Inspire Mind

Inspire Mind

Share

12/02/2024

👑အောင်မြင်ရေးလမ်းစက လုပ်ချင်စိတ်ရှိခြင်းကစမယ်👑

👑လူတစ်ယောက်အတွက် အောင်မြင်ရေးရှိဖို့လိုအပ်တယ်။ အောင်မြင်ရေးရှိမှ အောင်မြင်မှုဆိုတာဖြစ်လာမှာ။ အောင်မြင်မှုဆိုတာ နေထိုင်စားသောက်သွားလာရုံမျှနဲ့ အသေအချာရလာတာမှမဟုတ်တာ။ နေထိုင်စားသောက်သွားလာပြီး အမြင်အာရုံနဲ့ နှလုံးသားတို့ပေါင်းစပ်ခံစားပြီး ဖြစ်ပေါ်လာတဲ့ အတွေးအဆင့်ဆင့်ကနေ ရုပ်ဝတ္ထုတွေအဖြစ် ဖန်တီးတည်ဆောက်မှုတစ်ခုဆိုတဲ့ အောင်မြင်မှုကို ဖြစ်ပေါ်လာတာပါ။ လူသည် တခြားသောသတ္တဝါတွေနှင့် ခြားနားခြင်းမှာ အသိဉာဏ်ကြွယ်ဝစွာ တွေးခေါ်နိုင်ခြင်းကို အပိုရရှိတဲ့ နို့တိုက်သတ္တဝါဖြစ်တယ်။ အသ်ိဉာ ဏ်ကြွယ်ဝတဲ့ လူသားဖြစ်တည်မှုခြင်းအတူ တူ ဘာကြောင့် တစ်ဦးနှင့်တစ်ဦး အောင်မြင်မှုရရှိတယ် မရရှိတယ်ဆိုတာ ကွာခြားနေသေးတာလဲ။ ကွာခြားမှုတိုင်းမှာ ဘာလို့သိသိသာသာနဲ့ တစ်ဦးနဲ့တစ်ဦးမတူညီကြပြန်တာလည်း။

👑လူချင်းအတူတူ အဆင့်အတန်းမတူညီကြတဲ့ နေ ထိုင်မှုတွေ စသည်ဖြင့်ကွဲပြားနေကြသေးတာလည်း။ အဖြစ်ပြောရလျှင် အတွေးအမြင်(Idea Issue) တွေ ကွဲပြားသွားကြလို့ပါပဲ။ အတွေးအ မြင်တွေတူညီကြတဲ့ သူတွေလေ့လာကြည့်ကြည့်ရအောင်ပါ။ ပြောရလျှင် အောင်မြင်သူတွေပေါ့။ တစ်နေ့တာကုန်ဆုံးတာခြင်းအတူတူ သူတို့ကအောင်မြင်မှုကိုရရှိသွားကြတာ မှာ တစ်ခုပဲရှိပါတယ်။ သူတို့တွေတွေးတောခြင်းမှာ သာမန်ထ က်အဆင့်မြင့်တဲ့ တွေးတောကြလို့ပါပဲ။ လုပ်ငန်းတူနှစ်ခု တစ်မြို့တည်းမှာ စတင်လုပ်ကိုင်ကြတ ယ်။ လုပ်ငန်းစုနှစ်ခုရဲ့ လမ်းကြောင်းကအ တူတူ ။ ထိုလုပ်ငန်းကို ဦးစီးတဲ့ပဲ့ကိုင်ရှင်နှစ်ဦးရဲ့ အ မြ င်အတွေးသည် ငါးနှစ်ဆိုတဲ့ကာလအတွင်းမှာ
သိသာကွဲပြားလာတာကို ရလဒ်တစ်ခုအနေနဲ့ အထင်းသားပေါ်လာမှာပါ။ ‌အတွေးအခေါ်အမြင်
ရဲ့ရလဒ်တွေပါ။

