Hommy

Hommy

Share

Photos from Hommy's post 06/07/2024

English below!

🥰 Bubble ချစ်သူများ မင်္ဂလာပါ 🥰

ကျနော်တို့ရဲ့ Bon Appétit Food & Drinks ဆိုင်ကို
ယနေ့ ၆.၇.၂၀၂၄ (စနေနေ့) မှာ စတင်ဖွင့်လိုက်လိုက်ပြီ
ဖြစ်ပါတယ်။
အစားအသောက်တွေ ဝန်ဆောင်မှုပေးတဲ့အခါ
ကျနော်တို့ထားရှိတဲ့ စံနှုန်းတွေကတော့ -
၁၊ သန့်ရှင်းရမယ်။
၂၊ ကျန်းမာရေးနဲ့ညီညွှတ်ရမယ်၊
၃၊ အရသာပြည့်စုံရမယ်၊
၄၊ စျေးနှုန်းချိုသာရမယ် ဆိုတာတွေပဲဖြစ်ပါတယ်။

Bon Appétit Food & Drinks ဆိုင်က
လတ်တလောရရှိနိုင်တဲ့ Menu လေးနဲ့
ယ​​နေ့ ပုံရိပ်​လေးအချို့ကို ..မျှ​​ဝေပါရ​စေ​နော်🥰

နောက်ပိုင်း Menu တွေကို တိုးချဲသွားပြီး
update ​​တွေကို Pageမှာ ​ဖော်ပြ​ပေးသွားပါ့မယ်။

တာမွေ မေတ္တာညွှန့် ရပ်ကွက်အတွင်း ကို
bubble tea 3ခွက်နဲ့အထက်ကို Deli -free ပို့ပေးပါတယ်။

💢သီးသန့်​အော်ဒါများလည်း လက်ခံပါတယ်ဗျ😍

​အော်ဒါများ မှာယူလိုပါက အောက်ပါ
လိပ်စာနဲ့ ဖုန်းနံပါတ်များကိုဆက်သွယ်နိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်🙏

လိပ်စာ
အမှတ် 1297(B)
ဇာတိဂုဏ်လမ်း၊​မေတ္တာညွှန့်ရပ်ကွက်၊
တာ​မွေမြို့နယ်၊ရန်ကုန်။

Ph-09447049700
09679479420

====================================

Dear boba lovers,

We have already unlocked the gate to our refreshment stall ’Bob Appetite Food & Drinks’ on 6.7.2024 (Saturday). The standards that we have set in providing our service are as follows;
I. Cleanliness,
II. Hygienic,
III. Delish,
IV. Affordable.

Please allow us to present the menu of our ‘Bon Appétit Food & Drinks’ and share today’s updates.

We will keep you posted on updated items added to our menu later on.
We are happy to provide free delivery service for any purchase order of 3 + cups of boba within Mittanyunt Ward, Tarmwe Township.

Please kindly reach out to the numbers below if you want to make an order …

Customized orders are welcome!

Thank you very much!

Location:
Renaissance Multilingual Campus
1297 (B) Zardigone Street, Mittanyunt Ward, Tarmwe Tsp, Yangon

Ph-09447049700
09679479420

Photos from Hommy's post 20/05/2023

*အေနိန့် ညဇာဖက် ၆နာရီထိ ၀ယ်လို့ ရပါယာ..
*ကိုယ်တိုင်လာဖို့ အခက်ခဲရှိ​ရေ လူကြီးမင်းတိကို Delivery
ပို့ပီးနီပါ​ရေ။ ​
*ကျောင်းတက်လမ်း အနီးတ၀ိုက်ကို​တော့ admin ရို့
free deli ပို့ပီးပါ​ရေ။
*Coffee & Tea က အရင် post က​စျေးအတိုင်းပါ။
*စပျစ်သီး​ခြောက်က ၁၀၀၀ နန့် ​ရောင်းပီးထားပါ​ရေ။
*၅ဘူးနန့် အထက် ​စျေး​လျှော့ပီးပါ​​ရေ။
*​နေ့လည် ၁နာရီမှ ည​နေ၆နာရီ ထိ ၃ရက်ရာ ​ရောင်းဖို့ပါ🙏
*​ဆေးဝါး၀ယ်ယူဖို့ ကျပ်တည်းခက်ခဲ​နေသူများ အတွက် Adminမှာ ရှိ​ရေ ​ဆေးဝါးတချို့ကို လှူပါဖို့🙏

*Ph- 09447049700
*အမှတ် ၁၅၅၊မင်းဘာကြီးလမ်း၊​
ကျောင်းတက်လမ်းရပ်ကွက်၊
ဇီ၀ကအထူးကု​ဆေးရုံ​ရှေ့တည့်တည့်၊
Renaissance Eng စကား​ပြောသင်တန်း​ကျောင်း၊
CoCo Bubble Tea ဆိုင်​နေရာမှာပါ။

​နောက်ဆုံးပုံ​က​တော့..Admin ကျန်းမာ အဆင်​ပြေ ​​
ဘေးကင်းပါ​ကြောင်း....🥰🥰🥰

Photos from Hommy's post 19/05/2023

ကော်ဖီ လက်ဖက်ရည်ဘူးတိ လာရှာကတ်လို့ပါ..

