Beauty Wallet
02/09/2025
❝ ခေါင်းဆောင်မှု အဆင့် (၅) ဆင့် ❞
ဘယ်နယ်ပယ်မှာမဆို ခေါင်းဆောင်ဆိုတာ
ရှိကြတာချည်းပဲ၊ နယ်ပယ်ချင်းသာ မတူတာ။
ဦးဆောင်တာတော့ အတူတူပဲ။
တချို့က အလုပ်ထဲမှာ
တချို့ကျ အိမ်တွင်းထဲမှာ
တချို့က အဖွဲ့အစည်းတွေမှာ
တချို့က နိုင်ငံရေးနယ်ပယ်မှာ
စသဖြင့် နေရာတိုင်လိုလို ရှိကြတယ်။
တချို့ ခေါင်းဆောင်တွေကို လူတွေချစ်ကြတယ်။
တချို့ ခေါင်းဆောင်က ရာထူးကို အသုံးချပြီး
သူ့လက်အောက်ငယ်သားတွေကို အနိုင်ကျင့်တယ်၊
ခေါင်းပုံဖြတ်တယ်၊ နှိပ်စက်တာမျိုးတွေ ရှိတယ်။
တချို့ခေါင်းဆောင်တွေက အနစ်နာခံတယ်၊
တချို့ကျ ကိုယ်ကျိုးအတွက်ပဲ ကြည့်တတ်ကြတယ်။
ဒါဆိုရင် ခေါင်းဆောင်ကောင်းတစ်ယောက်
ဖြစ်ဖို့ဆိုရင် အဆင့်ဘယ်နှဆင့် ဖြတ်ရမှာလဲ၊
ဘယ်လိုလူကိုမှ ခေါင်းဆောင်ကောင်းလို့ ခေါ်တာလဲ။
သင်က လုပ်ငန်းခွင်တစ်ခုမှာ
ဦးဆောင်နေရတဲ့လူဆိုရင်
သင့်ရဲ့ ခေါင်းဆောင်မှုအဆင့်ကို
အခုပြောပြပေးမယ့် (၅) ဆင့်နဲ့ တိုင်းလို့ရတယ်။
◾Position (ရာထူးအဆင့်)
လူတွေကိုတော့ ဦးဆောင်တယ်၊
ဘယ်လို ဦးဆောင်သလဲဆိုရင် ရာထူးနဲ့။
ရာထူးရရုံသက်သက်ပဲ။
ကိုယ် ဦးဆောင်တာကို ခံရတဲ့လူတွေနဲ့
ဆက်ဆံရေးကောင်းတွေ မရှိသေးဘူး။
အကယ်၍ ကိုယ့်မှာသာ ရာထူးမရှိဘူးဆိုရင်
ကိုယ့်ကို ဘယ်သူကမှ အဖက်မလုပ်နေဘူး။
ဒါ့ကြောင့် ဒီအဆင့်မှာ ကိုယ့်ကိုယ်ကိုယ်
ထိန်းထားဖို့လိုတယ်၊ ရိုးသားမှန်ကန်ဖို့လိုတယ်။
◾Permission (သဘောတူညီချက်)
ဒုတိယအဆင့်မှာတော့
ခေါင်းဆောင်နဲ့အဖွဲ့သားတွေဟာ
ရင်းနှီးမှုတွေ စတင်တည်ဆောက်နေပြီ၊
မေးထူးခေါ်ပြောရှိမယ်၊ မိသားစုစိတ်ရှိလာမယ်။
အားလုံးနဲ့ အညမညကျ၊ သဟဇာတ ဖြစ်လာတာမို့
အကုန်လုံးကလဲ ခေါင်းဆောင်ဆိုပြီးတော့
တပြေးတည်း တသားတည်း
လက်ခံလာကြတဲ့ အဆင့်ပါ။
ဒါပေမဲ့ ခေါင်းဆောင်တစ်ယောက်အတွက်က
ထူးချွန်ပြောင်မြောက်တဲ့ ရလဒ်ကောင်းတွေ
မဖန်တီးနိုင်သေးဘူး၊ လူချစ်လူခင်ပဲ များတာ။
ဒါ့ကြောင့် ဒီအဆင့်ဟာ
ရလဒ်ကောင်းတွေ ထွက်ဖို့ကြိုးစားနေရတဲ့