👑အတွေးမရှိပဲ လမ်းစပေါ်လာမှာမဟုတ်ပါ။အ စပထမ တွေးတောနိုင်ရမည်။ လမ်းသွားရင်း မိမိဝါသနာပါတဲ့ လုပ်ငန်းတစ်ခုကို မြင်တွေ့မိရာကနေ စတင်တွေးခေါ်တတ်လာပြီလို့ဆိုရမှာပါ။
စတင်တွေးမိရာကနေ ကိုယ်တိုင်ပဲ့ကိုင်ချင်ရာကနေ ကြီးမားတဲ့ လုပ်ငန်းကြီးဖြစ်လာတာပါ။ လုပ်ငန်းတစ်ခုပဲ့ကိုင်သူတစ်ယောက်မှာ တစ်ခြားသူတွေထက် ထူးခြားတဲ့ အတွေးအ မြင် (Idea Sense)တွေ မတူထူးခြားစွာ အမြဲပေါ်
လွင်နေရမှာပါ။ အဲ့လုပ်သည် လေ့ကျင့်ယူဖို့ထက် မိမိရဲ့ ပတ်ဝန်းကျင်(Environment)အပေါ်မှာ ရှုမြင်တတ်မှုသည် စိတ်ခံစားမှုနဲ့များစွာသက်ဆိုသ်သည်။ အောင်မြင်သူတွေမှာတွေ့ရတဲ့
ထူးခြားချက်တွေက ရှင်းရှင်းလင်းလင်း ရှိနေတယ်။ အောင်မြင်သူတွေရဲ့ အစကထမခြေ လှမ်းတိုင်းသည် Physco ဆန်ဆန်တွေးတောတတ်သူတွေဆို လက်ခံပါသလား။ အရူးတွေလို့ဆိုရမှာပါ။ အရူးတွေပဲ ကမ္ဘာမှာ ကျော်ကြားနေကြတာပဲမဟုတ်လား။ အောင်မြင်ရေးလမ်းစက
အတွေးအခေါ်ရှိခြင်းကစသလို အတွေးအခေါ်ကနေတစ်ဆင့် လုပ်ချင်စိတ်ကနေ‌ ဖြစ်ပေါ်လာခြင်းပါ။
mind

Photos from Inspire Mind's post 25/01/2024

Jack Ma နှင့် Alibaba
••••••••••••••••••••••••••••

အစပထမအနေနှင့်

Alibaba ကိုတည်ထောင်သူလို့ ကြော်ကြားတဲ့ JackMa သည် တရုတ်နိုင်ငံသားတစ်ဦးဖြစ်ပြီး။။။

JackMa ကို တရုတ်နိုင်ငံ ShengZhengမြို့မှာမွေးဖွားပြီး မိဘမျိုးရိုးကလည်း ဆင်းရဲတဲ့ မိသားစုလို့မိတ်ဆွေတို့ကြားဖူးကြမှာပါ။

မိတ်ဆွေတို့သည် Jack Ma ဆိုတာနဲ့ Alibaba ဆိုတာမြင်ယောင်မိကြမှာပါ။ ဟုတ်ပါတယ်...

ဒါပေမယ့် JackMa သည် Alibaba ကိုတည်ထောင်သည့်နိုင်ငံသည် တရုတ်နိုင်ငံမှာမဟုတ်ပဲ America ဖြစ်နေပါသည်။ Jack Ma ရဲ့မွေးဖွားရာဒေသသည် တရုတ်နိုင်ငံ ဖြစ်ပြီး Jack Maရဲ့အောင်မြေသည် America ဖြစ်သည်မှာ မြန်မာစကားပုံအရဆိုလျှင် တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ စာဆိုနဲ့ ကိုက်ညီနေသည်ကိုတွေ့မိပါသည်။

တကယ်တော့ Jack Ma ဆိုတာ အသက်30‌ေကျာ်မှ Billionaires သူဌေးကြီးဖြစ်လာတဲ့ မျက်နှာဝိုင်းဝိုင်း အသားဖြူဖြူနဲ့ စကားပြောတဲ့နေရာမှာ အတုယူလောက်စရာကောင်းတဲ့ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

