Motion Diary Myanmar
JOY Auto Detailing မှာရေဆေးပါ
21/06/2020
ဟိုတစ်နေ့က PSD group ထဲမှာ မပြင်နိုင်တော့လို့ဆိုပြီး တင်ထားတဲ့ ပုံလေး Detail မပျောက်အောင် အတတ်နိုင်ဆုံး ပြင်ပေးလိုက်တယ် မပြင်တာကြာတော့ Timing တောင်လွဲချင်နေပြီ။
1__ပထမဆုံး Layer အလျင်ခွဲပါ .
2__Colour and brightness ချိန်ပါ.
3__Patch Tool သုံးပြီး အစက်အပြောက်တွေ တတ်နိုင်သလောက် ရှင်းပါ.
4__Matt Paper ဖြစ်တဲ့အတွက် Grips တွေများပါတယ် ဒီအတိုင်း ချောလိုက်လျင် ဒုက္ခ ရောက်ပါလိမ့်မယ် ၊ ဒါကြောင့် Blur Tool သုံးပြီး မျက်နှာ၊ လက်၊ ခြေထောက် အစရှိတဲ့ ချောမယ့်နေရာတွေကို လိုက်ပွက်ပါ၊ Blur Strength ကိုတော့ 20 လောက်ပဲထားပါ။
5__Clone Stamp Tool သုံးပြီး လိုက်ချောပါ ၊ ကိုယ်က လက်တစ်အားမငြိမ်သေးတာဖြစ်ဖြစ်၊ Opacity မထိန်းနိုင်သေးတာပဲဖြစ်ဖြစ် အမှားခံနိုင်တဲ့ Opacity 30 ၊ Flow 50 လောက်ပဲထားပြီးချောပါ။ (Opacity သဘောက မိမိ ကလစ်ထောက်လိုက်တဲ့နေရာကို copy ယူပေးတာပါ၊ Flow ကတော့ အဲ့ copy ကို မိမိထားချင်တဲ့နေရာမှာ ချထားပေးတဲ့ နှုန်းလို့ပဲ အကြမ်းဖျင်းသိထားလျင်ရပါတယ်၊ နောက်ကျွမ်းကျင်လာတဲ့အခါတော့ ကိန်းဂဏန်းတွေကို လိုသလိုကစားကြည့်ပေါ့.
6__နောက်ဆုံးအဆင့်အနေနဲ့ colour ထပ်ချိန်ပါ၊ အဆင့်တိုင်းမှာ Layer ထပ်ထပ်ပွားဖို့တော့မမေ့ပါနဲ့ ဒါမှ မကြိုက်တဲ့ အဆင့်က Layer ကို အလွယ် ဖျက်နိုင်မှာပါ၊ နို့မို့ အစကနေပြန်လုပ်နေရပ်လိမ့်မယ်။
Contract
ဒါလေးကလည်း colour ချိန်တဲ့အထဲ မပါမဖြစ်လေးပေါ့ သူက ဆားလိုပဲ မပါလျင်ပေါ့တယ် များရင် ငံတယ်ဆိုသလိုပေါ့ contract တစ်အားနည်းလွန်းလျင်လည်း ပုံက ဖွယ်ဖွယ် ဖွေးဖွေးကြီးဖြစ်နေတတ်လို့ ကြည့်မကောင်း contract များသွားပြန်လျင်လည်း image detail တွေက မည်းနက်ပြီးရောထွေးကာပျောက်သွားလို့ ခံစားလို့မရ ဖြစ်တတ်ပါတယ်။ ဒါကြောင့် contract ကို လည်း အလေးထားပြီး ချိန်ညှိကြရပါတယ် ဒါ ကလည်း မိမိအသုံးပြုမည့် Screen brightness ပေါ်အများကြီးမူတည်လို့ Screen မှာ colour ချိန်ခဲ့သလိုပဲ မိမိ စက်က ထွက်လာတဲ့ (စက်ဆိုသည်မှာ colour ချိန်စဉ် အသုံးပြုခဲ့သော mornitor ကိုဆိုလိုသည်) ပုံကိုကြည့်ပြီး လိုအပ်သလို adjustလုပ်ယူရမှာပါ mornitor colour ကို။