D2H
08/09/2025
ခရစ္စတီယာနို ရော်နယ်ဒိုသည် သမိုင်းတစ်လျှောက် အကောင်းဆုံး နိုင်ငံတကာ ဂိုးသွင်းရှင် အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်သည်။
07/09/2025
မန်ချက်စတာယူနိုက်တက် ဂိုးသမား အန်ဒရီ အိုနာနာဟာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ပိတ်မယ့် တူရကီစူပါလိဂ်ရဲ့ အပြောင်းအရွှေ့ကာလမကုန်ခင် တူရကီကလပ် Trabzonspor ကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
31/08/2025
13 နှစ်အကြာ Anfield ကျိန်စာဆိုးကို Arsenal ချိုးဖျက်နိုင်မလား?”
ဒီနေ့ည စူပါဆန်းဒေးမှာ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလောင်းတွေအဖြစ်သတ်မှတ်ခံထားရတယ့် လီဗာပူး နဲ့ အာဆင်နယ် တို့ဟာ အန်ဖီးလ်ကွင်းမှာ ထိပ်တိုက်ရင်ဆိုင်တော့မှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်နေကြပြီး နိုင်ပွဲ ၁၀၀% မှတ်တမ်းကို ထိန်းသိမ်းထားပါတယ်။
**လီဗာပူးရဲ့ လက်ရှိအခြေအနေ**
လီဗာပူးဟာ ဒီရာသီမှာ တိုက်စစ်ပိုင်း အစွမ်းပြနေပေမယ့် ခံစစ်ပိုင်းကတော့ အားနည်းချက်တွေ ရှိနေတာ တွေ့ရပါတယ်။ ရာသီအဖွင့်ပွဲစဉ်နှစ်ပွဲဖြစ်တဲ့ ဘုန်းမောက်နဲ့ နယူးကာဆယ်ပွဲတွေမှာ နှစ်ဂိုးစီ ပေးခဲ့ရပေမယ့် နောက်ဆုံးမိနစ်တွေမှာ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲတွေမှာ Hugo Ekitike၊ Mohamed Salah နဲ့ Rio Ngumoha တို့လို တိုက်စစ်ကစားသမားတွေရဲ့ ခြေစွမ်းက အားထားစရာပါ။ လီဗာပူးဟာ အန်ဖီးလ်မှာ အားသာချက်ရှိနေပြီး အသင်းရဲ့ တစ်ခုတည်းသော ဒဏ်ရာရကစားသမားကတော့ Jeremie Frimpong ဖြစ်ပါတယ်။
**အာဆင်နယ်ရဲ့ လက်ရှိအခြေအနေ**
အာဆင်နယ်ကတော့ ဒီရာသီမှာ တည်ငြိမ်တဲ့ ခံစစ်နဲ့ ထက်မြက်တဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်နှစ်ပွဲစလုံးမှာ ဂိုးမပေးရသေးပါဘူး။ နည်းပြ Mikel Arteta ရဲ့အသင်းဟာ မန်ယူကို ၁-၀ နဲ့ အနိုင်ယူခဲ့ပြီး လိဒ်စ်ကိုလည်း ၅-၀ နဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ အဓိကကစားသမားတွေဖြစ်တဲ့ Bukayo Saka (ပေါင်ခြံ) နဲ့ Kai Havertz (ဒူးဒဏ်ရာ) တို့ကို ဆုံးရှုံးထားရပြီး အသင်းခေါင်းဆောင် Martin Ødegaard ရဲ့ ကြံ့ခိုင်မှုကလည်း မသေချာသေးပါဘူး။ ကစားသမားသစ် Eberechi Eze ကတော့ ဒီပွဲမှာ ပွဲဦးထွက်ကစားခွင့်ရနိုင်ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနှင့် ခန့်မှန်းချက်
➡️လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ ပွဲပေါင်း ၂၄၄ ပွဲ ရင်ဆိုင်ခဲ့ဖူးပြီး လီဗာပူးက ၉၃ ပွဲ အာဆင်နယ်က ၈၃ ပွဲ အနိုင်ရထားပါတယ်။
➡️ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ အာဆင်နယ်က လီဗာပူးကို မရှုံးနိမ့်သေးပါဘူး။
➡️ဒါပေမယ့် အာဆင်နယ်ဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း အန်ဖီးလ်မှာ ပရီးမီးယားလိဂ်နိုင်ပွဲ မရသေးပါဘူး။
ဒီပွဲဟာ နှစ်သင်းစလုံး တိုက်စစ်ရော၊ ခံစစ်မှာပါ အားနည်းချက်၊ အားသာချက်တွေ ရှိနေတာကြောင့် သရေရလဒ်ပဲဖြစ်နိူင်ချေရှိပါတယ်။ ဒါကြောင့် ဒီည ဘယ်အသင်းက အသာစီးရမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုရမယ့်ပွဲတစ်ပွဲပါပဲ။
⚽ဂိုးရလဒ် 2-2