Online
31/07/2023
ဘောလုံးပွဲများ 8လပိုင်း12ရက်စတင်ပါမည်
09/07/2023
မာကိုရူးစ်တစ်ယောက် ဒေါ့မွန်အသင်းခေါင်းဆောင်နေရာကနေ ဖယ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။
မာကိုရူးစ်🗣
"ကျွန်တော်ဒီကိစ္စကို အားလပ်ရက်ခရီးမှာ အများကြီးစဥ်းစားခဲ့တာပါ။ ကျွန်တော့်ရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို အခြားသူဆီလွှဲပြောင်းပေးလိုက်ပါတော့မယ်..."
အဲ့ဒါအပြင် လာမယ့်ရာသီဟာ မာကိုရူးစ်အတွက် ဒေါ့မွန်ကစားသမားဘဝ နောက်ဆုံးရာသီလည်း ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။
09/07/2023
အမ်ဘာပေရဲ့ အင်တာဗျူးကြောင့် တော်တော်လေးဂယက်ရိုက်ကုန်ပါပြီ။
"PSG အသင်း ချန်ပီယံလိဂ်ဖလားဘယ်လိုယူမလဲဆိုတဲ့မေးခွန်းကို ကျွန်တော့်ကို လာမမေးကြပါနဲ့။ ဒါက ကျွန်တော့်ကိစ္စမဟုတ်ပါဘူး။ ကျွန်တော်တို့က ကစားသမားတွေပါ။ ကစားသမားဆိုတာက ကျွန်တော်တို့ တတ်နိုင်သလောက်ပဲ အစွမ်းကုန် ကြိုးစားလို့ရတာပါ။ အဲ့ဒီမေးခွန်းကို အသင်းပိုင်ရှင်တွေနဲ့ ဘုတ်အဖွဲ့ကိုပဲ သွားမေးကြပါ..."
"ကျွန်တော်ကတော့ ပြိုင်ဆိုင်ရတာကို အရမ်းကြိုက်ပါတယ်။ ချန်ပီယံလိဂ်ဖလားမှမဟုတ်ဘူး။ ဖလားအားလုံးကို လိုချင်တာပါ။ ပြီးတော့ ဘယ်ဂျာစီပဲဝတ်ရဝတ်ရ... ဘယ်နိုင်ငံမှာပဲ ကစားရကစားရ...ဘယ်အသင်းဖော်နဲ့ပဲ ကန်ရကန်ရ...ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်တော့်စိတ်ထဲမှာ အနိုင်ရဖို့ပဲ စဥ်းစားပါတယ်။ တခြား ဘာမှစဥ်းစားတာမဟုတ်ပါဘူး..."
"ကျွန်တော့်ရဲ့ အဲ့ဒီလို အိပ်မက်တွေအတွက် PSG အသင်းက သင့်တော်တဲ့အသင်းလို့ မထင်ပါဘူး။ ဒီအသင်းက အထဲမှာစည်းလုံးမှုမရှိဘဲ ပြိုကွဲနေတဲ့ အသင်းပါ..."