နက်ဖန် ​နေ့ခင်း ၁နာရီမှ ၆နာရီ ထိ ဇီဝကအထူးကု​
ဆေးခန်း​ရှေ့က COCO bubble tea ဆိုင်​နေရာမှာ ဘူးတိကို
ထုတ်ပနာ တင်​ရောင်းပီးဖို့ ဖြစ်လို့ လာ၀ယ်လို့ရပါ​ရေ🙏

Admin ရို့ ဆိုင်​နေရာလုပ်ထား​ရေ​နေရာက​တော့..
မိုခါနန့် အားလုံးပျက်စီးလား​ကေ​လေ့... ​​ဆေးရုံ​
ဆေးခန်းသုံးဆေးဝါးတိ၊ ရုပ်​သေးလက်ဖက်ရည်ဘူးတိနန့်
Genius ​ကော်ဖီ ထုတ်တိက​တော့ ​နေရာ​ပြောင်း​ရွေ့ပနာ ​သေချာသိမ်းဆည်းထားလို့ တခု​လေ့ ​ရေမစို မပျက်စီးလို့
​စိတ်ချစွာနန့်၀ယ်ယူနိုင်ပါ​ရေ။ Exp date က​တော့ ၁နှစ်ပါ။

❤️၅ မျိုးနန့်အထက်၀ယ်​ကေ ​​​​စျေး​လျှော့ပီးပါဖို့❤️

ဆေးဝါးတိအလိုရှိ​ကေ​တော့ messanger ကနီ price list ​တောင်းလို့ရပိုင် ​admin နန့် တိုင်ပင်လို့​လေ့ရပါ​ရေ။
Exp date တိကတော့ 2023 ကနီ 2025/26/ အထိ အစုံရှိပါရေ။

​​❤️ဆေးဝါး၀ယ်ဖို့ က​ကောင်းခက်ခဲ​နီရေ သူတိ​​လေ့ လာ​ရောက် အလှုခံနိုင်ပါ​ရေ။ exp date 2023 ​ဆေးဝါးတိ အားလုံးကို လှူပီးပါဖို့။ ❤️

နက်ဖန် ​​20.5.23 က​နေ 23.5.23 ၃ရက်တိတိ
(1:00pm -6:00pm)အထိရာ ​ရောင်းပီးဖို့ဖြစ်လို့ Stock ယူထားလိုက်ချင်သူများ လာ၀ယ်ထားလိုက်ပါနန်း။
ပြီး​ကေ admin ရို့ဆိုင်ကို ရက်အကန့်အသတ်မရှိ ပိတ်ပါဖို့
အ​ကြောင်း ​လေးစာစွာဖြင့် အသိပီးအ​ကြောင်းကြားအပ်ပါ​ရေ။

​ဆေး​ကော products တိ​ကော ​​စျေး(လုံး၀)တင်မ​ရောင်းပါ။
အရင် page မှာ တင်ထား​ရေ ​ရောင်းနီကျ စျီးအတိုင်းပါ။

ထိခိုက်ရသမျှစိတ် ရုပ် ဘ၀အားလုံးကို restart ချပြီးခါ..
ချစ်ရ​ရေ customer တိနန့် Adminရို့ ပြန်ဆုံတွိကတ်ပါမယ်နန်း🙏

ပုံက​တော့ admin ဘားမှာ ​မပျက်မစီးလုံခြုံနီ​ရေ ပစ္စည်း​​ချေတိပါ။

အားလုံးအဆင်​ပြေကတ်ပါစီလို့ ရင်ထဲကနီပနာ ဆု​တောင်း​​မေတ္တာပို့သပီးပါ​ရေ 🙏🙏🙏

Photos from Hommy's post 08/05/2023

🫖​​ကော်ဖီ နန့် လက်ဖက်ရည်ကို သဘာ၀စစ်စစ်
ထုတ်ကုန်အရသာနန့်ရာ ​သောက်တတ်​တေချစ်သူတိအတွက်..
☕️Genius Coffee ထုတ်တိနန့်
🍵Yoke The' Authentic Pure Milk .ရုပ်​သေး လက်ဖက်ရည်ဘူးတိ stock အသစ်ပြန်၀င်ပါယာ။

