Ray of the Spring

Ray of the Spring

Share

02/07/2023

ဓမ္မဘက်မှ အစဉ်အမြဲရပ်တည်ခဲ့သော
မိဘပြည်သူများရှင့်............

နွေဦးရောင်ခြည်ပညာသင်ကျောင်း၏ *Batch 3* ကျောင်းသားလက်ခံခြင်းကို မကြာမီအချိန်အတွင်းတွင် Formဖြည့် လက်ခံသွားတော့မှာ ဖြစ်ပါတယ်။

သို့ဖြစ်သောကြောင့် ကျောင်းအပ်နှံမည့် ကျောင်းသား၊ကျောင်းသူများ နှင့် မိဘအုပ်ထိန်းသူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ အောက်ပါအတိုင်း ထုတ်ပြန်
လိုက်ပါသည်။
__

နွေဦးရောင်ခြည် ပညာသင်ကျောင်းတွင်အပ်မည့် ကျောင်းသား/သူများနှင့်
မိဘ အုပ်ထိန်းသူများ ကျောင်းအပ် Form ဖြည့်စဉ် လိုက်နာရမည့် အချက်များ။

၁။ကျောင်းအပ်ထားသည့် ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ၏ လုံခြုံရေးကို (အထူး) အလေးထားသောအားဖြင့် ကျောင်းလက်ခံကြောင်း အကြောင်းကြားရာတွင် Email/Viber/Telegram ဖြင့်သာ ဆက်သွယ်အကြောင်းကြားမည်
ဖြစ်သောကြောင့် ကျောင်းအပ်မည့် မည်သူမဆို ခိုင်မာတိကျသော Email Address /Viber No/Telegram Account တစ်ခုစီ ရှိရပါမည်။
(မရှိသေးပါက ကြိုတင်ပြုလုပ်ထားပေးရန်လိုအပ်ပါမည်။)

၂။Formတွင် ဖြည့်သွင်းရမည့် ကိုယ်ရေးအချက်အလက်များသည် ကျောင်းသားတစ်ယောက် ကျောင်းအပ်ရာတွင် လိုအပ်သော ယေဘုယျအချက်အလက်များသာဖြစ်ပါသည်။
(မိဘမှတ်ပုံတင်အမှတ်၊အလုပ်အကိုင်၊နေရပ်လိပ်စာအပြည့်အစုံ၊ဖုန်းနံပါတ် များဖြည့်သွင်းရန် မလိုအပ်ပါ။
ဖြည့်သွင်းခိုင်းခြင်းလည်းမရှိပါ။)

၃။ကျောင်းသားတစ်ယောက်အတွက် Email Address /Viber no/Telegram Account တစ်ခုသာ အသုံးပြုပေးရမည်ဖြစ်သည်။

၄။ကျောင်းမှ လက်ခံကြောင်းအကြောင်းကြားစာ ပေးပို့ပါပြီဟု ကြေညာသည့်အချိန်မှစ၍ မိမိတို့ Mail၏ inbox နှင့် spam box ထဲတွင် ဝင်စစ်ပေးရန် လိုအပ်ပါမည်။(Formဖြည့်စဉ်က Email Address မှန်ကန်စွာ
ဖြည့်ထားသော မည်သူ့ကိုမဆို informed letter
ပေးပို့မည် ဖြစ်ပါသည်။)
Viber No/Telegram account ပေးထားပါက ဆက်သွယ်မည်ဖြစ်သဖြင့်ဝင်ရောက်စစ်ဆေးပေးပါ။

၅။ယခု ကျောင်းသားလက်ခံခြင်းသည် ကျောင်း(လုံးဝ)မတက်ရသေးသည့် ကျောင်းသား/သူများနှင့် မည်သည့် Onlineကျောင်းများတွင်မှ မအပ်နှံရ‌ သေးသည့် ကျောင်းသား/သူများအား အဓိက ထားလက်ခံသွားမည်ဖြစ်သောကြောင့် အမြန်ဆုံးFormဖြည့် အပ်နှံရန် လိုအပ်မည့်အပြင် စာသင်ကာလအတွင်းကို ကျောင်းပုံမှန်တက်ရောက်နိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါသည်။
(မိမိကြောင့် ကျောင်းအမှန်တကယ်တက်ရောက်လိုသူတစ်ဦး တစ်ယောက်မှ နစ်နာမှုမရှိစေရန် သေချာစွာ စဉ်းစားပြီးမှ အပ်နှံပေးကြပါရန် တိုက်တွန်းအပ်ပါသည်။)

၆။ နွေဦးရောင်ခြည်ပညာသင်ကျောင်း တွင် အပ်နှံတက်ရောက်မည့် ကျောင်းသား တိုင်းသည် စကစ လက်အောက်ရှိမည်သည့်ကျောင်းကိုမှ(ကိုယ်ပိုင်ကျောင်းများအပါအဝင်) တက်ရောက်ထားခြင်း၊စာရင်းသွင်းထားခြင်းမရှိစေရ။အကယ်၍ ထိုကိစ္စရပ်မျိုးပြုမူဆောင်ရွက်ထားခြင်းရှိပါက ကျောင်းမှ ထုတ်ပယ်ခံရမည် ဖြစ်ပါသည်။

ထို့ကြောင့် အထက်ပါ အချက်အလက်များကို နွေဦးရောင်ခြည်ပညာသင်ကျောင်းတွင် တက်ရောက်ရန်အတွက် Formဖြည့် အပ်နှံမည့် မည်သည့်ကျောင်းသားမဆို ကျေးဇူးပြု၍ သေချာဂရုစိုက်စွာဖြင့် လိုက်နာဆောင်ရွက်ပေးပါရန် (အထူး) မေတ္တာရပ်ခံ
အပ်ပါသည်။
ကျောင်းအုပ်ချုပ်ရေးအဖွဲ့
နွေဦးရောင်ခြည် ပညာသင်ကျောင်း

13/03/2023

ကျမ ဆရာ ရေးပြီး ကျမedit လုပ်ပေးထားတဲ့ အမှတ်တရသီချင်းလေးပါ

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon
11051