Pregna Gold
23/07/2025
🤰 မေမေတို့ရေ... ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ ကိုယ်ခံအားကောင်းပြီး ကျန်းမာနေမှ ဗိုက်ထဲက ဘေဘီလေးလည်း ကျန်းမာမှာပါ။ ဘေဘီလေးတို့ရဲ့ မိခင်လောင်းတွေအနေနဲ့ ကိုယ်ခံအားနည်းနေမယ်ဆို အပြင်က မမြင်ရတဲ့ ပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပြီး ရာသီတုပ်ကွေးကစလို့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့လာနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားကောင်းစေဖို့ဆိုရင် -
⚡️ အစာအာဟာရဓာတ် မျှတစွာ ပါဝင်အောင် စားသုံးပေးပါ။
⚡️ အိပ်ရေးဝဝ အိပ်စက်အနားယူပါ။
⚡️ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပါ။
⚡️ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် ဖြေလျှော့ပေးပါ။
⚡️ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းကို ရှောင်ကျဉ်ပါ။
⚡️ လိုအပ်တဲ့ ကိုယ်ဝန်ဆောင်အားဆေးများကို ဖြည့်စွက်သောက်သုံးပေးပါ။
အခုလို မိုးတွင်းကာလက ရောဂါပိုးတွေ ပြန့်နှံ့နေချိန် ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေမယ့် Beta-Carotene ပါဝင်တဲ့ Pregna Gold ကိုယ်ဝန်ဆောင်အားဆေးကိုလည်း ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံး ပုံမှန် သောက်ဖို့ လိုအပ်ပါတယ်နော် 💞
🤰 Pregna Gold နဲ့အတူ ကျန်းမာလှပ မိခင် နဲ့ ရင်သွေးလေး ဘ၀
#ကိုယ်ဝန်ဆောင်အားဆေး
12/07/2025
🧠 ဖောလစ်အက်စစ်က ရင်သွေးလေးရဲ့ ဦးနှောက်နဲ့အာရုံကြောမကြီး ချို့ယွင်းမှုမဖြစ်အောင် ကာကွယ်ပေးရာမှာ မရှိမဖြစ် အရေးကြီးပါတယ်။ ဒါကြောင့် ကလေးယူဖို့ အစီအစဉ်ရှိတယ်ဆိုရင် ဖောလစ်အက်စစ်ကို ကိုယ်ဝန်မဆောင်ခင် (၃) လ အလိုလောက်ကတည်းက ကြိုတင်သောက်သင့်ပါတယ်။
Pregna Gold အားဆေးမှာ ကိုယ်ဝန်ဆောင်မေမေနဲ့ ဘေဘီလေးတို့အတွက် လုံလောက်ပြည့်ဝတဲ့ Folic Acid - ပမာဏ ပါဝင်လို့ ကိုယ်ဝန်ဆောင်ဖို့ စတင်ပြင်ဆင်နေချိန်ကတည်းက ပုံမှန်သောက်ပေးမယ်ဆို ကျန်းမာပြည့်စုံတဲ့ ဘေဘီလေးကို အကောင်းဆုံးကြိုဆိုနိုင်မှာ အသေအချာပါပဲ...💕
🤰 Pregna Gold နဲ့အတူ ကျန်းမာလှပ မိခင် နဲ့ ရင်သွေးလေး ဘ၀
#ကိုယ်ဝန်ဆောင်အားဆေး ဲ့အတူကျန်းမာလှပမိခင်နဲ့ရင်သွေးလေးဘ၀
12/06/2025
🤰 Pregna Gold ကိုယ်ဝန်ဆောင် အားဆေးမှာ မိခင်နဲ့ ရင်သွေးလေးတို့အတွက် လုံလောက်ပြည့်၀တဲ့ အာဟာရသတ္တုဓာတ်တွေအပြင် ~
✨ DHA (Docosahexaenoic Acid) ပါဝင်လို့ ရင်သွေးလေးကို ဉာဏ်ရည်ထက်မြက်စေပြီး အမြင်အာရုံ အားကောင်းစေဖို့အတွက် ကူညီပံ့ပိုးပေးပါတယ်။
✨ Folic Acid ကြွယ်ဝစွာပါဝင်တာကြောင့် သွေးအားနည်းရောဂါမှ ကာကွယ်ပေးပြီး သန္ဓေသားအာရုံကြောစနစ် ဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။
✨ Vitamin B အုပ်စုက ကိုယ်ဝန်ဆောင်ချိန်ဖြစ်လေ့ရှိတဲ့ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ကို သက်သာစေပါတယ်။
ကျန်းမာကြံခိုင်တဲ့ ကိုယ်ဝန်ဆောင်ကာလနှင့် ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်တဲ့ ရင်သွေးလေးအနာဂတ်အတွက် ကိုယ်ဝန်စရှိချိန်မှ ဘေဘီလေးမွေးဖွားပြီး နို့တိုက်ချိန်အထိ Pregna Gold ကို တစ်နေ့တစ်လုံး သောက်သုံးပေးနိုင်ပါတယ်။ 💕
🤰 Pregna Gold နဲ့အတူ ကျန်းမာလှပ မိခင် နဲ့ ရင်သွေးလေး ဘဝ
#ကိုယ်ဝန်ဆောင်အားဆေး
Click here to claim your Sponsored Listing.
Category
Telephone
Address
Yangon
11211