ဘာလို့JackMaသည် တရုတ်န်ိုင်ငံမှာ မနေပဲ America ကို သွားရလဲဆိုရင် America ကသည် Jack Ma ရဲ့ကြီးမားတဲ့တစ်ခုတည်း‌ေသာအိပ်မက်လို့ဆိုရမှာပါ။

အဖြေကရှင်းလှပါတယ်။ Jack Ma သည် သူ့ရဲ့ဘူမိနတ်သန်‌ေအာင်‌ေမြသည် America ဖြစ်နေလို့ဆိုတာ‌ေလှနံဓားထစ်တွက်ဆခဲ့ပုံ‌ေပါ်ပါတယ်။

လူသားများအောင်မြင်ကြီးပွားရာ America ဟာ ခေတ်သစ်ဘေဘီလုံပမာကြီးကျယ်ခမ်းနားထည်ဝါလှသည်ကို Jack Ma တစ်ယောက် ဘယ်အရွယ်ကစပြီး သတိထားမိလည်းဆိုတာကို မိတ်ဆွေတို့ရောသိချင်ပါသလား။ကျွန်တော်ကတော့သိချင်တဲ့အဖွဲ့က ပထမဆုံးတစ်ယောက်ပါ။

အကယ်၍ မိတ်ဆွေရဲ့ဘူမိနက်သန်အောင်မြေသည်လည်း Jack Ma နည်းတူ America ဖြစ်တယ်ဆိုရင် မိတ်ဆွေရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ နည်းလမ်းများစွာရှိတယ်ဆိုတာကို ဒီvideoလေးကနေတိုက်တွန်းလိုက်ပါတယ်နော်။

ဒါပေမယ့်မိတ်ဆွေက အနာဂတ်အိမ်မက်သည် မကြိီးကျယ်မခမ်းနားဘူးဆိုချေက မိတ်ဆွေအနေနဲ့ ဘယ်ဒေသရောက်ရောက် ဘူမိနတ်သန်သည်ဖြစ်လာမည်မဟုတ်ဆိုတာ သတိချပ်မိစေချင်သည်။

America ရောက်ပြီးတန်းပြီးအောင်မြင်သွားတဲ့လူသားတွေထဲမှာ Jack Ma တစ်ယောက်မပါဝင်ခဲ့ပါဘူး။

Jack Ma အကြောင်းပြောရလျှင် KFCမှာ အလုပ်လျောက်ရာမှာ အကြိမ်များစွာပယ်ချခံရဖူးသလို Harvest တက္ကသိုလ် ဝင်ခွင့်လည်းအကြိမ်ကြိမ်ပယ်ချခံရသူတစ်ယောက်ဖြစ်ပါတယ်။

ပြီးတော့ Jack Ma သည် လူငယ်တွေကို အနာဂတ်အတွက်အမြဲ အားပေးပြီး millionaire, billionaires သူဌေးဖြစ်ဖို့အမြဲတိုက်တွန်းအားပေးစကားပြောတဲ့ နေရာမှာ ပြိုင်စံရှားအားကျအတုယူစရာ လူပုဂ္ဂိုလ်ပါ။

အားကျအတုယူစရာကောင်းလောက်အောင် Jack Ma သည် ရုပ်ပိုင်းဆိုင်ရာ မပြေပြစ်ပါ။ ဒီနေရာမှာ ကျွန်တော်ဆိုလိုချင်တာသည် အောင်မြင်မှုသည် ရုပ်ရည်နှင့်မဆိုင်တဲ့သဘောကိုဆိုလိုခြင်းဖြစ်သည်။အိမ်မက်နှင့်သာ သက်ဆိုင်သည်ကို ကျွန်တော်အားပေးပါရစေ။

