Ladies Diary
20/01/2023
အနမ်းမိုးရွာရင်တောင်kissproof ဖြစ်တဲ့ Bella ရဲ့ Let's kiss lipstick collection
===============================
Bella ရဲ့lipstick Collection ထဲက let's kiss collection က Kissproof ဆိုတာလေးကရင်ခုန်စိတ်လှူပ်ရှားစရာလေးနော် ။ သူက အရောင်အားဖြင့်ရွေးချယ်စရာ (၅) ရောင်ပါဝင်ပြီး တစ်ရောင်ချင်းစီကskin color tones မရွေးတဲ့ကာလာ(၅)မျိူးဖြစ်တာကြောင့်အသားအရောင်မရွေးလိုက်ဖက်တယ် ။
Texture အနေနဲ့ Velvety Matte type ဆိုတော့ ကတ္တီပါသားလေးလိုအိအိလေးနဲ့နှုတ်ခမ်းသားအပေါ် တင်းကပ်မနေပဲနူးညံပေါ့ပါးစေတယ်။
Vitamin E ပါဝင်ပြီးရေဓါတ်ဖြည့်ပေးတဲ့အတွက်နှုတ်ခမ်းအက်ကွဲခြင်းအဖတ်လန်ခြင်းမှလဲကင်းဝေးစေတယ်။Bella lipstick collection ထဲမှာ Let's kiss collection က အရောင်ထွက်အလှဆုံးနဲ့ နှုတ်ခမ်းသားပေါ်ပေါ့ပါးနူးညံမှုအပေးနိင်ဆုံးမို့အတော်လေးကြိုက်တယ်။
Long lastingကတော့(၆-၇)နာရီထိနှုတ်ခမ်းသားပေါ်ရှိနေပြီး Kiss-proof ဆိုတဲ့အတိုင်းအနမ်းမိုးရွာချတာတောင်နှုတ်ခမ်းနီပျက်သွားမှာစိတိပူစရာမလိုတော့ဘူးလေနော် 🌚
Packaging အမိုက်စားဖြစ်တဲ့အပြင်Valentine လဲနီးနေပီဆိုတော့ကိုယ့်ချစ်သူကောင်မလေး ဒါမှမဟုတ် Crush လေးတွေကို ကိုယ့်ရဲ့အချစ်သင်္ကေတလေးတွေကိုဖွင့်ဟပြောပြလက်ဆောင်ပေးလို့အကောင်းဆုံးအချိန်ပဲလေနော် ❤️
ရွှေစင်တစ်ရောင်ချင်းစီဆိုးပြထားလို့တစ်ပုံခြင်းစီမှာအကြိုက်တူတာလေးတွေရှိရင်comment လေးချန်ခဲ့ပေးပါနော်
ချစ်ခြင်းများဖြင့်❤️
18/01/2023
Thanks Bella
Let's kissproof collection အရမ်းမိုက်တယ်
ကာလာတွေတအားလှပြီးSkin color tones မရွေးလိုက်တယ်။
Products စထွက်ပြီးနောက်ရက်အစောဆုံးသတိတရပို့ပေးလို့ကျေးဇူးတင်ပါတယ်ရှင့်။အလုပ်လေးများလို့အခုမှတင်လိုက်ရတယ်။ရွှေစင်ကာလာလေးတွေစမ်းပြပေးမယ်နော်။
💋
09/01/2023
ချစ်ရတဲ့လေဒီလေးအပါအဝင်အမျိူးသားလေးတို့ရေ
အခုတလောအလုပ်များနေတာနဲ့ အသုံးဝင်မယ့်Beauty Tips တွေ Life stlye လေးတွေကိုရွှေစင်ရဲ့Page မှာ Sharing မလုပ်ဖစ်တာအချိန်ပိစိလေးကြာသွားတယ်နော် 🤓
