Chin Student Union - Sittwe

Chin Student Union - Sittwe

Share

08/05/2021

“အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီမှ ဖွင့်လှစ်သော စစ်ကျွန်ပညာရေးစနစ်နဲ့ စပ်လျဉ်း၍ Chin Student Union -Sittwe ၏သဘောထား ထုတ်ပြန်ချက်”

ရက်စွဲ။ ။ ၈/၅/၂၀၂၁
စာအမှတ်။ ။ ၀၀၂/ခကသ/စတ/ကြေညာ(၂၀၂၁)
၁။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ(၁)ရက်နေ့တွင် နိုင်ငံတော်အာဏာအား မတရားသော နည်းလမ်းဖြင့် သိမ်းယူထားသော အာဏာသိမ်းစစ်ကောင်စီ နဲ့ စပ်လျဉ်း၍ ချင်းကျောင်းသားထုအနေဖြင့် ဆန္ဒပြ ပြည်သူလူထုနဲ့အတူ မည်သည့်အာဏာရှင်မဆို ဆန်းကျင်တော်လှန်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ (၅)ရက်နေ့ ရက်‌စွဲ့ဖြင့် ထုတ်‌ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

၂။ လူသတ်အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ၂၀၂၁ခုနှစ်၊ မေလ(၅)ရက် နေ့တွင် တက္ကသိုလ်၊ကောလိပ်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်ကြေညာပြီး လက်ရှိတွင် စတင်ဖွင့်လှစ်နေသည်ကို တွေ့ရှိရပါသည်။
၃။ လူသတ်အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီမှ ဖွင့်လှစ်မည့် စစ်ကျွန်ပညာရေးစနစ်အား ချင်းကျောင်းသားသမဂ္ဂ(စစ်တွေ)အနေဖြင့် အသိအမှတ်ပြုမည်မဟုတ်ကြောင်း၊ ချင်းကျောင်းသား/သူများအနေဖြင့် လူသတ်အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီမှ ဖွင့်လှစ်သော စစ်ကျွန်ပညာရေးအား ဆန်းကျင်သပိတ်မှောက်ခြင်းဖြင့် မြန်မာနိုင်ငံတစ်၀န်းလုံးရှိ ညီနောင်ကျောင်းသား/သူများနဲ့ အတူ Civil Disobedience Movementတွင် ဆက်လက်၍ လက်တွဲရပ်တည်သွားကြရန် တိုက်တွန်းနိုးဆော်လိုက်သည်။

၄။ ချင်းကျောင်းသား/သူများအနေဖြင့် လူသတ်အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီမှ ဖွင့်လှစ်သော စစ်ကျွန်ပညာရေးအား ပူးပေါင်း အားပေး တတ်ရောက်သည့် မည်သည့် ကျောင်းသား/သူများ မဆို ချင်းကျောင်းသားသမဂ္ဂ(စစ်တွေ)အနေဖြင့် ပြင်းထန်စွာ ရှုပ်ချသွားမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်။

ချင်းကျောင်းသားသမဂ္ဂ(စစ်တွေ)

Photos from Chin Students' Union of Myanmar's post 21/02/2021
Photos from Chin Student Union - Sittwe's post 24/03/2020

လက်နက်ကြီး ထိမှန်မှုကြောင့် စစ်တွေပြည့်သူ့ဆေးရုံသို့ ရောက်ရှိလာသော ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ချဲတောင်ရွာမှ
ထိခိုက်ဒဏ်ရာ ရရှိသူ လူနာ နှစ်ဦးအား
ချင်းကျောင်းသားသမဂ္ဂ(စစ်တွေ)မှ အလှူ‌ငွေ
(၂၀၀၀၀၀-နှစ်သိန်း ကျပ်တိတိ )သွားရောက်ပေးအပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
ချင်းကျောင်းသားသမဂ္ဂ(စစ်တွေ)

Want your school to be the top-listed School/college in Sittwe?
Click here to claim your Sponsored Listing.

Telephone

Website

Address

Sittwe