Rehoboth Steel Weld Engineering
08/02/2026
ဆယ့်တန်းအောင်စရာမလိုပါဘူး ငွေရှိချင်ရင် ငွေကြေးအတတ်ပညာကိုပဲ သေချာလေ့လာရင် သူဌေးဖြစ်လာဖို ၉၀% သေချာပါပြီ။
ဆယ့်တန်းပြီးတဲ့အထိ ငွေကိုဘယ်လိုရှာပြီ ဘယ်လိုရင်းနှီးရင် ချမ်းသာလာမလဲ ဆိုတဲ့ ဘာသာရပ်မပါလို့။
#ပထမအဆင့်
နိုင်ငံခြားမှာလုပ်နေတော့ ပုံမှန်လစာလေးရှိနေရင် လစာထဲ မိသာစုပေး၊ ဘာပေးညာပေပြီ ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်နိုင်ရ ရည်ရွယ်ပြီ $300 ကို ပုံမှန်ဖယ်ထားပါ ။ ၅ နှစ်ဆိုရင် $18,000 (သိန်း ၅၄၀ ) စုမိပြီ ငွေကြေးဖောင်ပွတာနဲ့ သိန်း ၄၀၀ ပေါ့။ လုပ်ငန်းစဖို့ ငွေကြေးအင်အားအတိုင်အတာတစ်ခုရသွားပါပြီ။ အဲထက်များများစုနိုင်လေကောင်းလေပေါ့။
#ဒုတိယအဆင့်
ငွေရမည့် အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုသင်ယူမယ်။ ပညာသင်ရင် သိန်း ၅၀၀ ထဲမှ သိန်း ၅၀/၁၀၀ အတွတ် ကိုယ်ကို ပညာပြန်သင်ယူရင်အသုံးပြုရပါမည်။
ဉပမာ - ရန်ကုန်မှာ တစ်နှစ်အဆောင်ဌားနေပြီ ဆံပင်ညှပ်ပညာ ၊ မိတ်ကပ်၊ English Speaking/ grammar သို့မဟုတ် computer သင်တန်း စာစီစာရိုက် ၊ အဝတ်ချုပ်ပညာတွေ ဝါသနာနဲ့ ကိုက်ညီတာ သင်ပြီး ကိုယ်ရဲ့ ဇာတိမြို့မှာ လူတွေအတွတ်အကျိုးပြုမဲ့ သင်တန်းတွေ၊ ဆံပင်ညှပ်ဆိုင်တွေ ၊ အထည်ချုပ်ဆိုင် တွေပြန်ဖွင့်လိုရတယ် ။ နာမည်ရလာပါက တပည်တွေ ထားပြီ ပညာသင်ကြေးတွေလည် ကောက်ခံသင်ကြားတာလည် အလုပ်ဖြစ်တယ်။
မဟုတ်ရင်လည် ရှိတဲ့ ငွေ သိန်း ၄၀၀ ကနေ ငါး/ကြက်မွေးမြူးရေးငန်း ၊ ကွမ်းယာဆိုင်နှင့် စားသောက်ကုန်ကြမ်း၊ အိမ်ပစ္စည်းဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင် နှင့် အပိုပစ္စည်း အများကြီးမှအကြီးပါ ငွေအရင်းအနှီးရှိရင် စလုပ်လို့ရတဲ့ လုပ်ငန်းတွေ။
ဒီထက်ငွေပိုစုမိလို့ ကိုယ်ကိုတိုင် လုပ်စရာမလိုပဲ လုပ်လို့ရတဲ့ လုပ်ငန်းလည်ရှိတယ် ဉပမာ သက္ကသိုလ်နဲ့ နီးတဲ့နေရာမှာ အဆောင်ဆောက်ပြီး ဌားစားတာတ်ို့ စက်မူဇုံနဲ့ နီးတဲ့နေရာမှာ ထမင်းဆိုင်လေး ဖွင့်တာတို့ပေါ့ လူဌားထားပြီ။
နောက်ဆုံးကုန်ကုန်ပြောရရင် ရွာထဲ ငွေတိုးချေးစားတဲ့အလုပ်ပဲလုပ်မလားပေါ့။
လုပ်ငန်းအောင်မြင်မှာလား မအောင်ဘူးလားဆိုတာ ကိုယ်ဘယ်လောက်ထိကြိုးစားမလဲပေါ်ပဲမူတည်သွားတာပါ။ ချမ်းသာချင်တဲ့လူက ချမ်းသာလာဖို့ ကြိုးစားချင်စိတ်အပြည့်ပဲ ဘာလို့လဲဆိုတော့ ဆင်းရဲတယ်ဆိုတာ ဘယ်လိုအရသာလဲဆိုတာ ကောင်းကောင်းသိလို့။
အဲ့တော့ စမှတ်ကအရေးကြီးတယ်
ငွေရှိမှ စလို့ရမယ်……. ငွေရှိဖို့ ငွေစုရမယ်
ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ ——
ကိုယ်ပိုင်လုပ်ငန်းတစ်ခုစဖို့ သိန်းထောင်ချီ ဝန်ထမ်း ဆယ့်ချီမလိုပါဘူး မိမိတစ်ယောက်ထဲကနေ တွန်လှည်လေးနဲ့ အကင်ဆိုင်ဖွင့်ထားလည် ဝင်ငွေကောင်း နာမည်ကောင်းရလာရင် ဆိုင်ကောင်းကောင်းနဲ့ တိုးချဲနိုင်ပါတယ်။
ဒါကြောင့် အခုကြိုးစားရှာနေတဲ့ငွေဟာ သင့်အနာဂတ်ရဲ့ အုတ်မြစ်တွေပဲ အလေးမထား မဆင်မခြင် သုံးနေရင်ရင် တစ်သက်လုံး ကိုယ်ပိုင်တဲ့ဘဝ ကိုယ်ပိုင်အိမ်မက်မှာမနေရပဲ သူများရဲ့ အိမ်မက်ကို ဆောက်ပေးနေရမဲ့ လခစားဘဝပဲကျန်နေခဲ့မယ်။
အားလုံးပဲ အိမ်မက်ပန်းတိုင်ခရီး ချောမွေ့အဆင်ပြေကြပါစေ။
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon
11121
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |
| Saturday | 08:00 - 17:00 |