Guerrilla Marketing Coach - Myanmar
18/09/2025
ဆရာဖြိုးပိုင်ရဲ့ GMC အတန်းကို ၂၀၁၈ တည်းက တက်ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၃ က ဆရာ batch အသစ်ပြန်ဖွင့်မှ တက်ဖြစ်ခဲ့တယ်။
၂၀၁၇ တည်းက ဆရာ့ဆီက Digital Marketing, Copywriting နဲ့ Entrepreneurship အတန်းတွေကို တက်ခဲ့ပြီး အခု GMC ကိုပါ ဆက်တက်ဖြစ်ခဲ့တာပါ။
ကိုယ်တိုင်လည်း Marketing, Branding တွေကို ထဲထဲဝင်ဝင် စိတ်ဝင်စားသလို လက်ရှိမှာလည်း Marketing Hour ဆိုတဲ့ Brand ကနေ SMEs တွေကို လူတွေချစ်တဲ့ Brand တည်ဆောက်နိုင်ဖို့ တထောင့်တနေရာကနေ ကူညီပေးနေပါတယ်။
GMC တက်ပြီးတဲ့အခါ ကိုယ့်ရဲ့အလုပ်အကိုင်ပိုင်း၊ Marketing ပိုင်းတွေမှာ သိသာမြင်သာတဲ့ တိုးတက်ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။
အဲဒီထဲကမှ တချက်ကိုပြောရရင် ဆရာသင်ပေးတဲ့ A.E.I.O.U Framework ထဲက E - experimentation ဆိုတဲ့သဘောတရားကို လက်ရှိအချိန်ထိ အသုံးချနေပြီး
ဒီသဘောတရားကြောင့် စျေးကွက်လိုအပ်ချက်ကိုလိုက်ပြီး ကိုယ့်လုပ်ငန်းကို လိုအပ်သလို အပြောင်းအလဲ လုပ်နိုင်ခဲ့ပါတယ်။
ဒီအတွက်လည်း ဒီကနေ ဆရာဖြိုးပိုင်ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ ❤️
နောက်ထပ် GMC အတန်းကို Join ဖို့စဥ်းစားနေသူတွေအတွက်လည်း
တကယ်လို့ ကိုယ်က ကိုယ်တိုင် Marketing ကိုလုပ်ဆောင်နေသူဖြစ်ဖြစ်၊ တခြားလုပ်ငန်းတွေကို ကူညီလုပ်ဆောင်ပေးနေသူဖြစ်ဖြစ်
GMC ရဲ့ဆောင်ပုဒ်အတိုင်း ဒီအတန်းက "စရိတ်နည်းပါး၊ ထိရောက်မှုဆပွား" ဖြစ်စေမယ့် Marketing ဆိုင်ရာ နည်းလမ်းနဲ့ သဘောတရားတွေကို လေ့လာသင်ယူနိုင်မယ့် Community တခုဖြစ်ကြောင်း သတင်းစကားပါးလိုက်ပါရစေ။
Dr. Pyae Sone Ko Ko
Founder Hour