Jack Ma ရဲ့ဘဝဖြတ်သန်းပုံကို ကာယကံရှင် JackMa
သာ အသိဆုံးဖြစ်မည်။

Jack Ma ကသာမန်ဘဝကနေ ဘာလို့ billionaires သူဌေးတစ်ဦးဖြစ်လာလဲဆိုတာကို မိတ်ဆွေတို့အနေနဲ့ သိချင်နေမှာပါ။ အထူးသဖြင့် လူငယ်တွေအနေနဲ့ သိချင်စေချင်သည်။

ဟုတ်ပါတယ်...
Jack Ma သည် သူ့ရဲ့ဘဝအာရုံတစ်ခုလုံးကို တစ်နေ့တချိန်မှာ Billionaires သူဌေးဖြစ်ဖို့ သန်ဒိဌာန်ချပြီး လောကကို ရင်ဆိုင်နိုင်ခဲ့သူလို့ ကမ္ဘာမှာ မှတ်ကျောက်တင်ခံခဲ့ရသူတစ်ဦးဖြစ်နေပါပြီ။

မိတ်ဆွေတို့အနေနဲ့ရော မိမိရဲ့ဘဝကို ဘယ်လိုဘဝဖြစ်တည်မှုမျိုးဆက်လက်ကြိုလင့်ဖို့ သန်ဒိဌာန်ချထားပါသလဲ။

အခုမှသိရင်အခုကစလိုက်ဆိုတဲ့စကားအတိုင်း အရင်ကမသိသေးရင် အခုသိသွားပြီဖြစ်သည့်အလျောက် မိမိရဲ့အနာဂတ်ကို အိပ်မက်မက်လိုက်ပါလို့တိုက်တွန်းပါရစေ။

အိမ်မက်တွေရှင်သန်စေဖို့ အာရုံမိုးသောက်ရောင်နီထွန်းတောက်တဲ့အချိန်အခါကစပြီး မိမိရဲ့စိတ်အာရုံထဲမှာ မိမိဖြစ်လိုသည့် အိမ်မက်တွေကို ရေရွတ်လိုက်ပါမိတ်ဆွေ။

ငါသည် တစ်နေ့မှာ jackma လိုbillionarသူဌေးတစ်ဦးဖြစ်ရမယ်ဆိုပြီး မိတ်ဆွေဖြစ်လိုသည့်အရာကို အကြိမ်ကြိမ်နှုတ်ကနေတိုးတိုးရေရွှတ်လိုက်စမ်းပါမိတ်ဆွေ။

မိတ်ဆွေရဲ့အိမ်မက်တို့သည် ကြိးကျယ်ခမ်းနားဖို့လိုပါသည်။ သေးငယ်သောအိမ်မက်တို့ကို မက်ဖို့ ကျွနိတော် မတိုက်တွန်းပါ။ မိတ်ဆွေရဲ့အိမ်မက်သည် တခြားသူနှင့်တူနေနိုင်သည်။ တူတာခြင်းအတူတူဖြစ်သည့်အလျောက် မိတ်ဆွေရဲ့အိမ်မက်သည် တခြားသူထက် ကြိးကျယ်ရမည်။သာလွန်ရမည်။ ခမိးနားထည်ဝါပါမှ မိတ်ဆွေရဲ့အိမ်မက်ဟာအကောင်အထည်ဖော်ဖို့ လွယ်ကူလာမှာပါ။

ဒီနေ့ ကမ္ဘာလောကမှာ Jack Ma နှင့်သက်တူရွယ်တူအရွယ်များစွာ လေ့လာကြည့်လိုက်ပါ။ JackMa ကဘာလို့ ထိုသူတွေထက် သာလွန်ပြီးbillionerသူဌေးဖြစ်သွားရတာလည်းဆိုတဲ့ မတူကွဲပြးမှုကြိီးကိုမိတ်‌ေဆွအ‌ေနနဲ့ တွေ့ရှိခံစားမိမှာပါ။

အဖြေသည် ရိုးရှင်းလှပါသည်။ Jack Ma သည် ကြိးကျယ်ခန်းနားထည်ဝါသောအိမ်မက်ရှိနေခြင်းကို တွေ့မိမှာပါ။