ဒါပေမယ့်လဲ KBZ pay ရဲ့ Offical Account Life style မှာတော့ အသုံးဝင်မယ့် Beauty Tips လေးတွေ အချိန် အလျဉ်းသင့်သလို Tips တွေSharing လုပ်ပေးဖြစ်တယ် ။
page မှာမရေးပေးဖြစ်တဲ့အကြောင်းအရာအချို့ကို KBZ pay မှာcontent လေးတွေတင်ပေးဖြစ်နေလို့ချစ်ရသူတို့ကLadies Diary ကိုFollow လုပ်ပြီး လိုအပ်ချက်လေးတွေကိုအကြုံပြုပေးဖို့လဲထပ်မံဖိတ်ခေါ်ပါတယ်။
နောက်ပို့စ်တွေမှာအမိုက်စားlifestyle တွေ Beauty tips တွေနဲ့ထပ်တွေ့ကြမယ်
ချစ်ခြင်းများဖြင့် ❤️
31/12/2022
It is just 1day to new year
————————————————————————————————
ချစ်ရသူတို့ရေ မကြာခင်မှာ ၂၀၂၂ကုန်ပြီး ၂၀၂၃နှစ်သစ်လဲရောက်တော့မယ်နော်။
ပထမဆုံးအနေနဲ့၂၀၂၂ရဲ့တစ်နှစ်တာအတွင်းမှာ ရွှေစင်တို့ကြုံရ ဆုံရ ကြိုးစားခဲ့ခက်ခဲခဲ့ရတဲ့အချိန်တွေရှိခဲ့သလို အောင်မြင်ခြင်းကျရှုံးခြင်းတွေရင်ဆိုင်ခဲ့ရပေမယ့် ဒီတစ်နှစ်တာထိအကောင်းဆုံးဖြတ်ကျော်ခဲ့ကြတဲ့အတွက် Self-appreciation အဖြစ်မိမိကိုယ်မိမိဂုဏ်ယူချစ်ခင်ကြရအောင်။
ဒုတိယအနေနဲ့ Ladies diary ရယ်လို့ဖြစ်လာအောင် page boost လုံးဝမပါပဲ ရွှေစင်ရဲ့ Beauty tips တွေရဲ့အကြောင်းအရာကိုအားပေးနှစိသက်သဘောကျကြတဲ့ Ladiesလေးတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်။
တတိယအနေနဲ့ကတော့ နှစ်သစ်ရောက်တော့မယ်ဆိုတော့ Achievements တွေ Goals တွေကိုသေချာလေးစဉ်းစားဆုံးဖြတ်ထားပါတယ်။တစ်နှစ်ပတ်လုံး ရွှေစင်တို့ပြင်ဆင်သင့်တဲ့အကျင့်လေးတွေ၊ လိုအပ်ချက်တွေနောင်တတွေကို ပြန်လည်သုံးသပ်ပြီး ပြင်စရာရှိတာတွေ ပြင်ဆင်ရင်း ၂၀၂၃ ရဲ့ မမြင်ရသေးတဲ့Challance တွေကိုအကောင်းဆုံးအဖြစ်စိတ်ဓါတ်ပြင်းပြင်းနဲ့အောင်မြင်မှုတွေကိုရယူကြမယ်နော်။
၂၀၂၃မှာပိုမိုကောင်းမွန်တဲ့ဖန်တီးမှုအသစ်တွေ အမှန်တကယ်အသုံးဝင်မယ့် Beauty Tips တွေကိုထပ်မံပြောပြချင်သေးလို့ဆက်ပြီးချစ်ခင်အားပေးဖို့ရယ်၊နှစ်သစ်မှာ အိမ်မက်တွေကိုယ်စီအောင်မြင်ခြင်းစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ပြည့်စုံစေဖို့ မကြာခင်ကျရောက်မယ့်New Year Wish အဖြစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ချစ်ခြင်းများဖြင့်❤️
Click here to claim your Sponsored Listing.