Myat Baby Store

Myat Baby Store

Share

01/01/2023

🔔Clearance Sale 🔔
20%off
1သိန်းနဲ့အထက်25%
Original price တွေက
Phonics made simple1-2-3-4 )-4400
Phonics Reading-9500ပါရှင့်။
09797292789 or cb ပါရှင့်။

Photos from Myat Baby Store's post 28/05/2022

Give Away winnerသုံးယောက်မှာ

ဇနီးမောင်နှံ၂ယောက်Give Awayလေး
ကံထူးသွားတဲ့အတွက်
အရမ်းကိုထူးခြားလွန်းလို
Adminတို့ မှတ်တမ်းတင်ပါရစေရှင့်

Adminတို့ပါအပျော်တွေကူးစက်သွားရပါတယ်ရှင့်
Babyလေးလည်း Zanmieကစာအုပ်လေးတွေနဲ့
သင်ယူရင်း ထူးချွန်ထက်မြက်တဲ့သူလေးဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်

16/02/2022

👨‍👦👨‍👦Toddlerနဲ့စာဖတ်ခြင်း📚

👩‍👦‍👦toddlerဆိုတာဘာလဲ❓❓
ကလေးငယ်လေးတွေ လမ်းလျှောက်တတ်ခါစ
အရွယ်လေးတွေကိုtoddlerလို့သတ်မှတ်ပါတယ်။အသက်အားဖြင့်တော့ အများအားဖြင့်၁နှစ်ကနေ၂နှစ်အထိ သတ်မှတ်ကြပါတယ်။
သည်နေ့ခေတ်ဖေဖေမေမေတွေက
ကလေးငယ်လေးတွေကို ငယ်စဉ်ကတည်းက
စာဖတ်တဲ့အလေ့အကျင့်ရစေဖို့အတွက်
ကလေးစာအုပ်တွေအိမ်မှာထားရှိပေးတတ်ကြနေပါပြီ။ဒါကြောင့် ကလေးငယ်လေးတွေနဲ့စာဖတ်ခြင်း
အကြောင်း သည်ပို့စ်လေးကနေ မျှဝေပေးချင်ပါတယ်။


👶စာဖတ်ပြခြင်းနဲ့ ပုံပြင်ပြောပြခြင်းက
ကလေးငယ်တွေကို အသံတွေ၊ စကားလုံးတွေနဲ့ ဘာသာစကားသင်ယူဖို့အတွက်အများကြီးအကူအညီပေးပါတယ်။နောက်ပိုင်းဆိုရင်တဖြည်းဖြည်းနဲ့ စာအုပ်လေးတွေအပေါ်တန်ဖိုးထားတတ်လာမယ်။ စာအုပ်လေးတွေကိုရော စာဖတ်တာကိုရောသဘောကျလာပါလိမ့်မယ်။

👧ပုံပြင်ပြောပြခြင်းဟာ ကလေးငယ်တွေရဲ့စိတ်ကူးစိတ်သန်းတွေကိုလှုံ့ဆော်ပေးသလို ကမ္ဘာကြီးအကြောင်းသင်ယူလေ့လာဖို့အတွက် အများကြီးအထောက်အပံ့ပေးပါတယ်။
ဥပမာ-စာဖတ်ခြင်းကနေ တခြားသူတွေရဲ့ရိုးရာဓလေ့ထုံးစံတွေ၊ယဉ်ကျေးမှုတွေကိုလေ့လာသင်ယူပြီးတော့ လေးစားတတ်လာမယ်။ ဒါ့အပြင် ကလေးတွေရဲ့လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေအပြင် သူတို့လေးတွေရဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်တွေလည်းတိုးတက်လာပါလိမ့်မယ်။ ဖေဖေမေမေတို့နဲ့ ကလေးကြားလည်း👨‍👩‍👧‍👦ပျော်ရွှင်ကြည်နူးဖွယ်အချိန်တွေဖန်တီးပေးနိုင်ပါတယ်။

🧒ကလေးငယ်လေးတွေကို နေ့စဉ်စာအုပ်လေးတွေဖတ်ပြပေးဖို့တော့လိုအပ်ပါတယ်။ သူတို့လေးတွေသိပြီးသားပုံပြင်ထဲကနေ စကားလုံးလေးတွေချန်လှပ်ပြီးပြန်မေးတာမျိုးလေးလည်းလုပ်ပေးသင့်ပါတယ်။ နောက်တခုက ပုံတွေပြရင်းနဲ့ သူတို့လေးတွေ ဘာကိုမြင်တာလဲဆိုတဲ့အကြောင်းတွေမေးပေးသင့်ပါတယ်။

👦ကလေးငယ်လေးတွေဟာဆိုရင် တိရိစ္ဆာန်နဲ့
ပတ်သက်တဲ့စာအုပ်လေးတွေ၊ တိရိစ္ဆာန်လေးတွေရဲ့အသံပါတဲ့စာအုပ်လေးတွေ၊ ပုံပြင်စာအုပ်လေးတွေ၊ lift-the-flapလေးတွေနဲ့ Pop Upစာအုပ်လေးတွေ သဘောကျတတ်ပါတယ်။နောက်တစ်ခုက သူတို့သဘောအကျဆုံး
ခေါင်းစဉ်ဥပမာ-ကားတို့ပုံပြင်တို့အိမ်မွေးတိရစ္ဆာန်တို့ကြယ်တို့ဂြိုလ်တုတို့အကြောင်းတွေprincessesလေးတွေအကြောင်း ဖတ်ရတာမျိုးလည်းနှစ်ခြိုက်ကြပါတယ်

တကယ်တော့ကလေးတွေနဲ့စာတူတူ ဖတ်ပေးဖို့ဆိုတာသိပ်တော့မလွယ်ကူလှပါဘူး🤦🏼‍♀️။ မိဘတွေအနေနဲ့အလုပ်ရှုပ်တာတွေ စာအုပ်ဖတ်ပြတဲ့အကျင့်လေးတွေသိပ်မရှိတာရယ်ကြောင့် ကလေးငယ်လေးတွေဟာ စာအုပ်တွေရှိပေမဲ့ မဖတ်ဖြစ်ကြပါဘူး။ သည်ပို့စ်လေးကနေ ကလေးတွေနဲ့အတူစာဖတ်ခြင်းကိုသိသွားပြီဆိုရင်တော့ မိဘတွေလည်းအချိန်ပေးပြီး စာတူတူဖတ်ဖြစ်လောက်မယ်လို့ယုံကြည်ပါတယ်။ ကလေးတွေနဲ့တူတူစာဖတ်ဖို့ ပုံပြင်တွေဖတ်ဖို့အတွက်လွယ်ကူတဲ့နည်းလမ်းလေးတွေကိုလည်းမျှဝေပေးသွားပါဦးမှာပါနော်။

ဖေဖေ မေမေတို့ရော ကလေးတွေနဲ့စာဖတ်တဲ့အခါဘယ်လိုအခက်အခဲမျိုးကြုံတွေ့ရတာတွေရှိလဲ??

Telephone

Website

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00