အမ်ဘာပေက ဒီအင်တာဗျူးကို ဖခင်ဖြစ်သူရဲ့မွေးရပ်မြေ ကင်မရွန်းနိုင်ငံကိုပြန်ရောက်နေတုန်းမှာ ပြုလုပ်ခဲ့တာပါ။ အင်တာဗျူးမှာ ပြောသွားတဲ့စကားတွေကြောင့် အမ်ဘာပေကို PSG အသင်းဥက္ကဋ္ဌ အယ်လ်ခလိုင်ဖီတစ်ယောက် အတော်လေးစိတ်ဆိုးဒေါသထွက်နေပြီး အသင်းကနေရောင်းထုတ်ဖို့ စီစဥ်နေပါပြီ။
09/07/2023
နံနက်ခင်း အားကစား သတင်းများ
⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽⚽
အင်တာမီလန် အသင်းဟာ ဘိုင်ယန်မြုးနစ် ဂိုးသမား ယန်း ဆွမ်မာ အတွက် ယူရို ၆ သန်း နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင် ထားပြီလို့ သိရပါတယ် ။
အင်တာ ဟာ အိုနာနာ အတွက် မန်ယူနိုက်တက် နဲ့ သဘောတူညီမှု ရရှိပြီးတာနဲ့ ဆွမ်မာ ကို စတင် ကမ်းလှမ်း သွားမယ်လို့ သိရပါတယ် ။
ဘိုင်ယန်ကတော့ နာပိုလီ ခံစစ်မှူး ကင်မင်ဂျေး ရဲ့ စာချုပ် ဖျက်သိမ်းကြေး ကို ပေးချေလိုက်ပြီ ဖြစ်တာကြောင့် ကိုရီးယားခံစစ်မှူး ကို မကြာခင် ဆေးစစ်ကာ အပြီးသတ် ခေါ်ယူစာချုပ် နိုင်တော့မှာ ဖြစ်ပါတယ် ။
PSG အသင်းကတော့ တောင်ကိုရီးယား ခံစစ်မှူး လီကမ်အင် ကို ၂၀၂၈ ခုနှစ် အထိ သက်တမ်း ရှိမယ့် စာချုပ်နဲ့ ခေါ်ယူ လိုက်တယ်လို့ အတည်ပြု ကြေညာ သွားခဲ့ပါတယ် ။
ချဲလ်ဆီးကတော့ အဲဗာတန် ကနေ အသက် ၁၇ နှစ်သာ ရှိသေးတဲ့ လူငယ် နောက်ခံလူ ဆင်းမြုးရပ်စ် စမစ် ကို ပေါင် ၄ သန်း နဲ့ ခေါ်ယူလိုက်တယ်လို့ သိရှိရပါတယ် ။
အင်တာမီလန် အသင်းဟာ နယ်သာလန် ခံစစ်မှူး စတီဖန် ဒီဗာ့ဂျ် ကို ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆို လိုက်တယ်လို့ ကြားသိရပါတယ် ။
မန်ယူနိုက်တက် နည်းပြကြီး တန်ဟတ် ဟာ လာမယ့် ဘောလုံး ရာသီမှာ အသင်းခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်သွားဖို့ ရှိနေပြီး ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာ ဟယ်ရီ မက်ဂွဲယား ဆီက လက်ပတ်ကို ဆက်ခံရမယ်လို့ သတင်းထွက်ပေါ် လာခဲ့ပါတယ် ။
ချဲလ်ဆီးကတော့ လူကာကူ အတွက် ပေါင် သန်း ၄၀ တန်ကြေး သတ်မှတ်လိုက်ပါတယ် ။ အင်တာမီလန် ဟာ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ကို အပြီးသတ် ခေါ်ယူဖို့ အတွက် ချဲလ်ဆီးနဲ့ ညှိနှိုင်းနေပြီး လူကာကူ ကို ရောင်းချအပြီးမှာ ချဲလ်ဆီး အနေနဲ့ ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒို ဘက်ကို အာရုံစိုက် လုပ်ဆောင် သွားမယ်လို့ သိရှိရပါတယ် ။
ဘိုင်ယန်မြုးနစ် ဟာ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း အတွက် ပေါင် သန်း ၇၀ နီးပါးအထိ ကြေးတိုးမြှင့် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။ ဒါပေမယ့် စပးါ ဥက္ကဌ လီဗိုင်း ကတော့ သန်း ၁၀၀ မရောက်မချင်း လက်ခံ စဉ်းစားဖို့ အလားအလာ နည်းပါးတယ်လို့ သိရှိရပါတယ် ။
ချဲလ်ဆီး ဟာ မနှစ်တုန်းက ပြင်သစ်လိဂ် မှာ ခြေစွမ်းပြ ကစားခဲ့တဲ့ အာဆင်နယ် လူငယ်လေး ဘာလိုဂန် ကို ခေါ်ယူဖို့ အတွက် ကစားသမားရဲ့ အေးဂျင့်နဲ့ ပြောဆို ဆွေးနွေးနေတယ်လို့ သိရှိရပါတယ် ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Tigyaing