Shwe Htet
20/05/2026
ကြုံဆုံခဲ့ရသော အမှတ်တရများ (၁) ။
=======================
၂၀၁၅ လောက်တုန်းက Kitchen တစ်ခုမှာ လုပ်နေချိန်၊ လုပ်သက်နုသေးတဲ့ ချာတိတ်တစ်ယောက်နဲ့ Facebook မှာ Friend ဖြစ်ကြရော။ သူက Friend request ပို့လာတာပါ။ "ဘယ်ဟင်းပွဲလေးက ဘယ်လိုချက်တာလဲ ဆရာ" ဆိုပြီး မေးတာနဲ့ ကိုယ်လည်း သိသလောက် စိတ်ရှည်လက်ရှည် ပြောပြပေးပါတယ်။
သူကလည်း "ကျေးဇူးတင်ပါတယ် ဆရာ"၊ ကိုယ်ကလည်း "အေးဆေးပါ" ပေါ့။ သိကျွမ်းလာတာ နှစ်နှစ်လောက်ရှိတဲ့အထိ ရံဖန်ရံခါ လာမေးတုန်း၊ ကိုယ်လည်း သိသမျှ ရှင်းပြပေးနေတုန်းပါပဲ။
ဒီလိုနဲ့ လေးငါးနှစ်လောက် ကြာတော့... "အစ်ကို ဒီဟင်းပွဲက ဘယ်လိုချက်တာလဲ" တဲ့။ "ဒါက ဒီလိုချက်တာ ညီရေ" လို့ ပြန်ပြောပြီး သူသိချင်တာ မေးမြန်းလို့ပြီးတော့ "ကျွန်တော်လည်း သိတယ်အစ်ကို၊ မေ့နေလို့ မေးကြည့်တာပါ" တဲ့။ "သြော်... အေးပါ ညီရေ၊ ကိုယ်တို့လည်း တစ်ခါတလေ ဒီလိုပဲ မေ့တတ်ပါတယ်" ပေါ့ ... အဲ့ဒီတစ်ခေါက်က "ကျေးဇူးတင်ပါတယ်" တောင် ပြောမသွားဘူး။
ဒီကြားထဲ Facebook Friend ဖြုတ်သွားလိုက်၊ ပြန် Add လာလိုက်က နှစ်ခါသုံးခါမက။ နောက်ဆုံးတော့ ဘာဖြစ်တယ်မသိဘူး၊ တစ်ခါတည်း Block သွားပါလေရော။
မနှစ်ကတော့ Viber ကနေ လာ "Hi" တယ်။ "အစ်ကို ဘာလုပ်နေလဲ" တဲ့။ ဒီတစ်ခါတော့ စကားပြန်ပြောရမှာ ပျင်းသွားတာနဲ့ Notification bar လေး ဆွဲကြည့်ပြီး Hide Chat လုပ်လိုက်တယ်။ အသက်လေး ရလာတော့ ခေါင်းစားမခံနိုင်တော့ဘူးလေ 😀။
20.5.2026
24/04/2026
Dim Sum (Har Gow)
17/04/2026
16/04/2026
"Spaghetti Bolognese
16/04/2026
ပြောခြင်တာက ပညာနဲ့သမ္ဘာကွာတယ် လို့ပေါ့နော့် 😀
Click here to claim your Sponsored Listing.
Category
Address
06271