အဆင့်လို့ ဆိုနိုင်တယ်။
◾Production (စွမ်းဆောင်ရည်)
ဒီအဆင့်ကတော့ ခေါင်းဆောင်ဆိုတာကို
အကုန်လုံးက လက်ခံလာကြပြီး၊
ရလဒ်ကောင်းတွေ ဖန်တီးနိုင်တဲ့အဆင့်ပါ။
ဒီအဆင့်ရောက်တယ်ဆိုရင်တော့
အဖွဲ့အစည်းအတွက်လဲ ပိုကောင်းတဲ့
အခွင့်အလမ်းတွေ ပိုပိုများလာတတ်တယ်။
◾People Development (တိုးတက်ဖွံ့ဖြိုးခြင်း)
ဒီဟာကတော့ ခေါင်းဆောင်ဟာ
ကိုယ့်တစ်ယောက်တည်း တိုးတက်တာမျိုးကို
စွမ်းဆောင်တာ မဟုတ်တော့ဘဲ
အခြားသူတွေကိုပါ ပိုတိုးတက်အောင်
လက်တွဲခေါ်လာတဲ့ အဆင့်ဖြစ်တယ်။
နောက်လိုက်ကောင်းတွေ မမွေးတော့ဘူး၊
နောက်ထပ် ခေါင်းဆောင်ကောင်းတွေ
မွေးထုတ်ပေးနိုင်တဲ့ ခေါင်းဆောင်အဆင့်ဆိုလဲ
မမှားဘူး။
◾Pinnacle (အထွတ်ထိပ်)
နောက်ဆုံးအဆင့်ကတော့
ပြိုင်းဘက်ကင်းတဲ့ ခေါင်းဆောင်ပါ၊
သူကတော့ အမြင့်ဆုံးလို့ ပြောလို့ရတယ်။
သူ့ကိုယ်ကျိုး သူမကြည့်တော့ဘူး၊
အနစ်နာခံဖို့ ဝန်မလေးဘူး၊
တာဝန်တွေကို ခေါင်းမရှောင်ဘူး။
ရေရှည်ပေးဆပ်ရဲတဲ့ သတ္တိ သူ့မှာ ရှိတယ်။
ဒီအဆင့်က လူအားလုံးရဲ့
လေးစားချစ်ခင်မှုကို တပြေးတည်း
ရထားတဲ့ အထွတ်အထိပ်အဆင့်ပဲ ဖြစ်တယ်။
ဆိုတော့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြည့်ပါ။
ကိုယ်က ဘယ်အဆင့်မှာ ရောက်နေလဲ၊
ဘယ်အဆင့်မှာပဲ ရပ်တန့်နေတာလဲ ပြန်မေးပါ။
ဘာမှမသိလို့ ဘာမှမလုပ်ဘဲနေမယ်ဆိုရင် မသေချာမှုတွေနဲ့ စိတ်ညစ်စရာတွေကြားထဲမှာပဲ ပိတ်မိနေပြီး သူများတွေ ကိုယ့်ကိုကျော်တက်သွားတာကိုပဲ လက်ပိုက် ကြည့်နေရလိမ့်မယ်။ဒါကြောင့်မို့ ကိုယ့်ဘဝကို နောက်ထပ်တစ်ဆင့်မြှင့်ဖို့ Ready ပဲဆိုရင် အခုပဲ Chance Myanmar Facebook Messenger - 👉 m.me/1393065990733143 မှာ 15 skills for Better Career နဲ့ ပတ်သက်တဲ့ သင်တန်း အသေးစိတ်ကို လာရောက်စုံစမ်းလိုက်ပါ။
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the public figure
Telephone
Website
Address
Yangon
02/09/2025