Ozone Generator Myanmar
14/05/2026
"အပြင်လောကမှာ ဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်ခဲ့ပါစေ...
အိမ်ပြန်ရောက်လို့ မိသားစုဝင်တွေရဲ့ အပြုံးတွေကို မြင်လိုက်ရရင် ပင်ပန်းမှုတွေက ပြေပျောက်သွားတာမျိုး ကြုံဖူးကြတယ်မလား? 😊
ဒီနေ့ မေလ (၁၅) ရက်နေ့ကတော့ ‘International Day of Families’ (အပြည်ပြည်ဆိုင်ရာ မိသားစုများနေ့) ပဲ ဖြစ်ပါတယ်။ မိသားစုဆိုတာ လူတစ်ယောက်အတွက် အလုံခြုံဆုံးနဲ့ အနွေးထွေးဆုံး " အသိုက်အမြုံ " လေး တစ်ခုပါ။
ဒါကြောင့် ဒီနေ့မှာ ထူးထူးခြားခြားလေးဖြစ်သွားအောင်...
ကိုယ့်ရဲ့ မိသားစုနဲ့ပတ်သက်ပြီး အမှတ်တရအရှိဆုံး ဒါမှမဟုတ် အချစ်ဆုံးသူတစ်ယောက်ကို Comment မှာ Mention ခေါ်ပြီး ချစ်စကားလေးတွေ ပြောသွားကြရအောင်လား? ❤️
ဥပမာ
" မေမေ ချက်ကျွေးတဲ့ ဟင်းလက်ရာကို အမြဲလွမ်းနေပါတယ် "
" ဖေဖေ ကူညီပေးလို့ ကျေးဇူးတင်ပါတယ် "
" အကိုကြီးရဲ့ အနစ်နာခံမှုကို ကျွန်တော်တို့ အမြဲတမ်းကျေးဇူးတင်မိနေပါတယ် "
မိသားစုဝင်တွေ အတူတူရှိနေချိန်ဟာ အကောင်းဆုံးအချိန်တွေဖြစ်လို့ မိမိလုပ်နေတဲ့ အလုပ်တွေကို ခဏမေ့ပြီး မိသားစုကို အချိန်ပေးစကားပြောဖြစ်အောင် ပြောလိုက်ပါဦးနော်။ ✨
"
09/05/2026
“စကားလုံးတွေထက် ပိုလေးနက်တဲ့ အမေ့ရဲ့ မေတ္တာ” ✨
အမေတိုင်းဟာ တစ်ခါတလေမှာ “ချစ်တယ်” လို့ တိုက်ရိုက်မပြောတတ်ကြပါဘူး။
ဒါပေမဲ့...
ညဘက် နောက်ကျမှ ပြန်လာရင် နွှေးပေးထားတဲ့ ဟင်းတစ်ခွက်မှာ...
မနက်ခင်းတိုင်း အဆင်သင့် ဖြစ်နေတတ်တဲ့ အဝတ်အစားတွေမှာ...
“နေကောင်းရဲ့လား” လို့ ခဏခဏ မေးတတ်တဲ့ ဖုန်း Call လေးတွေမှာ...
အမေ့ရဲ့ မေတ္တာတွေ အပြည့်အဝ ပါဝင်နေတတ်ပါတယ်။
*ဒီနှစ် International Mother’s Day မှာတော့ အမြဲတမ်း နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့ အမေ့ကို ပိုပြီး ထူးထူးခြားခြား ဂုဏ်ပြုလိုက်ကြရအောင်။*
( မတ်လ ၊ ၁၀ ရက်၊ ၂၀၂၆ ) မှာ ကျရောက်လာတဲ့ အမေများနေ့မှာ နွေးထွေးတဲ့ စကားတစ်ခွန်း ပြောဖို့ မမေ့ပါနဲ့။
💬 အမေ့ဆီက အကြားရဆုံး စကားက ဘာလဲ?
ကျွန်တော်တို့ အမေတွေမှာ ကိုယ်ပိုင် Signatures စကားလုံးလေးတွေ ရှိတတ်ကြပါတယ်။ ဥပမာ -
၁။ “ဘယ်ရောက်နေပြီလဲ၊ ပြန်မလာသေးဘူးလား” 🧼
၂။ “ဟင်းတွေ အများကြီး စားနော်” 🍲
၃။ “ညဘက် ဖုန်းသိပ်မကြည့်နဲ့တော့” 📱
သင့်အမေ အပြောအများဆုံး စကားလေးက ဘာဖြစ်မလဲ? Comment မှာ ရေးပေးခဲ့ပါဦး။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
16.837704, 96.176720
Thingangyun