Hein

Hein

Share

15/12/2022

Precare Wrist type blood Pressure Monitor
လက်ကောက်ဝတ်ပတ်သွေးပေါင်ချိန်တိုင်းစက်ဆိုတာ....

German Technology ကိုအသုံးပြုပြီး Canada တွင်ရောင်းချ၍နာမည်ရနေသော Pressure Monitor တစ်ခုဖြစ်ပါတယ်..

သင်ကျန်းမာရေးအတွက် အမြဲတမ်းဆောင်ထားသင့်သည့် အရည်အသွေးမြင့် Precare လက်ကောက်ဝတ်ပတ်သွေးပေါင်ချိန်တိုင်းစက် က ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူသည့်အပြင်

စက္ကို (၂) နှစ်အာမခံပေးထားခြင်း။

WHO ကသတ်မှတ်ထားသောသွေးပေါင်ချိန်အတိုင်းစက်မှဖတ်ပေးနိုင်ခြင်း။

နောက်ဆုံးတိုင်းထားသောအဖြေ (၃)ခု၏Averageကိုပြပေးခြင်း။

လူနှစ်ဦးခွဲခြားတိုင်းတာလို့ရ၍တစ်ယောက်ချင်းစီတိုင်းထားသောအဖြေများအားခွဲ၍မှတ်ထားပေးခြင်း။

အကြိမ်ရေ (၆၀) အထိအဖြေမှတ်ထားပေးနိုင်ခြင်း။

သွေးပေါင်ချိန်တိုင်းထားသောအဖြေ၏အနည်း၊အများ Level ကိုစက်မှပြသပေးနိုင်ခြင်း။

ESH (Europen Society of Hypertension) မှအသိအမှတ်ပြုလက်မှတ်ရရှိထားသောစက်ဖြစ်ပါတယ်ခင်


#သွေးပေါင်ချိန်
#သွေးတိုးသမားများအတွက်

12/12/2022

ဆီးချိုရောဂါဟာ နှလုံးသွေးကြောရောဂါတစ်မျိုးလို့တောင် အခုနောက်ပိုင်းခေါ်လာကြပါပြီ။

အင်ဆူလင် (သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ဟော်မုန်း မမှန်တာကြောင့် ဖြစ်တဲ့အတွက် ဆီးချိုရှိပြီဆိုတာနဲ့ ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ သွေးကြောတွေဟာ ဆီးချိုဒဏ်ကိုခံရပြီး သွေးကြောဆိုင်ရာရောဂါတွေလည်း တစ်ဆက်တည်းဖြစ်လာတတ်ပါတယ်။

အရင်က အသက် ၄၀ နောက်ပိုင်းလောက်မှ ဆီးချိုရောဂါ အျဖစ္မ်ားတာ ဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ အသက် ၃၀ ဝန်းကျင် သက်လတ်ပိုင်းတွေမှာပါ ဆီးချိုအဖြစ်များလာတာကို တွေ့လာရပါတယ်။ လူလတ်ပိုင်းတွေထဲမှာမှ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေဟာ အခြားသော ဆီးချိုရောဂါ မခံစားရသူတွေထက် ရုတ်တရက် နှလုံးရပ်နိုင်ခြေ ပိုများနေပါတယ်လို့လည်း သိရပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးကြောပိတ်ပြီး ညှစ်အားကျရောဂါ၊ နှလုံး ကြွက်သား လှုပ်ရှားမှုအားနည်းပြီး ညှစ်အားကျရောဂါ အမ်ားစုတို့ဟာ စစ်ဆေးကြည့်လိုက်တိုင်းမှာ ဆီးချိုရောဂါအခံရှိတတ်ပါတယ်။ ဆီးချိုရောဂါဆိုတာ သီးသန့်တည်ရှိနေတာမဟုတ်သလို နှလုံးရောဂါဟာလည်း သီးသန့်တည်ရှိနေတာမဟုတ်ပါ။ နှစ်မျိုးလုံးဟာ တစ်ခုတည်းလို တွဲဖက်နေတာကြောင့် ဆီးချိုသည်နှလုံးသွေးကြောရောဂါလို့ ခေါ်ကြတာပါ။

ဒါကြောင့် ဆီးချိုရောဂါရှိသူတွေက ဆီးချိုတစ်မျိုးတည်း ကုသထားရုံနဲ့ မလုံလောက်ပါဘူး။ မိမိရဲ့ နှလုံးကျန်းမာရေး၊ နှလုံးသွေးကြောအခြေနေတွေကို စစ်ဆေးထားဖို့လဲ အရေးကြီးပါတယ်။ ဒါမွ မိမိအသက္ကို အချိန်မှီကယ်တင်နိုင်မှာဖြစ်ပါတယ်။

ဆီးချိုရောဂါ ခံစားနေရပြီဆိုရင် နှလုံးရောဂါကို ခံစားရတာတင် မဟုတ်ပါဘူး။ သွေးတိုး ရောဂါ၊ သွေးတွင်းကိုလက်စထရော များတာတွေကိုပါ ခံစားရပါတယ်။ ဆေးလိပ်ပါသောက်မယ်ဆိုရင်တော့ ဆီးချိုရှိသူတွေမှာ နှလုံးရောဂါ ခံစားရနိုင်ခြေက ပိုများနိုင်ပါတယ်။

ဆီးချိုရှိသူတွေမှာ နှလုံးရောဂါဖြစ်ရတာက သွေးတွင်းသကြားဓာတ် မြင့်တက်တဲ့အခါ နှလုံး နဲ့ နှလုံးသွေးကြောတွေကို ထိန်းချုပ်ထားတဲ့ သွေးကြောတွေနဲ့ အာရုံကြောတွေကို ပျက်စီးစေနိုင်လို့ပါ။ ဒီလို ပျက်စီးမှုတွေက အချိန်ကြာလာတဲ့အခါ နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။

ဆီးချိုရောဂါ အကြိုလက္ခဏာနဲ့ အမျိုးအစား -၂ ဆီးချို ခံစားနေရသူ လူငယ်တွေကတော့ အျခား ဆီးချိုမရှိတဲ့သူတွေထက် နှလုံးရောဂါ ခံစားရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေက ၂ ဆလောက် ပိုများနေပါတယ်။

ဒါပေမယ့် သတင်းကောင်းတစ်ခုက သွေးချိုကို သေချာထိန်းမယ်။ အရက်နဲ့ ဆေးလိပ်ဖြတ်မယ်ဆိုရင်တော့ ဆီးချိုကြောင့် နှလုံးရောဂါ၊ ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာတွေ ခံစားရနိုင်ခြေ နည်းပါတယ်။




#ဆီးချိုသွေးချို
#နှလုံးသွေးကြောကျဉ်းရောဂ

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address

Bogyoke Main Street
Taunggyi