HTEE LEAT POST
17/03/2022
လောကဓံတွေ ပူလွန်းလို့
ဆာလောင်ငတ်မွတ်လာတဲ့အခါ
ခပ်သောက်မိတဲ့အရာဟာ
မိုးခါးရေတော့ မဖြစ်ချင်ပါ
ရဲစွေးသော ပတ္တမြားမဟုတ်လို့
တရံတခါ နွံနစ်မိတဲ့အခါ
ရွှံ့တောလို လူ့အတ္တတွေထဲ
ကြာတစ်ပွင့်တော့ ပွင့်ခဲ့ပါ
ဘဝချင်း ဘယ်လိုမှ မနိုင်လို့
အရည်အချင်းချင်း မယှဉ်သာတဲ့အခါ
လျှာနဲ့ ခုတ်တဲ့ ဓားမတွေထဲ
သွေးစိမ်းပွက်ပွက် မထွက်လိုပါ
ကိုယ့်အိပ်မက်ကို အထွတ်တင်ချင်လို့
သူများဖြစ်တည်မှုကို နင်းတက်ရတဲ့အခါ
လိုသုံးသုံးပြီး လှည့်မကြည့်တတ်တဲ့
လူငြမ်း ဘဝတော့ မရောက်ချင်ပါ
-အေးရိပ်-
Want your business to be the top-listed Media Company in Taunggyi?
Click here to claim your Sponsored Listing.
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Taunggyi