GoTaste By JP
11/11/2024
JP တို့ဒီနေ့မစားဖြစ်တာကြာပြီဖြစ်တဲ့ ချဉ်ငံစပ်
အထောင်းစုံလေးစားချင်တာနဲ့သုခမှတ်တိုင်မှာရှိတဲ့
(သုခ ရခိုင်မုန့်တီနဲ့ပင်လယ်စာအစုံထောင်း)ဆိုင်မှာ
သွားစားဖြစ်ခဲ့ပါတယ်
မှာစားခဲ့တာတွေက ရခိုင်မုန့်တီသုပ် ၊ သင်္ဘောသီးထောင်း
ကြက်ခြေထောက်ထောင်း၊ ပဲသွေးသုပ် တို့ကို
မှာစားဖြစ်ခဲ့ပါတယ်အထောင်းတွေဆိုလဲဈေးက
၂၀၀၀/၄၀၀၀ ဝန်းကျင်လောက်နဲ့ စျေးလဲအရမ်းမများပဲ
စားလို့အဆင်ပြေတယ်
အရသာလေးတွေကလဲတော်တော်လေးစားလို့ကောင်းတဲ့
ထဲပါတယ် အစပ်မစားနိုင်တဲ့သူဆိုအစပ်လေးတော့လျှော့
ခိုင်းဖို့လိုပါမယ် ချဉ်ချဉ်ငံငံစပ်စပ်ပွင့်ထွက်သွားချင်တဲ့
သူတွေအတွက် သွားစားကြည့်ကြဖို့ ပြောချင်ပါတယ်
ဆိုင်လိပ်စာအပြည့်အစုံကတော့
သုခ ရခိုင်မုန့်တီနှင့်ပင်လယ်စာအထောင်းစုံ
အင်းစိန်လမ်းမ၊သုခမှတ်တိုင်အနီး၊လှိုင်မြို့နယ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon