My Health

My Health

Share

05/05/2021

သရက်သီးစားခြင်း၏ကောင်းကျိုးများ

အသီးမှာ သရက် ဆိုပြီး တင်စားရတဲ့ သရက်သီးတွေဟာ စားအကောင်းဆုံးအသီးဖြစ်သလို ဒီလိုရာသီမှာအပေါများဆုံး အသီးလည်း ဖြစ်ပါတယ်။ သရက်သီးကို စားကောင်းတာလူတိုင်းသိကြပေမယ့် သရက်သီးစားတဲ့အခါ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို သိရှိနိုင်ဖို့ ဖော်ပြပေးချင်ပါတယ်။

(၁) ကိုလက်စထရော ကျဖို့ အထောက်အကူဖြစ်ခြင်း။
သရက်သီးမှာ ဗီတာမင်စီ၊ Pectin နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်မှုကြောင့် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြီး ကယ်လိုရီတွေကို လောင်ကျွမ်းဖို့ အထောက်အကူပြုပါတယ်။ထို့ပြင် ဗီတာမင်နဲ့ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်မှုကြောင့် အချိန်ကြာမြင်စွာ ဗိုက်ပြည့်နေစေပြီး သဘာဝအတိုင်း အဆီများကိုလည်း လောင်ကျွမ်းစေတဲ့ phytochemicals ဓာတ်လည်း ပါဝင်ပါတယ်။

(၂) သွေးဖိအားများခြင်းကို လျော့ကျဖို့ ကူညီနိုင်ခြင်း။
သရက်သီးက မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးဖိအားလျော့ကျစေဖို့ ကူညီနိုင်ပါတယ်။

(၃) အယ်ကာလိုင်းဓာတ်ပါဝင်သော အစားအစာဖြစ်ခြင်း။
အစာခြေပြီးတဲ့နောက်မှာ သရက်သီးက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အယ်ကာလိုင်းဓာတ်ကိုချန်ခဲ့ပါတယ်။ အယ်ကာလိုင်းက သဘာဝအလျောက်ဆဲလ်တွေကို ပြန်လည်ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ tartaric acid ၊ malic acid နဲ့ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးထဲက pH level ကိုလည်း ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ပေးနိုင်ပါတယ်။

(၄) အမြင်အာရုံကောင်းဖို့ ကူညီနိုင်ခြင်း။
ဗီတာမင်အေနဲ့ ဘီတာကရိုတင်းပါဝင်ခြင်းကြောင့် မျက်စိကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး အမြင်အာရုံကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

(၅) အစာခြေစနစ်ကောင်းမွန်စေခြင်း။
သရက်သီးမှာ ပရိုတင်းဓာတ်ကိုဖြိုခွဲနိုင်ဖို့ အင်ဇိုင်းတွေပါဝင်ပါတယ်။ အမျှင်ဓာတ်လည်းပါဝင်ပြီး အစာခြေစနစ်ကိုလည်း အထောက်အကူ
ဖြစ်စေပါတယ်။ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၆) သံဓာတ်မြင့်မားစွာပါဝင်ခြင်း။
သရက်သီးမှာ သံဓာတ်မြင့်မားစွာပါဝင်သောကြောင့် အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးလို့ ပိုအဆင်ပြေပါတယ်။ သံဓာတ်အပြင် ကယ်လဆီယမ်ဓာတ်လည်း ပါဝင်ပါသေးတယ်။

(၇) အိုမင်းရင့်ရော်ခြင်းကို နှေးစေခြင်း။
ဗီတာမင်အေနဲ့ စီပါဝင်ခြင်းကြောင့် ကောလိပ်ဂျင်တွေကို ထုတ်လုပ်ဖို့ ကူညီပေးနိုင်ပြီး အရေပြားကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။ အိုမင်းရင့်ရော်ခြင်းကို နှေးစေပြီး အရွယ်တင်နုပျိုပါတယ်။

(၈) ဦးနှောက်ကျန်းမာရေးကို အထောက်အကူဖြစ်စေခြင်း။
ဗီတာမင် ဘီဆစ် ပါဝင်မှုကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို တိုးတက်စေနိုင်ပါတယ်။ glutamine acid ပါဝင်ပြီး မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကောင်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။

(၉) ခန္ဓာကိုယ်တွင်း ခုခံအားတိုးစေခြင်း။
ဗီတာမင်အေနဲ့ ဘီတာကရိုတင်းက သင့်ရဲ့ခန္ဓာကိုယ်ခုခံအားကို ကောင်းမွန်စေပါတယ်။ သင့်ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ free radicals တွေကို တိုက်ဖျက်နိုင်ပါတယ်။

