Point-SKM
08/10/2020
ဝက်ခြံတွေ အဆက်မပျက်ပေါက်နေတဲ့ချိန်မှာ
💞" ဒါတွေရှောင်ပါ" " ဒါတွေဆောင်ပါ" 💞
🔮ရှောင်ရန်
❌အပူ/အစပ် အလွန်ကျွံစားခြင်း
❌နို့ထွက်အစားအစာ စားခြင်း
❌သနပ်ခါး အမြဲလိမ်းခြင်း
❌အာမခံချက်မရှိသော skin care များသုံးခြင်း
❌လက်သည်းများနဲ့ ကုတ်ဖဲ့ခြင်း
❌make up မဖျက်ပဲ အိပ်ခြင်း
❌မျက်နှာသုတ်ပဝါကို အချိန်ကြာ မသန့်စင်ခြင်း
🔮ဆောင်ရန်
✅တစ်နေ့ ရေ ၂လီတာ သောက်ခြင်း
✅မျက်နှာကို တစ်နေ့ ၂ကြိမ်ပုံမှန်သစ်ခြင်း
✅ခေါင်းအုံးစွတ်ကို ၁ပတ်တစ်ခါ/၂ပတ် တစ်ခါ လဲပေးခြင်း
✅Skin care ပုံမှန်လုပ်ခြင်း
✅အိပ်ချိန်ပုံမှန်နှင့် ဝဝအိပ်စက်ခြင်း
✅လက်သည်းများကို သန့်စင်အောင်ထားခြင်း
✅၂ပတ်(သို့)၁လ တစ်ခေါက် ဝမ်းပုံမှန်နုတ်ပေးခြင်း
✅မျက်နှာမသစ်ခင်လက် အရင်ဆေးပေးရခြင်းနှင့် ရေချိုးတဲ့ချိန် ခေါင်းလျှော်ပြီးမှမျက်နှာသစ်ခြင်း
✅တစ်နေ့ကို အနည်းဆုံး မိနစ်၂၀ လောက် လေ့ကျင့်ခန်းလုပ်ခြင်း
ဒါက မင်မင်ဟိုးအရင်က မျက်နှာမှာအပ်ချစရာ မရှိအောင် ဝက်ခြံတွေ ပေါက်ခဲ့တဲ့အချိန်က ကိုယ်တိုင်လုပ်ခဲ့တဲ့နည်းလမ်းတွေပါ🖤
အားလုံးပဲ အဆင်ပြေရင် လိုက်လုပ်ကြည့်ပါနော်
"အားလုံးပဲကျန်းမာပျော်ရွှင်ပြီး တစ်နေ့ထက်တစ်နေ့ပိုပိုလှနိုင်ကြပါစေရှင့်"💞
Click here to claim your Sponsored Listing.