👯‍♀️ဆိုင်ကိုလာ​ရောက် ကြည့်ရှူ၀ယ်ယူလိုသူများ..
မင်းဘာကြီးလမ်း၊​ကျောင်းတက်လမ်းရပ်ကွက်၊
#ဇီဝကအထူးကုဆေးခန်း​ရှေ့တည့်တည့်က..
engစကား​ပြော သင်တန်းခန်းမ​
နေရာမှာ လာ​ရောက်၀ယ်ယူနိုင်ပါ​ရေ။

📡Online က​နေ မှာယူ အားပီးလို​သူများအတွက်🚴‍♂️Delivery service ကို အပ်ပီးပါ​ရေ။

ကျောင်းတက်လမ်းရပ်ကွက် အနီးတ၀ိုက်ကို​တော့
admin ရို့ free deli ပို့ပီးပါဖို့နန်း🥰

အမြန်​ရေယာဥ်၊ ဘုတ် ၊ ကား ​​ရောက်​တေ
ရခိုင်ပြည် ဇာ​နေရာမဆို delivery ပို့ပီးပါ​ရေ။

​အောက်က အပြာ​ရောင် Link ကို ၀င်ကြည့်ပီးကတ်ပါနန်း🙏

ပုံတိ​အောက်မှာ ထုတ်ကုန်အမျိုးစားနန့် ​​စျီးနှုန်းတိထည့်ပီးထားပါ​ရေ။

ဓါတု​ဆေးဝါးများကင်းစင်​ရေ သဘာ၀ထုတ်ကုန်တိနန့် ​
​အော်ဂဲနစ်လက်မှတ်ရထုတ်ကုန်တိကို ​ရွေးချယ်သုံးစွဲရင်း..
အားလုံးသက်ရှည်ကျန်းမာကတ်ပါစီလို့.....💚💚

🏘Adress
Renaissance Multilingual Institute,
155, Minbergyi Road, Kyaungdetlan Ward,
Sittwe,Rakhine State.
Ph-09447049700

https://m.facebook.com/story.php?story_fbid=248501917554476&id=100071840093069&mibextid=Nif5oz

Photos from Hommy's post 22/03/2023

Hello.. Dear All ❣️
Admin Personal ကိစ္စတချို့​ကြောင့်
ချစ်ခင်​လေးစားရ​ရေ customer တိနန့် ဝီးနီ​စော်
ကြာပါယာ​ထော..🙂🙂

🍓​အေနိန့် စ​တော်ဘယ်ရီချို​မွှေးအသီးတိ အသစ်၀င်လို့
နက်ဖန် Nutra Green မှာ .စ​တော်ဘယ်ရီ ဘူး၂၀ရပါဖို့။

အလိုရှိ​ရေ စ​တော်ဘယ်ရီ ချစ်သူများ Admin ရို့
ဆိုင်ယာယီ​နေရာဖြစ်​တေ မင်းဘာကြီးလမ်း၊ ​
ကျောင်းတက်လမ်းရပ်ကွက် ၊ဇီဝက အထူးကု​
ဆေးခန်း​ရှေ့တည့်တည့် ဆိုင်နန့်
စကား​ပြောသင်တန်းခန်းမ​နေရာမှာ ကိုယ်တိုင်လာရောက်​ ရွေးချယ်၀ယ်ယူလို့ရပိုင်.. Online ထက်ကလည်း မှာယူနိုင်ပါ​ရေ။.Comment ,messanger ,viber တိက
တဆင့်လည်း Preorder လုပ်ပီးထားနိုင်ပါ​ရေ။

☕️Coffee ဆို​ကေ Genius မှ ဆို​ရေ ​ကော်ဖီချစ်သူတိအတွက်လည်း မကြာခင် stock ပြန်၀င်ဖို့ပါယာ ဆို​ရေ
အ​ကြောင်း သတင်း​ကောင်းပါးအပ်ပါ​ရေ ❣️

🌿ဆန်းသစ်​ ခေတ်မီရိုးရှင်း​ရေ ဒီဇိုင်းအသစ်​ချေတိနန့် Indoor plants ​ချေတိ ​မျှော်နီ​ရေ အပင်ချစ်သူတိအတွက်လည်း Nutra Green ကပြင်ဆင်နီပါယာဆို​ရေ အ​ကြောင်း သတင်း​ကောင်းပါးအပ်ပါ​ရေ 🌿

ပုံက​တော့ - ​အေနိန့်အသစ်၀င်​ရေ 🍓အသီးတိကို
Go Green Myanmar မှ Adminဘားကို ကြိုပို့ထား​စော်​ updateပုံ​​ချေတိပါ။

🍓Strawberry 1pkt -4000ks

Ph -09447049700
====================================
Dear all,

I have been a bit out of touch with my beloved customers for a while due to some personal matters.

As new sweet strawberries packages are in stock today and 20 pkts will be available at Nutra Green tomorrow.

