Thitsa Kha - Kate
09/05/2026
ရန်ကုန်အိမ်မှာဆို Kateတစ်ယောက် မနက်ခင်းနေထွက်ချိိန်ရောက်ခါနီးရင် (စောစောနိုးတဲ့သူမဟုတ် မနက်မှအိပ်တာ ကော်ဖီသောက်လည်း သူ့အလိုလ်ိုအိပ်ပျော်တယ် အဲ့အချိန်ရောက်ရင်) မေမြို့ကော်ဖီလေး တစ်ခွက်စာအပြေးလေးနှပ် ကွတ်ကီးလေးသုံးခုလောက် ကော်ဖီပန်းကန်မှာတေ့ မိုးမိုးအင်းလျားစာအုပ်လေးတစ်အုပ်လောက် စင်ပေါ်ကနေသွားရှာယူ ကြိုက်တတ်တဲ့ suiteတစ်ခုခုကနေ မြောက်ကြွကြွဖြစ်စေမဲ့ movementလေးရွေးဖွင့် (မိုးမိုးအင်းလျားဖတ်တိုင်း မျက်ရည်ကျလို့ သီချင်းနဲ့ပြန်ထိန်းတာ အံမယ်) အဲ့လိုတွေကဗျာဆန်ပြီးမှ အိပ်တာနော်
ဘယ်signလဲပြေးမကြည့်နဲ့ Virgoမှ Virgoအစစ် (I know they’re just some insignificant constellations in these vast and multiplied universes, but why do all of us act the same???🫠)
အဲ့လိုတွေ ရူးတူးတူးနေလို့ (ကိုယ့်ဟာကိုယ်တော့ တစ်ခြားသူတွေရူးနေတယ်ထင်တာ)အိမ်ကမိသားစုကတော့ Kateကို ’သစ္စာခ’ အပြင် နာမည်နောက်တစ်ခုပေးထားတာရှိတယ် ‘မြင့်မြတ်’တဲ့ ဘာလို့နာမည်အဲ့လိုပေးထားလဲသိကြလား? You have to use your system thinking here.☕️
Click here to claim your Sponsored Listing.