Civil Guidelines Engineering Service Center
27/07/2023
မြေကြီးတူးခြင်း အတွက် " လုပ်အားခ ကုန်ကျစရိတ် " အား Yellow Book မှ တွက်ထုတ်ခြင်း။
Yellow Book ကို အသုံးပြုပြီး လုပ်ငန်းမှာအသုံးပြုဖို့ လိုအပ်တဲ့ ပစ္စည်းအရေအတွက်၊ လုပ်သားဉီးရေတို့ကို အလွယ်တကူတွက်ထုတ် ခန့်မှန်းလို့ ရပါတယ်။
မြေတူးခြင်းလုပ်ငန်းအတွက် Yellow Book ကြည့်ပြီး လုပ်သားဉီးရေတွက်ထုတ်တဲ့အခါ အခြေအနေ (၃)မျိုးရှိပါတယ်။
(က) သာမာန်မြေ
(ခ) မြေအလတ်တန်းစား
(ဂ) မြေမာ
စသည်ဖြင့် မိမိတို့ တူးလိုတဲ့ မြေအခြေအနေပေါ်မူတည်ပြီး သုံးရမယ့် လုပ်သား အရေအတွက် ကွာခြားသွားနိုင်ပါတယ်။
…………
Yellow Book အရ ___
(က) သာမာန်မြေအတွက် ( ၁၀၀ ကုဗပေ ) မှာ လုပ်သား ( ၁.၅ ဉီးရေ ) သုံးရပါမယ်။
ဆိုလိုသည်မှာ ၁ ကျင်း (၁၀’ x ၁၀’ x ၁’ = ၁၀၀ ကုဗပေ) တူးတိုင်းမှာ လုပ်သား ( ၁.၅ ဉီးရေ ) သုံးရပါမယ်လို့ဆိုလိုတာဖြစ်ပါတယ်။
ဥပမာဆိုပါစို့ -
( ၁၅ ပေ ပတ်လည် ၄ ပေ အမြင့် ကျင်းတစ်ကျင်းကို တူးမယ်ဆိုရင်_ )
= ၁၅’ x ၁၅’ x ၄’ = ၉၀၀ ကုဗပေ
၁၀၀ ကုဗပေ မှာ - ၁.၅ ဦးရေ
၉၀၀ ကုဗပေ မှာ - ?
= (၁.၅ x ၉၀၀) / ၁၀၀ = ၁၃.၅ ဦးရေ ရရှိမှာပဲ ဖြစ်ပါတယ်။
မိမိတို့ဒေသမှာ ရှိတဲ့ လုပ်သားရဲ့ တစ်နေ့တာလုပ်အားခဟာ တစ်ရက်ကို ၁၀၀၀၀ ကျပ်ဖြစ်ခဲ့မယ်ဆိုရင်
= ၁၃.၅ x ၁၀၀၀၀ = ၁၃၅၀၀၀ ကျပ် ကျသင့်သွားမှာပဲ ဖြစ်ပါတယ်။
အထက်ပါအတိုင်းပင် ___
(ခ) မြေအလတ်တန်းစားအတွက် ( ၁၀၀ ကုဗပေ ) မှာ လုပ်သား ( ၂ ဉီးရေ ) သုံးရပါမယ်။
(ဂ) မြေမာအတွက် ( ၁၀၀ ကုဗပေ ) မှာ လုပ်သား ( ၃ ဉီးရေ ) သုံးရပါမယ်။
( အထက်ပါ လုပ်သားဦးရေဖော်ပြချက်များမှာ (၅ပေအနက်)ဝန်းကျင်ခန့်ရှိ မြေများအားတူးပြီးနောက် ပေ ၁၀၀ အတွင်း တူးပြီးမြေများကို စုပုံခြင်း/ ဖြန့်ခြင်းများအတွက်ပါ ပါဝင်ပြီးဖြစ်ပါတယ်။ )
ကိုးကား။ ။အဆောက်အဉီလုပ်ငန်းအခြေခံစံနှုန်းများ (စာ-၁, ညွှန်-၁, ၃, ၄)
_ Engineering Solutions, CGET
_ Phone - 09974490238, 09 42290 8090
_ Viber - 09974490238
_ Email - [email protected]
Click here to claim your Sponsored Listing.
Contact the business
Address
06101
Opening Hours
| Monday | 07:00 - 05:00 |
| Tuesday | 07:00 - 05:00 |
| Wednesday | 07:00 - 05:00 |
| Thursday | 07:00 - 05:00 |
| Friday | 07:00 - 05:00 |
| Saturday | 07:00 - 05:00 |