RAVE Inform
19/09/2025
Spotify CEO ၏ လုပ်ရပ်ကြောင့် "King Gizzard & The Lizard Wizard" အပါအဝင် အနုပညာရှင် တော်တော်များများက Spotify မှ သူတို့၏ သီချင်းများဖြုတ်ချခဲ့
Australian psychedelic rock band တစ်ခုဖြစ်တဲ့ "King Gizzard & The Lizard Wizard" က ပြီးခဲ့တဲ့ July လမှာ Spotify ပေါ်မှာ ရှိတဲ့ သူတို့ရဲ့ သီချင်းအကုန်လုံးကို ဖြုတ်ချဖို့ ကြေညာခဲ့ပါတယ်။ ဖြုတ်ချရတဲ့ အကြောင်းကတော့ Spotify ရဲ့ CEO ဖြစ်သူ "Daniel Ek" က စစ်ဖက်ဆိုင်ရာနည်းပညာထုတ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ "Helsing" ကုမ္ပဏီမှာ စစ်ရေးဆိုင်ရာ AI နည်းပညာ (military drones) ထုတ်လုပ်မှုအတွက် အမေရိကန် ဒေါ်လာ သန်း 600 ကျော် (694 သန်း) ခန့်ကို ရင်းနှီးမြှုပ်နှံခဲ့တဲ့ သတင်းကြောင့် အခုလို သူတို့ရဲ့ သီချင်းတွေကို Spotify ကနေ ဖယ်ရှာဖို့ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ၎င်းရင်းနှီးမြုပ်နှံမှုက "Helsing" ကုမ္ပဏီ၏ တန်ဖိုးကို 12 ဘီလီယံကျော်အထိ မြှင့်တင်ပေးနိုင်ခဲ့ပြီး "Daniel Ek" ကိုယ်တိုင်က ထိုကုမ္ပဏီမှာ ဥက္ကဌ အဖြစ် တာဝန်ယူထားပါတယ်။
"Helsing" ကုမ္ပဏီဟာ စစ်ဖက်ဆိုင်ရာသုံး AI နည်းပညာကို ဖန်တီးနေသော ကုမ္ပဏီ တစ်ခုဖြစ်ပြီး လက်ရှိမှာ UK, Germany နှင့် Sweden စစ်တပ်များနှင့် လက်တွဲပူးပေါင်းထားပါတယ်။ Helsing က AI-powered drones, autonomous submarines, နှင့် AI-assisted fighter jets များကို ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ဒီရင်းနှီးမြုပ်နှံမှုကြောင့် Artists တော်တော်များများက Spotify ကိုဆန့်ကျင်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး Massive Attack, Deerhoof, Brian Eno, FKA twigs, Xiu Xiu တို့ပါ ပါဝင်လာတာကိုတွေ့ရပါတယ်။ Spotify အနေနဲ့ ၎င်းရင်းနှီးမြှုပ်နှံမှုကို အခြားသော စီးပွားရေးတစ်ခုအနေနဲ့သာ သတ်မှတ်ထားကြောင်းပြောကြခဲ့ပြီး "Helsing" ကုမ္ပဏီအနေနဲ့ကတော့ Ukraine ရဲ့ စစ်ရေးအကူအညီအတွက် ရည်ရွယ်ထားကြောင်းပြောကြားခဲ့ပါတယ်။
သို့ပေမယ့် Artist များက ထိုအချက်တစ်ခုတည်းကြောင့် မဟုတ်ပဲ သူတို့အနေနဲ့ အနုပညာ နှင့် စစ်ရေးကို မရောထွေးစေခြင်းကြောင့် အခုလို boycott ပြုလုပ်တာဖြစ်ကြောင့် ပြောကြားထားတာကိုလည်း တွေ့ရပါတယ်။ ထို့အပြင် Spotify ဟာ 2024 ခုနှစ်တုန်းကလည်း Artist royalty ပေးတာနည်းခြင်းကြောင့် အနုပညာရှင်များရဲ့ ဝေဖန်ခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ ယခု "King Gizzard & The Lizard Wizard" တို့၏ လုပ်ရပ်အပေါ် အနုပညာရှင်တစ်ချို့၏ အားပေးမှုများရှိနေပြီး စံနမူနာထားစရာဖြစ်ကြောင်း ဖော်ပြရေးသားတာတွေ တွေ့နေရပါတယ်။
01/07/2024
ပါးစပ်တွေထဲပါ ဝင်တယ် 🤮
Click here to claim your Sponsored Listing.