Content Universe

Content Universe

Share

14/11/2025

တစ်နေ့တာတွေးသမျှကို Content အဖြစ်ပြောင်းလဲနိုင်ပြီလား⁉️

ယေဘုယျအားဖြင့် လူတွေဟာ တစ်နေ့မှာ အတွေးပေါင်း ခုနှစ်သောင်းခန့်တွေးတယ်တဲ့🙊
လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ အတွေးတွေ၊ အယူအဆတွေ၊ ထင်မြင်ချက်တွေကို စာနဲ့ဖြစ်စေ၊ Video နဲ့ဖြစ်စေ၊ ပုံနဲ့ဖြစ်စေ၊ အသံနဲ့ဖြစ်စေ ဖန်တီးပြီး social media platform တွေမှဖော်ပြလိုက်တဲ့ အရာအားလုံးသည် Content တွေပါပဲ✅

အတွေးပေါင်းများစွာကို Content တွေအဖြစ် ပြောင်းလဲအသုံးချတဲ့ လူတွေရဲ့ရည်ရွယ်ချက်
အလိုက် Content ပုံစံအမျိုးမျိုးကွဲသွားတယ်။

ဥပမာ- Social Media မှာ Content Writer, Content Creator စသဖြင့် သုံးလေ့ရှိတယ်။

Content Writer ဆိုတာ…
Content တွေကို ရေးသားမှုတွေနဲ့ ဖန်တီးခြင်း။ (စီးပွါးရေးရည်ရွယ်ချက်ဖြင့်လည်း Content Writer တွေသည် ရေးသားမှုတွေနဲ့ဖန်တီးကြတယ်)

Content Creator ဆိုတာ…
စာနဲ့ဖြစ်စေ၊ ပုံနဲ့ဖြစ်စေ၊ Video, Vlog စသည်ဖြင့် မိမိစိတ်ကြိုက်ပုံစံမျိုးစုံကို အသုံးချပြီး ဖန်တီးခြင်း။

ဒါဆို Content ရဲ့ အဓိပ္ပါယ်နဲ့ လူတွေပြောပြောနေကြတဲ့ Content Writer, Content Creator ဆိုတဲ့ အသုံးနှုန်းလေးတွေကို သေချာသိသွားလောက်ပါပြီ။

နောက်ထပ်လည်း Content တွေဖန်တီးနိုင်မယ့်ဗဟုသုတတွေ ဝေမျှပေးသွားမှာဖြစ်လို့ page လေးကို Like & Follow လုပ်ခဲ့ပေးပါအုန်းရှင်🫶🏻

-Universe

Telephone

Website