FCube - Food For Fit

FCube - Food For Fit

Share

02/03/2022

စပါးတစ်စေ့ ထမင်းတစ်လုတ်ချင်းစီအတွက် ကျေးဇူးအထူးတင်ရှိစွာဖြင့် မတ်လ 2 ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား ကြိုဆိုပါ၏

19/02/2022

Page Messenger မှာ အမြဲမေးနေကျ မေးခွန်းလေးရှိတယ် ပလန်ပြီး သွားရင် ကျွန်တော်/ကျွန်မ ပြန်ဝလာမှာလား???

ဟုတ်ကဲ့ ကျနော်တို့ဆီမှာ Diet Plan 3 မျိုး ရှိတာ အားလုံးလည်းသိကြမှာပါ။ ပေါင်ချိန်ကျဖို့ကအရမ်းမများဘူး။ Gold Plan လေးပဲလုပ်ချင်တယ်။ ပြန်မဝလာဘူးဆိုပြီး ရေးထားတာမတွေ့ရတော့ ပြန်ဝလာမှာလား??

ဟုတ်ကဲ့ Gold Plan မကလို့ Diamond Plan ပဲယူယူပါ ငါတော့ ပလန်ပြီးပြီဟဲ့ဆိုပြီး ကြေးအိုး ဒံပေါက် ဝက်သားတုတ်ထိုး မာလာရှမ်းကော အာလူးကြော် BubbleTea တွေစတဲ့ အရာတွေကို တစ်ပတ်စာ Plan ဆွဲပြီး ပြန်စားရင်တော့ သေချာပေါက်ပြန်ဝမှာပါ။ အမလေး Plan လုပ်ပြီးရင် လုံးဝပြန်မဝစေရဘူးဆိုတဲ့ပြောစကားတွေ တကယ်တော့အလကားပါ။ အဲ့တာဆို Diamond Plan မှာကျ ဘာလို့ပြန်မဝဘူးလည်းလို့ မေးစရာရှိပါတယ်။ Diamond Plan ဆိုတာပေါင်ချိန်များများစားစားကျချင်တဲ့သူတွေဝင်တာပါ။ ပြီးတော့ အချိန်ကာလ 3 လပါ။ Plan Fees အနေမှာလည်း အများဆုံးပါ။ အဲ့တော့ ဒီ Plan လေးကို 3 လစားပြီး ပေါင်ချိန်တွေချခဲ့ရတဲ့အတွက် နံပါတ် 1 ပြန်တတ်မှာအရမ်းကြောက်ပါတယ်။ နံပါတ် 2 အကျင့်ဖြစ်သွားပါတယ်။ ကြားဖူးကျမှာပါ အစာအိမ်ကျဥ်းသွားတယ်ဆိုတဲ့စကား ၊ အဲ့တော့ နည်းနည်းစားရုံနဲ့ တင်းတိမ်လာပါတယ်။ ပြီးတော့ ပိုက်ဆံနှမြောပါတယ်။ အဲ့အချက်တွေ​ကြောင့် Diamond Member တွေဟာ ပြန်မဝဘူးဆိုပြီး အာမခံနိုင်တာပါ။ အဲ့ဆို အခြားပလန်တွေကရောဆိုမေးစရာရှိပါတယ်။ ဘယ် Plan နေနေပါ ကိုယ့်ဘာသာထိန်းနိုင်ရင် ဝလာစရာအကြောင်းမရှိပါဘူး။ Food For Fit ရဲ့ အားသာချက်တစ်ခုကတော့ Member လေးတွေကို သူငယ်ချင်းပေါင်းပေါင်းတဲ့အတွက် Plan ပြီးသွားတဲ့သူတွေကိုလည်း အခါအားလျော်စွာ ဝိတ်ပြန်မတတ်အောင် သတိပေးပါတယ်။ ခုပလန်ပီးသွားတဲ့ သူတွေလည်း တခါတခါ နားသွားငြီးပါသေးတယ်😁😁

အဲ့တော့ပြောချင်တာက ပြန်ဝခြင်းမဝခြင်းက မိမိနဲ့သာ 100% ဆိုင်သာဖြစ်ပြီး အမြန်ကြီးပိန်သွားလို့ ပြန်ဝလာတာဆိုတာလည်း မိမိမစားရင် စိုးရိမ်စရာမရှိပါကြောင်း ပြောကြားလိုပါတယ် 💚💚💚

14/02/2022

ပျော်ရွှင်စရာကောင်းသော ချစ်သူများနေ့လေးဖြစ်ပါစေနော် 🤗🤗🤗

ကိုယ်ချစ်ရသူတွေနဲ့ Valentine's Day မှစလို့ သေတဖန်သက်တဆုံး အတူတူရှိကြပါစေလို့ Food For Fit မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏🙏🙏

Photos from FCube - Food For Fit's post 12/02/2022

💓💓💓ကျန်းမာလှပနေဖို့အတွက်ဆိုရင်အစားအစာရွေးချယ်ပြင်ဆင်စားသုံးတတ်ဖို့ရန် အရေးကြီးပါတယ်…ဆေးသည်အစာ အစာသည်ဆေးဆိုတဲ့အတိုင်း အစားကို သင့်တင့်မျှတစွာ စားသုံးပေးရင် ကိုယ်ခံအားကောင်းမွန်ပီး အဆီပိုတွေ ကျစေမှာပါ.....ဒါပေမဲ့ ခနတဖြုတ်ပေါ်လိုက်ပျောက်လိုက်တော့လုပ်လို့မရပါဘူးနော်...အမြဲတမ်းရေရှည်သွားပီးlifestyle ပြောင်းဖို့လိုပါတယ်​..အဲ့လိုပြောင်းလဲတဲ့အခါ စိတ်ပျော်ရွှင်ပီး
နေ့တိုင်းကိုယ့်စားဖို့ အတွက်planလေးတွေသေချာပြင်ဆင်စားသောက်ဖို့ လိုအပ်ပါတယ်…
ဒီလိုမှမလုပ်တတ်သေးဘူး တရက်နဲ့တရက်ဘာစားရမလဲဘယ်လိုပြင်ဆင်ရမလဲခေါင်းရှုပ်နေပီဆိုရင်
‌F-cube cb လေးကို လှမ်းခဲ့လိုက်တော့နော်💓💓💓

10/02/2022

FCube - Foot for fit သည် ယခင် Food For Fit ၏ Page အသစ်ဖြစ်ပါသည်။ Page အဟောင်းကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နော် 💚💚💚

Page Link - https://www.facebook.com/Food-For-Fit-106752815136571/

Food For Fit Diet plan

Want your business to be the top-listed Gym/sports Facility in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mandalay