(၁၀) အရိုးကျန်းမာရေးကို ကောင်းမွန်ဖို့ကူညီနိုင်ခြင်း။
အဆစ်အမြစ်အတွက် ကောင်းမွန်စေတဲ့ lupeol ဓာတ်ပါဝင်ပြီး ဗီတာမင်ကေလည်း ပါဝင်ပါတယ်။ ဗီတာမင်ကေက ကယ်လဆီယမ်စုပ်ယူမှုကိုလည်း အားကောင်းစေပါတယ်။

reference source - https://bit.ly/2RnVjVi

#သရက်သီး

21/01/2021

နဂါးမောက်သီးနှင့် အလှအပကျန်းမာရေး

နဂါးမောက်သီးလို့ပြောရင် နှမ်းစေ့လေးတွေကပ်ထားသလို အသွင်အပြင်ကို လူတိုင်းမြင်ဖူးပြီး အရသာကလည်း မချိုလွန်း မစိမ့်လွန်းတဲ့ အရသာကိုပေးစွမ်းလို့ ကျန်းမာရေးနှင့် အထူးသင့်လျှော်တဲ့ အသီးတစ်မျိုးပါ။ အရောင်အားဖြင့် အဖြူရောင်၊ အနီရောင် ၊ အဝါရောင်ဆိုပြီး သုံးမျိုးရှိပါတယ်။

နဂါးမောက်သီးမှာ ဗီတာမင်စီ နှင့် ဘီ အုပ်စုတွေအပြင် သံဓာတ်၊ အိုင်ရွန်း၊ဖော့စဖိတ် နှင့် ကယ်လ်ဆီယမ်ဓာတ်များကြွယ်ဝသလို ပရိုတိန်းနှင့် အမျှင်ဓာတ်များလည်းပါဝင်တာကြောင့် ဆီးချိုသမားများအတွက် အကောင်းဆုံးအသီးဖြစ်သလို ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက်လည်း စားသုံးဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။ဒါ့အပြင် ကင်ဆာဖြစ်စေတဲ့ အန္တရာယ်ကနေလည်း ကာကွယ်ပေးနိုင်စွမ်းရှိသလို အသားအရေနှင့် အလှအပကျန်းမာရေးအတွက်လည်း အထောက်အကူပြုနေတာမို့ နဂါးမောက်သီးနဲ့လည်း သဘာဝအတိုင်း လှပကျန်းမာအောင် ဂရုစိုက် ထိန်းသိမ်းနိုင်ပါပြီ။

အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတယ်
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေဖြစ်နေပြီဆိုရင် နဂါးမောက်သီးတစ်ခြမ်းကို အတွင်းသားတွေကိုယူပြီး ဒိန်ချဉ်နည်းနည်းနဲ့ ရောမွှေပြီး မျက်နှုနှင့်လည်ပင်းကိုလိမ်းပြီး မိနစ် 20 လောက်ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးရုံဖြင့် နဂါးမောက်သီးရဲ့ အာဟာရဓာတ်တွေက အရွယ်တင်နုပျိုစေဖို့ ကူညီပေးမှာပါ။
ကိုယ်အလေးချိန်ကို လျော့ကျစေတယ်
ကိုယ်အလေးချိန်လျော့ချဖို့အတွက်ဆိုရင် နဂါးမောက်သီးကို အစာမစားခင်စားပေးပါ။နဂါးမောက်သီးမှာပါ၀င်တဲ့ ကယ်လ်ဆီယမ်နှင့် ဖော့စဖိတ်ဓာတ်တွေဟာ ခန္ဓာကိုယ်အတွင်းဖြစ်စဉ်တွေကိုကောင်းမွန်စေပြီး အစားအစာတွေမှာပါ၀င်တဲ့အဆီဓာတ်နဲ့ ကိုလက်စထရောတွေကို လျော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်လျော့ချချင်သူနှင့် ထိန်းသိမ်းချင်သူများအတွက် အထူးပဲ သင့်တော်ပါတယ်။
ဝက်ခြံကို သက်သာစေတယ်
ဝက်ခြံတွေသက်သာလျော့ပါးချင်တယ်ဆိုရင် နဂါးမောက်သီး ရဲ့အသားတွေကို ချေပြီး မျက်နှာမှာ ပေါင်းတင်ပေးပါ။ ဗီတာမင်စီ ပါဝင်မှုကြောင့် ဝက်ခြံတွေသက်သာစေပြီး ထပ်မဖြစ်အောင်လည်းတားဆီးနိုင်ပါတယ်။
အသားအရည် ကြည်လင်စေတယ်
နဂါးမောက်သီးတွင် ဗီတာမင်စီ ကြွယ်၀စွာပါ၀င်မှုကြောင့် အသားအရည်မွဲခြောက်ခြင်းက ကာကွယ်ပေးပြီး အသားအရည်ကို အသစ်ပြန်လည် လှပစေပါတယ်။ဒါ့ကြောင့် နဂါးမောက်သီးဖျော်ရည်သောက်သုံးခြင်း၊ အသီးစားသုံးပေးခြင်းနှင့် နဂါးမောက်သီးနှင့် skincare treatment များလုပ်ပေးနိုင်ပါတယ်။
သဘာ၀ moisture အာနိသင်ရှိပါတယ်။
နဂါးမောက်သီးမှာ ရေဓာတ် 80% ပါ၀င်တာကြောင့် အသားအရည်ကို သဘာ၀အတိုင်း အစိုဓာတ်ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။ဒါ့ကြောင့် နဂါးမောက်သီးကိုစားသုံးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေရုံသာမက အသားအရည်အတွက်ရော အလှအပအတွက်ပါ အထူးသင့်တော်တာမို့ နဂါးမောက်သီးကိုနေ့စဉ်စားသုံးပြီး ကျန်းမာလှပကြစို့နော်။

Credit Original Sources

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Building (11), MICT Park, Hlaing Campus, Hlaing Tsp
Yangon
11051