစ်လကျော်နေပါပြီ ။
အခန်း ပြန်ရအောင် ပိုင်ရှင်က လုပ်ပေး ရမှာလား ၊ မိမိကလုပ်ရမှာလား ၊ ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို ရှင်းပြပေးစေချင်ပါတယ် ။
=======================
ဒီမေးခွန်းမှာ ကျွန်တော်တို့ဘာကိုသွားတွေ့ရလဲဆိုတော့ စရံပေးတယ်.. စရံပေးစဉ်ကာလကတည်းက ငွေအကျေ ချေပြီးရင် အိမ်ငှားကို ဖယ်ပေးပါမယ်လို့ မူလရောင်းသူက ကတိပြုထားတာရှိတယ်။
ဒီလို ကတိပြုထား ကတည်းကိုက ဒီအိမ်ငှားကို ဖယ်ပေးပါလို့ ပြောကြားပြီးဖြစ်လိမ့်မယ်။
ဒီလိုအကြောင်းကြားပြီးပြီ ဆို ကတည်းကိုက ဒီအိမ်ငှားသည် ဖယ်ပေးရမယ် ။
ဘာဖြစ်လို့လဲဆိုတော့ နောက်owner ကိုရောင်းပြီးပြီး ဆိုတော့ ဖယ်ပေးပါပြောတယ်။
ဒါပေမဲ့ အိမ်ငှားကလဲ ငွေအကျေချေပြီးတဲ့နောက်ပိုင်းမှာလဲ ဖယ်ပေးခြင်းမရှိဘူး။
အဲ့တော့ ကျွန်တော်တို့က ဒီအရောင်းအဝယ်စာချုပ်ကိုဘဲ ပြန်ကြည့်ရမယ်။
အရောင်းအဝယ်စာချုပ်ကို ပြန်ကြည့်တဲ့အခါမှာ ဒီလက်ရောက်လွှဲပြောင်းပေးအပ်တဲ့နေရာမှာ ငွေအကျေချေပြီးတဲ့အခါမှာ ဒီအခန်းကို အိမ်ငှားပါပါဝင်ပြီး လက် ရောက်လွှဲအပ်တယ်ဆိုတာ ပေါ်ပေါက်တာကို ကျွန်မတို့တွေ့ရှိရပါတယ်။
ဒါကြောင့်မို့လို့ တိုက်ခန်းကော ၊ အိမ်ငှားကော လက်ရောက်လွှဲအပ်ပြီးခြင်းဖြစ်တယ်။
တိုက်ခန်းပိုင်ရှင်ကလဲ နှင်လို့မရသည့်အတွက် ဒီကိစ္စမှာ အားလုံးကို မူလဝယ်သူက ရရှိသွားပါပြီ ။
ရရှိသွားတဲ့အတွက်ကြောင့်မို့ တိုက်ခန်းကို ဖယ်ပေးဖို့အတွက်ကို ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ ၁၀၆ နဲ့အညီ အငှားချထားခြင်းကို ရပ်စဲကြောင်း နို့တစ်စာပေးရပါမယ်။
နောက်ပြီးတော့ ဒီဝယ်သူကလဲ သူအမှန်တစ်ကယ်နေဖို့ ဝယ်ပြီးတဲ့အတွက်ကြောင့် နေစရာမရှိလို့ နေဖို့အ တွက်ကို ဒီတိုက်ခန်းကို ပြန်လည်လက်ရောက်ရယူရပါမယ်လို့ ၁၉၆၀ ပြည်နှစ် မြို့ပြဆိုင်ရာငှားရမ်းခ ကြီး ကြပ်ရေးအက်ဥပဒေပုဒ်မ ၁၂ ( စ ) နဲ့ အညီ အိမ်ငှားနှင်လိုမှု စွဲပြီးအခန်းကို ယူလို့ရပါတယ်လို့ ဖြေကြားလိုက်ပါတယ်။
#ကျေးဇူးတင်ပါတယ်ရှင့်
11/03/2025
ကလေးအုပ်ထိမ်းခွင့်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon