Wai Lin - Learn Business Intelligence
21/04/2026
𝗠𝗮𝘁𝗿𝗶𝘅 𝗗𝗮𝘁𝗮 𝗗𝗮𝘆 𝟮𝟬𝟮𝟲 ရက်ပြောင်းရွှေ့ကြောင်း အသိပေးကြေညာခြင်း 📢
Matrix College မှ ကြီးမှူးကျင်းပမည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ❝ 𝗗𝗔𝗧𝗔 𝗗𝗔𝗬 𝟮𝟬𝟮𝟲: 𝗟𝗲𝗮𝗿𝗻, 𝗖𝗼𝗻𝗻𝗲𝗰𝘁, 𝗟𝗲𝗮𝗱 ❞ အား မေလ (၂) ၊ ၂၀၂၆ မှ မေလ (၁၇) ၊ ၂၀၂၆ ရက်နေ့သို့ ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။
အသေးစိတ်သိရှိလိုပါက 09 445 533 288 - 289 (သို့မဟုတ်) Page Messenger မှ တစ်ဆင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
Grow Professional, Grow Together.
🙏 ပျော်ရွှင်စရာ နှစ်သစ်သို့ ဆုတောင်းစကား 🙏
နောက်ပိုင်း Community ထဲမှာ AI + Power BI (Auto dashboard, prompt-based report, Copilot, Claude) တွေက အရမ်းလှပြီး အရမ်းမြန်လာတာကြောင့် မြင်တဲ့သူတိုင်း “Wow” ဖြစ်ကြတယ်။ (ကျွန်တော်လည်း အကုန်လိုက်စမ်းပါတယ်) ။
ဒါပေမယ့် Learning Path အနေနဲ့တော့ အဲ့ဒါကို Starting Point အဖြစ်မယူသင့်ပါဘူး။ Power BI လေ့လာမယ့်သူတွေအတွက် AI Tools တွေက အရမ်းအထောက်အကူပြုနိုင်ပေမယ့် Foundation မရှိဘဲ အသုံးပြုမယ်ဆိုရင် Result ရလာပေမယ့် Understanding မတည်ဆောက်နိုင်ဘူး၊ Error တွေကို မဖြေရှင်းနိုင်ဘူး၊ Business Insight မထုတ်နိုင်ဘူးဆိုတဲ့ ပြဿနာတွေရှိလာနိုင်ပါတယ်။
အဲ့တော့
• Phase 1 ကတော့ Foundation အနေဖြင့် No AI က အကောင်းဆုံးပါဘဲ ။
• Phase 2 က Thinking Skill တွေထပ်ပေါင်းစပ်ပါ ။
• Phase 3 မှ AI Integration ဘက်ကိုသွားပါ ။
Beginner တွေကို AI hype ထဲသွားမခိုင်းဘဲ Structure + Fundamentals + Thinking ကို အရင် build လုပ်ပေးတာက Long-term မှာ အများကြီးကောင်းတယ်။
တစ်ချို့က မေးကြပါတယ် ။ တစ်ချို့ Business Analyst သင်တန်းတွေမှာ Excel, SQL, Power BI တွေဘဲ သင်နေတယ်… တကယ့် BA အတွက်တော့ မလိုအပ်ဘူး မဟုတ်လား? ဆိုပြီး။
ဒါက တစ်ဝက်မှန်၊ တစ်ဝက်မမှန် ပါ။
BA ကိုအကြမ်းဖျင်း (၂) မျိုးခွဲလို့ရပါတယ် ။
1. Traditional BA
• Requirement, Process, Documentation ကိုအဓိက focus ထားပါတယ်။
• Word, Visio, Jira လို tools တွေသုံးကြပါတယ် ။
• Data skill က basic level လောက်ပဲလိုအပ်တတ်ပါတယ် ။
2. Data-driven / Modern BA
• Business + Data ကိုပေါင်းပြီး analyze လုပ်ပါတယ် ။
• Excel, SQL, Power BI လို tools တွေကိုအသုံးပြုပါတယ် ။
ဒါကြောင့် BA က Excel, SQL, Power BI မဟုတ်ဘူး ဆိုတာမှန်ပါတယ် ။ ဒါပေမယ့် BA အတွက် အဲဒါတွေမလိုဘူး ဆိုတာ မမှန်ပါဘူး ။
အခုမှ BA ဖြစ်ဖို့စတင်လေ့လာသူတွေဆိုရင် BA Skills ကိုအရင်လေ့လာပါ လို့ပဲ အကြံပြုချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ BA ရဲ့ Core က Tools မဟုတ်ပါဘူး ။
• Problem understanding
• Requirement gathering
• Stakeholder communication
• Business thinking
ဒီ Skills မရှိဘဲ Tools တွေကိုသာ သင်ထားမယ်ဆိုရင် Report Builder တစ်ယောက်လိုပဲ ဖြစ်သွားနိုင်ပါတယ် (BA မဖြစ်နိုင်ပါဘူး)
Training တွေဘာကြောင့် Excel + SQL + Power BI ရောင်းလဲဆိုတော့ Market Demand ကိုလိုက်ပြီး Design လုပ်တာနေမှာပါ။
Wai Lin - Learn Business Intelligence
LinkedIn မှာ Dashboard မျှဝေတာ၊ Challenge ဝင်တာတွေမှာ တစ်ချို့အရည်အသွေး နည်းကြပါတယ်။ ဒါပေမဲ့ အဲဒါ Problem မဟုတ်ဘူး၊ Learning Process တစ်ခုပါ။
တစ်ချို့က မကောင်းမြင်တတ်ကြတယ်။ သူတို့ရော အဲ့လိုလုပ်ဖူးလား၊ လုပ်ရဲလားဆိုတာ မေးရမှာပါ။ တကယ်ဆို ပံ့ပိုးပေးနိုင်ဖို့လိုပါတယ်။
သူတို့လုပ်နေတာ တန်ဖိုးရှိတယ်။
Confidence တည်ဆောက်နေတာ၊ Learning ကို လူသိရှင်ကြား မျှဝေနေတာ။
ဘယ်သူမှ perfect start မရဘူး။ ဒီ Mindset ကမှ growth ကို မြန်ဆန်စေတယ်။
Data Analyst ဖြစ်ချင်တာက မခက်ပါဘူး။ ဒါပေမယ့် မလုပ်သင့်တာ မလုပ်မိနေဖို့လိုတယ် ။
⚠️ Course တစ်ခုပြီးတိုင်း Skill ရပြီထင်တာ
⚠️ YouTube video တွေကြည့်ပြီး နားလည်ပြီ လို့ထင်တာ
⚠️ Tool (Power BI, Excel, SQL) ကိုပဲ အာရုံစိုက်ပြီး Business Logic မလေ့လာတာ
⚠️ Portfolio မရှိဘဲ Job Apply လုပ်နေတာ
⚠️ Practice မလုပ်ဘဲ သိတာ နဲ့ပဲ စိတ်ကျေနပ်နေတာ
⚠️ Tutorial dependency (step-by-step မရှိရင် မလုပ်တတ်တော့တာ)
⚠️ Copy–paste project (ကိုယ်တိုင်မစဉ်းစားဘဲ GitHub/YouTube ကိုပဲ copy လုပ်တာ)
⚠️ Perfect ဖြစ်မှ စမယ်ဆိုပြီး လုပ်နေတာ
⚠️ Tools များများသင်ပြီး ဘယ်တစ်ခုမှာမှ mastery မရှိတာ
⚠️ Dataset ကို analyze မလုပ်ဘဲ visualization လှအောင်ပဲ focus လုပ်တာ
⚠️ Feedback မယူဘဲ ကိုယ်တိုင်ပဲ OK တယ်လို့ထင်နေတာ
⚠️ SQL / Excel / BI tool ကို integrate မလုပ်တတ်ဘဲ silo skills set ဖြစ်နေတာ
ဒီအရာတွေက မလုပ်သင့်တာတွေပါ။
Click here to claim your Sponsored Listing.