Please be advised that strawberry lovers to shop or order at our pro tem location‘ , and ‘ ’ near ‘Ziwaka Private Hospital’. Preorders could be made via Messenger and Viber.

Please be informed that ‘Genius Coffee’ will be in stock soon for the ones who just love ‘Genius Coffee’.

And again we would like to proudly announce that Nutra Greens have been preparing to display beautiful ornamental indoor plants soon for those who are attracted to those plants.

Fig: taken by GoGreen Myanmar on the items in stock today.

Ph -09447049700

28/02/2023

Admin ရို့ ​အေရက်ပိုင်း ဆိုင်အ​ပြောင်း​​ရွေ့တိနန့်
စ​ကေရှုပ်နီလို့ Customer တိနန့် ​​ဝေးနီ​​​စော်ကြာပါယာ😀

ဆိုင်ပိတ်​​​စော်လား Admin ❓️ ဆိုပနာ စိတ်ပူပနာ စုံစမ်း
မီးမြန်းကတ်​တေ "ချမ်း​မြေ့ "ကိုချစ်သူများသို့...

💥Admin ရို့ Chan Myae Medicare & Organic
Store ကို ​နှစ်ပိုင်းခွဲRun ဖို့ အစီစဥ်ရှိပါ​ရေ.❗️

(1) (ချမ်း​မြေ့​ဆေးဆိုင်)

(2)
(GAP,Chemical Free,Organic ၃ပိုင်းပါပါဖို့)
ဆိုပနာခွဲပါမယ်။

💊ချမ်း​မြေ့​ဆေးဆိုင်ပိုင်းကို​တော့ Admin ရို့အ​ကြောင်း
ကိစ္စတချို့​ကြောင့် ​​​လော​လောဆယ် #ခေတ္တရပ်ဆိုင်းထားပါဖို့​ဆေးဝါးကိစ္စတိ သိလို​သမျှကို​​တော့ messanger မှာ
အချိန်မ​ရွေး ဆက်လက် မီးမြန်းစုံစမ်းနိုင်ပါ​ရေ။

🥗 ကို​တော့ ဆိုင်​နေရာနန့်
ဖွင့်ဖို့ရက်ကို Page ကနီပနာ အ​သေးစိတ် ပြန်တင်ပီးပါမယ်။

🏡​လော​လောဆယ်​​တော့ Admin ရို့ ယာယီ ​
နေရာ ဖြစ်​တေမင်းဘာကြီးလမ်း၊ ​ကျောင်းတက်လမ်းရပ်ကွက်၊ "ဇီဝက"အထူးကု ​​ဆေးရုံ​ရှေ့တည့်တည့်က Eng စကား​ပြောသင်တန်းခန်းမ​နေရာနန့်
ိကနီပနာ ချစ်ခင်လေးစားရ​ရေ Customerတိနန့် အမြန်ဆုံး ပြန်လည်ဆုံတွိနိုင်ဖို့
ကြိုးစားနီပါ​ရေ ..🙏

*မိတ်​ဟောင်းမိတ်သစ်များ အားလုံးကို ​ကျေးဇူးတင်ပါ​ရေ🙏

Ph-09447049700
====================================

Our Chan Myae has been out of touch with our customers for a while as we have been preparing for relocation of the shop.

To those beloved customers who anxiously inquired ‘Is the shop closed? …

We have plans to run ‘Chan Myae Medicare & Organic Store in two ways -
1. Chan Myae Pharmacy
2. Nutra Green - Health Food Store(GAP, Chemical-Free, Organic)

Chan Myae Pharmacy Component will be suspended due to some circumstances, we , however, are happy to answer all the queries raised in viber and messenger on queries related to pharmaceutical at any time.

Regarding Veg-fruit, we will update on new schedule and location soon.

At the moment, we have been striving our best to provide online service to our customers by being temporarily based at Renaissance Venue, in from of Ziwaka Private Hospital on Minbergyi road, Kyaungdetlan Ward.

Thank you all our old and new customers!

20/02/2023

Admin ရို့ ​အေလ၂၁ရက်​နေ့ကဘင်စလို့ ဆိုင်​နေရာ
ပြောင်း​ရွေ့ပြင်ဆင်မှုတိကြောင့်. ​ခေတ္တ.ရပ်နား
ထား​ကေ​လေ့ Customer demand တချို့​ကြောင့် ..
နက်ဖန်🍓 စတော်ဘယ်ရီ ဘူး (၃၀)၀င်ဖို့ရှိပါ​ရေ ။
အလိုရှိ​​ရေလူကြီးမင်းများ ...မှာယူလို့ရပါ​ရေ 🍓

Ph-09447049700
====================================
Although CM services have been temporarily suspended as of 21 February, about 30 pkts of strawberry will be in stock as customers’ demand. So preorders are welcome!

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Culinary Team

Attire

Telephone

Website

Address


Yangon