အောင်မြင်မှုရဲ့လမ်းစသည် ကြိးမားသောအိမ်မက်ရှိနေခြင်းကစပါသည်။

Jack Ma သည် billionaires ဖြစ်ဖို့အိမ်မက်ကို သွားရာလမ်းကြောင်းတစ်‌ေလျှာက်မှာ ထီးမပါဖိနပ်မပါ ဘဝကိုပတ်ဝန်းကျင်အလယ်မှာ ရိုးရှင်းစွာ ဖြတ်သန်းရဲသည့် စိတ်ဓါတ်သည်ပင် Jack Ma ရဲ့ လေးစားစရာစိတ်ဓါတ်‌ေရးရာဖြစ်သည်။

လူသည် ပတ်ဝန်းကျင်၏ခလုတ်ကန်သင်းကြားမှာ လဲကျတတ်သည်။ မိမိအလိုရှိသည့် အိမ်မက်ပန်းတိုင်သွားရာလမ်းသည် လေးကခွင်းသည့်များတစ်စင်းပမာ ပန်းတိုင်သည်သာအဓိက သွားဖို့လိုအပ်လှသည်။

ဒီနေ့လောကအလယ်မှာ လူငယ်တွေသည် respect ဆိုတဲ့စကားလုံးရဲ့အနှစ်သာရကို အပြည့်အဝလိုလားတောင်းတကြသည်။

အောင်မြင်တဲ့ဘဝတစ်ခုကိုရောက်ဖို့ တကယ်လိုအပ်ခြင်းသည် အများပေးတဲ့ respect မဟုတ်ပါ။ မိမိရဲ့အိမ်မက်ကို မျက်ခြေမပျက် လျောက်လှမ်းဖို့သည်သာပဓာနကျလှသည်။

အေးအတူပူအမျှဘဝထက် ပူလောင်မှုဒဏ်ကို ခံနိုင်ရည်ပိုရှိသူသည် ရေရှည်တွင်လောကအလယ် ဝင့်ကြွားတင့်တယ်ပေမည်။

ဒီနေ့ပြောပြတဲ့ Jack Ma သည် ကမ္ဘာမှာ မှတ်ကျောက်တင်ခံရသူ billionaires တစ်ဦးဖြစ်သည်မှာ Jack Ma ရဲ့ အိမ်မက်ကြိးကျယ်ခမ်းနားမှု၏ ရလဒ်ဖြစ်သည်။

မိတ်ဆွေအနေနှင့်လည်း Jack Ma ရဲ့ဘဝကို လေ့လာပြီး မိမိဘဝအတွက်မဖြစ် နိုင်စေခဲ့ရင်တောင်မှ မိမိရဲ့မ‌ျိုးဆက်တွေအတွက် အကြံဉာဏ်ကောင်းများပေးနိုင်ဖို့ Jackma ကိုအတုယူပြီး အဓိပ္ပာယ်ရှိသာဘဝကို ဖြတ်သန်းဖို့ ခွန်အားသစ်များမွေးမြူခြင်းဖြင့် မိတ်ဆွေတို့ရဲ့အနာဂတ်ကို ပုံဖော်လိုက်ပါ..

နိဂုံးချုပ်အနေနဲ့ ပြောရလျှင် မိတ်ဆွေအနေဖြင့် Google မှာ J A C K M A - B I O G R A P H Y ဆိုပြီး search box မှာရိုက်ရှာကြည့်ပါလို့ တိုက်တွန်းပါတယ်။ ပြိးတာနဲ့ Wikipedia မှာ Jack Ma ရဲ့အထုပ္ပတ္တိကို မြန်မာဘာသာနဲ့ဖတ်ရှူလို့ ရနိုင်တယ်ဆိုတာကို အကြံပြုရင်း နိဂုံးချုပ်ပါတယ်ခင်ဗျာ။
🧩Inspire Mind🧩

Telephone

Website